Channel Myanmar

Eliška Křenková

We Have Never Been Modern (Usvit) (2023) 7.0
We Have Never Been Modern (Usvit) (2023) ဇာတ်လမ်းအကျဉ်းကတော့ဟယ်လီနာဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ နယ်မြို့လေးတစ်မြို့ကို ခေတ်မီတဲ့စက်မှုမြို့ဖြစ်အောင် ပြောင်းလဲဖို့အားထုတ်နေတဲ့ ခင်ပွန်းဖြစ်သူနဲ့ နယ်မြို့လေးမှာပြောင်းရွှေ့နေထိုင်ပါတယ်။ ခင်ပွန်းဖြစ်သူကလည်း စက်ရုံဒါရိုက်တာတစ်ယောက်၊ ဟယ်လီနာကလည်း ကိုယ်ဝန်လွယ်ထားရပြီ အစစအရာရာ သာယာပျော်ရွှင်စရာအိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားကြတာလည်း ဖြစ်ပါတယ်။တစ်နေ့မှာတော့ မထင်မှတ်ထားပဲ လိင်အင်္ဂါနှစ်ခုပါတဲ့ ထူးဆန်းသောမွေးကင်းစက‌လေးအလောင်းကို စက်ရုံဝန်းထဲမှာ တွေ့လိုက်ရပြီးနောက်မှာ ကောလဟာလတွေကို ဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။ဆေးပညာနဲ့နီးစပ်ပြီး‌ ဆေးပညာဗဟုသုတကြွယ်ဝတဲ့ ဟယ်လီနာရဲ့ရှင်းပြချက်ကို လက်မခံကြတဲ့အခါ ဟယ်လီနာတစ်ယောက် ဘယ်လိုဖြေရှင်းဖို့ကြိုးစားမလဲ ပတ်ဝန်းကျင်က‌ရော သူ့ရဲ့ဖြေရှင်းချက်ကို လက်ခံပါ့မလား စသည်တို့ကို စိတ်ဝင်စားဖွယ်ကြည့်ရှုမှာ ဖြစ်ပါတယ်။ရုပ်ဝတ္ထုပစ္စည်းတွေကို အပြိုက်အဆိုင်ခေတ်မီအောင်ကြိုးစားကြပေမယ့် အတွေးအမြင်တွေကို တိုးတက်အောင်မကြိုးစားကြတဲ့ လူအဖွဲ့အစည်းကြီးကိုလည်း We have never been modern ဆိုပြီး သရော်ထားတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ File size…(2 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre...Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie

We Have Never Been Modern (Usvit) (2023)

Men in Hope (2011)
Men in Hope (2011) IMDb Rating (7.1) ထိရရှိထားတဲ့ ဒီဇာတ်ကားဟာ ချက်(Czech)နိုင်ငံက ဇာတ်ကားဖြစ်ပြီးRomantic comedy-sex comedy film အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းကတော့....အွန်ဒရက်ချ်ဟာ အေးဆေးတည်ငြိမ်ပြီး အိမ်ထောင်ဖက်အပေါ် သစ္စာရှိတဲ့သူတစ်ယောက်။ပြောင်းပြန်ဆိုသလိုပဲ သူ့ ဇနီးရဲ့အဖေသူ့ယောက္ခမကြီးကတော့ ၃၅ နှစ်သက်တမ်းရှိတဲ့ အိမ်ထောင်ကို မထောက်ပဲ အချိန်ပြည့်ဖောက်ပြန်နေတဲ့သူဖြစ်တယ်။ပျင်းရိစရာကောင်းတဲ့ သူ့အိမ်ထောင်ရေးကို ဘေးကကြည့်ပြီး သူ့လိုပဲ အပြင်မှာ အပျော်ရှာဖို့ ယောက္ခထီးကြီးကမြှောက်ပေးပါတော့တယ်။အစပိုင်းမှာတော့ အွန်ဒရက်ချ် အတတ်နိုင်ဆုံးငြင်းပယ်ခဲ့သေးပေမယ့်အဘိုးကြီး ဒိတ်လုပ်ဖို့ခေါ်လာတဲ့ ဆာလော့တာ ဆိုတဲ့ ဆံပင်နီနီ ဘတ်သီးတောင့်တောင့် မိန်းမလှလေးနဲ့ အတွေ့မှာ စိတ်ပြောင်းသွားပါတော့တယ်။Men in Hope ဟာဆန်းပြားရှုပ်ထွေးတဲ့ ဇာတ်အလှည့်အပြောင်းတွေ မပါပဲ ပေါ့ပေါ့းပါးပါး ရယ်ရယ်မောမော ခံစားကြည့်ရှုရမယ့်မိသားစု အချစ် ဟာသ ဇာတ်ကားကောင်းလေးတစ်ကားပါ။(မင်းသမီး နှစ်ယောက်လုံးကလဲ တစ်ယောက် တစ်မျိုးစီ အတော်မိတယ်)  File size…(1.1 GB) and (500 MB) Quality…BluRay 720p Format…mp4 Duration….01:55:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Men in Hope (2011)