Channel Myanmar

Elina Joerg

Tabu: Mengusik Gerbang Iblis (2019) 5.5
Tabu: Mengusik Gerbang Iblis (2019) Tabu: Mengusik Gerbang Iblis (2019)အခုနောက်ပိုင်းမှာ အင်ဒိုသရဲကားလေးတွေက အတော်လေးလက်စွမ်းပြလာကြတာဆိုတော့ ဒီနေ့မှာလည်း IMDb 5.5ရထားတဲ့ Indo horrorလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရဲကား မိနစ် 90 စာ ကြည့်ရင် 113 ကယ်လိုရီကျစေနိုင်တယ်ဆိုတော့ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းမလုပ်ဘဲ သရဲကားအဝကြည့်ပါလို့ အကြံပြုရင်း...ဇာတ်လမ်းအစမှာတော့ သရဲကားထုံးစံအတိုင်းပဲ အရာရာကို စူးစမ်းစမ်းသပ်ချင်တဲ့ သူငယ်ချင်းတစ်စုဟာ ပိတ်ရက်တိုင်းမှာ သရဲခြောက်တဲ့နေရာတွေကိုသွားပြီး စပ်စုစိန်လုပ်လေ့ရှိတယ်။ ဒီတစ်ခါမှာတော့ ပုံမှန်နေရာတွေထက်ပိုကြမ်းတဲ့ လျူဝန်ဟီဂျိုဆိုတဲ့နေရာကို ရွေးပြီးတော့ ထုံးစံအတိုင်းပဲ ကားတစ်စီးနဲ့ ထွက်လာကြတာပေါ့။တောနက်ထဲအရောက်မှာ သူငယ်ချင်းတစ်စု အိမ်သာသွားရင်းနဲ့ သူတို့အဖွဲ့ထဲက ဒီယက်ဇ်တစ်ယောက် ရုတ်တရက်ပျောက်သွားပြီးတော့ တောထဲက ဘယ်ကမှန်းမသိတဲ့ စကားမပြောတတ်တဲ့ကလေးတစ်ယောက်ကို ကူရှာခိုင်းဖို့ ဖြစ်လာပါတော့တယ်။ ဒီယက်ဇ်ကိုတွေ့တဲ့အချိန်မှာ သရဲပူးပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေပေမဲ့ ဒီကလေးကိုမြင်တော့ ထူးထူးဆန်းဆန်း ငြိမ်ကျသွားတာကြောင့် သရဲခြောက်တဲ့တောထဲကနေ ဘယ်ကမှန်းမသိတဲ့ကလေးကိုပါခေါ်ခဲ့ဖို့ မိုက်ရူးရဲစွာနဲ့ ဆုံးဖြတ်လိုက်တဲ့အခါ...တောထဲကနေထွက်လာပြီး ကိစ္စပြတ်ပြီလို့ထင်နေပေမဲ့ သူတို့ထင်သလောက်မရိုးရှင်းနေတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ။ တောထဲကနေခေါ်လာတဲ့ကလေးကရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ အားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ...
movie

Tabu: Mengusik Gerbang Iblis (2019)

2019
Spirit Doll(2023) 5.7
Spirit Doll(2023) Spirit Doll (2023)CM ပရိသတ်ကြီး ညဘက်ကြည့်ဖို့ အင်ဒိုနီးရှား Horror ကားပါ အာရှသရဲကားတွေက ဟောလိဝုဒ်သရဲကားတွေနဲ့ atmosphere (အငွေ့အသက်) ရော theme(အာဘော်) ပါ ကွဲပြားတာများပါတယ် ကျွန်တော့်အမြင်အရဆိုရင် အာရှ horror ကားတွေက အယူအဆတွေက ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့တွေနဲ့ ပိုပြီးနီးစပ်တာမို့ ပိုပြီး ကြောက်စရာကောင်းတယ် ထင်ပါတယ်ရုပ်ရှင်နာမည်အတိုင်းပဲ ဝိညာဥ်အရုပ်လေး တစ်ရုပ်အကြောင်းပါပဲ ဇာတ်လမ်းအကျဥ်းကတော့ ဒါရာ ဆိုတဲ့ နာမည်ကြီး horror queen မင်းသမီးတစ်ယောက် ရိုက်ကွင်းမှာ သုံးတဲ့ spirit doll အရုပ်လေးကို အိမ်ယူလာပါတယ် သူ့ရဲ့ အမျိုးသားနဲ့ကွာရှင်းထားတာဖြစ်ပြီး သမီးလေးတစ်ယောက်ကတော့ အဖေအိမ်နဲ့ အမေ့အိမ်တစ်လှည့်စီ သွားနေနေရပါတယ် သမီးလေးကလည်း အဖေ့ဆီမှာပဲ အမြဲနေချင်တာကြောင့် သားအမိနှစ်ယောက် ပြဿနာတက်ကြရင်း တစ်နေ့ သမီးလေး လှေကားပေါ်က မတော်တဆ ကျပြီး သေဆုံးသွားပါတော့တယ် "မိခင်သောက" အင်ဒိုဗားရှင်းကို ကျောထဲစိမ့်နေအောင် ညဘက် မီးပျက်တဲ့အချိန် စောင်ခြုံသာ ကြည့်ကြပါအညွှန်းရေးသားသူက KKKZ ဖြစ်ပြီး ဘာသာပြန်ကတော့ Zwe Yan ...
movie

Spirit Doll(2023)

2023