Channel Myanmar

Elise Neal

Lola 2 (2022)
Lola 2 (2022) အောင်မြင်မှုဆိုတာ ရယူဖို့မလွယ်သလို ထိန်းသိမ်းထားဖို့ ပိုခက်ခဲတဲ့အရာပါ.. ကိုယ်လိုချင်တဲ့အရာတစ်ခုကို မဖြစ်မနေ အရယူနိုင်ခဲ့ပြီးမှ မထင်မှတ်ထားတဲ့ ကံကြမ္မာကြောင့် မလွှဲမရှောင်သာ လက်လွှတ်လိုက်ရမယ်ဆိုရင်.. အခွင့်အရေးရလာတာနဲ့ ပြန်အရယူဖို့ပဲကြိုးစားမလား.. comfort zone မှာ ရေလိုက်ငါးလိုက်ဆက်နေရင်း ဘဝကိုဖြတ်သန်းမလား.. အမျိုးသမီးလက်ဝှေ့ကားတွေ ကြိုက်နှစ်သက်သူတွေအတွက် ၂၀၂၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ Lola 1 ရဲ့ sequelဖြစ်တဲ့ Lola 2 (2022)ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အပျော်တမ်းလက်ဝှေ့ချန်ပီယံ လိုလာက ကြိုးကြိုးစားစားနဲ့ ချန်ပီယံဖြစ်လာပြီးနောက်မှာပဲ သူ့အတွက် အမြဲရှိနေခဲ့သူဒေးဗစ်နဲ့ ချစ်သူတွေအဖြစ် အဆင့်တက်ခဲ့ကြပါတယ်။ စိန်ခေါ်သူတွေကို တစ်ပွဲပြီးတစ်ပွဲအနိုင်ယူရင်း ထရီနာဆိုတဲ့ စိန်ခေါ်သူနဲ့ ထိုးတဲ့ပွဲမှာ သူ့ဘဝမှာမမျှော်လင့်ထားတဲ့အရာလေး ဖြစ်လာခဲ့ပါတော့တယ်။ အဲဒါကတော့ သူတို့ဘဝထဲကို ရင်သွေးလေးတစ်ယောက် ရောက်ရှိနေခဲ့တယ်ဆိုတာ သိလိုက်ရတာပါပဲ။ ရုတ်တရက်ဆန်လွန်းတဲ့ အဖြစ်အပျက်ကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဗျာများနေခဲ့ပေမယ့် ဒေးဗစ်ရဲ့အားပေးမှုတွေနဲ့ ချစ်ခြင်းတွေကြောင့် လိုလာက ကလေးလေးကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။တစ်ဖက်မှာလည်း ...
movie

Lola 2 (2022)

