Channel Myanmar

Élisabeth Locas

Cat and Dog (2024) 5.1
Cat and Dog (2024)  စိတ်တွေပင်ပန်းနေတဲ့အချိန်မှာပေါ့ပေါ့ပါးပါးပျော်စရာဇာတ်ကားလေးတွေကြည့်ချင်တယ် ကြောင်လေးခွေးလေးတွေကိုချစ်တတ်တဲ့သူလည်းဖြစ်တယ်ဆိုရင်ကြည့်သင့်တဲ့Cat And Dog ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။Rating 5.1 ရရှိထားတဲ့အတွက်ထုံးစံအတိုင်းသာမန်အနေအထားလေးနဲ့ကြည့်ပျော်ရှုပျော်ရှိပါတယ်။ဇာတ်လမ်းနာမည်အတိုင်းပဲ ကြောင်နဲ့ခွေးကိုအဓိကဇာတ်ကောင်တွေအနေနဲ့ တွေ့ရမှာဖြစ်ပြီး ကြောင်ကတော့ဒီဗာဆိုတဲ့ နာမည်ကြီးInfluencer ‌ကြောင်ပဲ ဖြစ်ပါတယ်။ခွေးကတော့ ဒီအတိုင်းလမ်းဘေး ခွေးလေးတစ်ကောင်သာဖြစ်ပေမဲ့ ဒီဇာတ်ကားမှာဘယ်လိုအရေးပါလာတာလဲ ဆိုတာကိုပြောရရင်တော့သကြားလုံးပန်းသီးလို့ ခေါ်တဲ့ တန်ဖိုးကြီးပတ္တမြားကို ခိုးလာတဲ့သူခိုးဆီကနေ စားမိသွားလို့ပါပဲ။ဒီတော့ ပတ္တမြားပြန်ထွက်လာတာစောင့်ဖို့ တစ်နည်းပဲ ရှိတော့တဲ့အတွက် သေးခံလေးဝတ်ပေးထားတာကလည်း တော်တော်ချစ်စရာကောင်းပါတယ်။အဲ့ဒီ သူခိုးရဲ့နာမည်ကတော့ ဂျက်ခ်လို့ခေါ်ပြီးအဲ့ဒီရတနာကိုခိုးလာတဲ့အတွက်နယူးယောက်ကိုသွားပြီး ခြေရာဖျောက်ဖို့ပတ္တမြားစားထားတဲ့ ခွေးလေးနဲ့လေဆိပ်ကိုထွက်လာတဲ့အချိန်မှာဒီဗာနဲ့ သူ့ပိုင်ရှင်မိုနီကာနဲ့တွေ့ခဲ့ပြီးနောက်ပိုင်းမှာတော့ ကြောင်လေးနဲ့ခွေးလေးကသက်သက် ပိုင်ရှင်နှစ်ယောက်ကလည်းသက်သက်စွန့်စားခန်းတွေထွက်ဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို ဟာသတွေနဲ့နှောပြီးကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.64GB / 832MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Cat and Dog (2024)

Red Rooms (2023) 7.4
Red Rooms (2023) Red Rooms (2023)~ IMDb - 7.4/10, Rotten Tomatoes - 100% ~Award - 4 wins, 7 nominationsအင်တာနက်အသုံးပြုသူအများစုအနေနဲ့ Deep Web တို့၊ Dark Web တို့ကို မသုံးဖူးကြရင်တောင် တိုးတိုးတဖုံ ကျယ်ကျယ်တမျိုး ကြားဖူးကြပါလိမ့်မယ်။ ဆရာ့ဆရာကြီးတွေကလည်း မယောင်မလည် လက်တည့်စမ်းလို့မကောင်းတဲ့အရာလို့လည်း သတိပေးကြတာကိုကြားဖူးကြမှာပါ။ ကိုယ်တွေလက်ရှိသုံးနေတဲ့ အင်တာနက်၀က်ဘ်ဆိုဒ်တွေကို Surface Web လို့ခေါ်ပါတယ်။ အဲဒါနဲ့ ဆန့်ကျင်ဖက်ကတော့ Deep Web ပါပဲ။Deep Web က သူ့ဟာသူကောင်းကျိုးရှိပေမဲ့ လူသားတွေထုံးစံနဲ့အညီ မကောင်းမှုမှာမွေ့လျော်တတ်တဲ့နောက် အနက်ဆုံး Dark Web ဆီကိုရောက်သွားတတ်ကြပါတယ်။ အဲဒီမှာတော့ လူသတ်မုဒိမ်းထိတ်လန့်စရာဗီဒီယိုတွေ လက်နက်ရောင်း၀ယ်ရေးကစလို့ လူရဲ့အသားအရောင်းအ၀ယ်တွေ မကောင်းမှုမှန်သမျှအကုန်ရတဲ့ ‌ဒစ်ဂျစ်တယ်မှောင်ခိုဈေးကွက်ကြီးရှိတာပါပဲ။ဒီကားလေးကတော့ အဲဒီ Deep Web ကို အခြေခံထားတဲ့ ...
movie

Red Rooms (2023)

2023