Breaking (2022) 6.3
Breaking (2022)  ဒီတစ်ခါ ပရိသတ်ကြီးကို တကယ့်ဖြစ်ရပ်မှန်ဇာတ်ကားလေး တစ်ကားနဲ့ တင်ဆက်ပေးပါ့မယ် အစိုးရဌာနတွေဆိုတာ ဘယ်နိုင်ငံမှာဖြစ်ဖြစ် အကျင့်ပျက်ခြစားပြီး သူများရပိုင်ခွင့်ကို ရရင်ရသလို ညှစ်ထုတ်တတ်တဲ့သူတွေဆိုတာ ဒီကားကသက်သေပြနေတာပါ နိုင်ငံအတွက်အသက်နဲ့ရင်းပြီး တိုင်းတပါးမှာ စစ်ပွဲဆင်နွှဲရလို့ မသန်စွမ်းဖြစ်တဲ့သူအတွက် တိုင်းပြည်ကပေးထားတဲ့ လစာကို ဖြတ်စားလာဘ်စားလုပ်တာကတော့ တကယ့်ကို ရွံ့ရှာစက်ဆုပ်စရာပါပဲ ခေါင်းပုံဖြတ်ခံထားရတဲ့ ပိုက်ဆံလေးရခဲ့ရင် သမီးလေးကို ခွေးလေတစ်ကောင်ဝယ်ပေးချင်တဲ့ အလုပ်မလုပ်နိုင်တော့တဲ့ ဖခင်တစ်ယောက်ရဲ့ ဝမ်းနည်းစရာဇာတ်ကြောင်းကိုလည်းသေချာလေးခံစားရမှာပါ ဇာတ်လမ်းအကျဉ်း ဘရိုင်ရန်ဆိုတဲ့ မသန်စွမ်းစစ်ပြန်ကြီးဟာ အလုပ်မလုပ်နိုင်တော့လို့ မသန်စွမ်းလစာလေးကို မှီခိုပြီး စားသောက်နေရတဲ့သူပါ မိန်းမနဲ့ကလည်းကွဲ အလုပ်ကလည်းမလုပ်နိုင် စိတ်အခြေအနေကလည်းပုံမှန်မဟုတ်တဲ့သူတစ်ယောက်အတွက် သူမှီခိုနေရတဲ့ လစာကိုမှ စစ်မှုထမ်းဟောင်းရေးရာနဲ့ နည်းပညာ ကောလိပ် တစ်ခုတို့ ပေါင်းရိုက်ပြီး ဖြတ်စားနေတာကို သိသွားတဲ့အချိန်မှာတော့ အဲဒီပိုက်ဆံပြန်ရဖို့နဲ့ စစ်မှုထမ်းဟောင်းရေးရာရဲ့ အကျင့်ပျက်ခြစားတာကိုလူတိုင်းသိသွားအောင်လို့ ဘဏ်တစ်ခုကို အနုကြမ်းစီးပြီး သူတောင်းဆိုတဲ့အရာလုပ်ပေးဖို့ မလုပ်ပေးရင် ဗုံးဖောက်ခွဲပစ်မယ်ဆိုပြီးခြိမ်းခြောက်ခဲ့တာပါ အဲဒီလိုအနုကြမ်းစီးပြီးနောက်မှာပဲ ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ သူက အနုကြမ်းစီးပြီး ဘာကိုတောင်းဆိုချင်မှာလဲ ဓားစာခံတွေကိုရောဘယ်လိုဆက်ဆံမှာလဲ ...
movie

Breaking (2022)

Scream 2 (1997) 6.2
Scream 2 (1997) Scream 2 (1997) ================== Scream 2 ဟာ scream ထွက်ပြီး ၁ နှစ်တောင်မကြာသေးဘူး ထွက်လာခဲ့တာပါ။ ပထမကားရုံမတင်ခင်ကတည်း ရိုက်ကူးရေးကို စတင်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒီကားက မူရင်းကားလောက် အကြီးအကျယ်အောင်မြင်မှုမရပေမယ့် Horror, Mystery ကားတစ်ကားအနေနဲ့ကြည့်ရင် တော်တော်လေးကြည့်ကောင်းတဲ့ စာရင်းထဲ ဝင်နေတုန်းပါပဲ။ Scream saga ထဲမှာတော့ ကြည့်ကောင်းတဲ့ ကြည့်သင့်တဲ့ ကားတစ်ကားပါ ဒီကားကတော့ ပထမကားအပြီး ၂ နှစ်အကြာမှာ နေရာယူထားပါတယ်။ သရဲမျက်နှာ လူသတ်သမားဆီကနေ လွတ်လာတဲ့ ဆစ်ဒနေလေးဟာ အခုတော့ တက္ကသိုလ်ရောက်သွားပါပြီ။ သူရဲမျက်နှာလူသတ်မှုအကြောင်းကိုလည်း ရုပ်ရှင်ပြန်ရိုက်ပြီး ရုံတောင်တင်နေပါပြီ။ အတိတ်က အဖြစ်ဆိုးကြီးက ပြီးဆုံးသွားပြီလို့ ထင်နေတုန်းမှာပဲ ကံမဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို သရဲမျက်နှာကွင်းဆက်လူသတ်မှုတွေ ထပ်ဖြစ်ပါတော့တယ်။ ဒီတစ်ခါရော သရဲမျက်နှာ လူသတ်သမားတွေ ဘယ်သူတွေများဖြစ်မလဲ? IMDB မှာ 6.2 သာရပေမယ့် tomatometer မှာတော့ မူရင်းကားထက်တောင် ကျော်ပြီး 81% တောင်ရထားပါတယ်။Scream 6 ကားစလုံးကို Scream Franchise မှာ ဝင်ကြည့်လို့ရပါတယ်  Quality__Bluray 1080pIMDb Rating__6.2/10 Format__mp4 Duration__1h Type__Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated ...
movie

Scream 2 (1997)

1997