Channel Myanmar

Elizabeth Berkley

Any Given Sunday (1999)
Any Given Sunday (1999) “အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ ...
movie

Any Given Sunday (1999)

[18+]Showgirls(1995) 4.7
[18+]Showgirls(1995) Showgirls(1995)[18+] (Dark Side Production မှတင်ဆက်သည်...) IMDb....4.7 ဒီဇာတ်လမ်းဟာ.. Las Vegasရဲ့ ဖော်ချွတ်အက လောကထဲကို မိမိတတ်တဲ့အကပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ ရောက်ရှိလာတဲ့ ဆွဲဆောင်မှုရှိပြီး သိပ်လှလွန်းတဲ့မိန်းကလေး တစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ... ရှိုးပွဲထဲက မိန်းမလှကလေးတွေရဲ့အကြောင်း... မတူညီတဲ့လူတန်းလွှားတို့ရဲ့ ဆက်ဆံမှုတွေအကြောင်း.. ရှိုးပွဲတစ်ခုထဲက ပြိုင်ဆိုင်မှုတွေအကြောင်းကို.. ပွင့်လင်းမြင်သာစွာဖြင့် အနုပညာမြောက်ပုံဖော်ထားပါတယ်.. ပုရိသယောင်္ကျားထုတို့အဖို့ ထိုကဲ့သို့အသက်မွေးဝမ်းကျောင်းပြုနေတဲ့ သူလေးတွေကို စာနာ နာလည်းတတ်စေဖို့ကြည့်သင့်သလို (၁၈)ယောက်စုကြည့်ရမယ်ဆိုတဲ့ ဝေါဟာရနဲ့လည်း လိုက်ဖက်လွန်းတဲ့ အခန်းများစွာပါဝင်ဇာတ်ကားမို့ ကြည့်သင့်ကြောင်းရဲဝံစွာဖြင့်အာမခံလိုက်ပါတယ်... File Size : (940 MB) and (369 MB) Quality : Blu-Ray 720p Format…mp4 Duration…02:08:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Wira Aung Encoded by RGB
movie

[18+]Showgirls(1995)

1995
Women in Trouble (2009) 5.8
Women in Trouble (2009) Women in Trouble ဇာတ်ကားလေးကတော့ 2009 ခုနှစ်မှာ Director,Writer: Sebastian Gutierrez ရိုက်ကူးထားတဲ့ Comedy,Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီကားထဲမှာဆိုရင်တော့ နာမည်ကြီးမင်းသမီး ၆ ယောက်အထိ ပါဝင်သရုပ်ဆောင်ထားတာကြောင့် ပုံမှန်ဇာတ်ကားတွေနဲ့မတူ ဇာတ်လမ်းဇာတ်အိမ်ထူးဆန်းတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။IMDb Rating ကလည်း 5.8 ရရှိထားတာဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ အမျိုးမျိုးသော မိန်းကလေးတွေရဲ့ နေ့စဉ် ကြုံတွေ့နေရတဲ့ ပြဿနာအမျိုးမျိုး နဲ့ ဘဝနေထိုင်မှု့ပုံစံတွေကိုဟာသဆန်စွာ အချိတ်အဆက်မိစွာ ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။Porn Star,A flight Attendant မှအစ အနှိပ်သည်မိန်းကလေးတွေအထိပါမကျန် သူတို့ရဲ့ဘဝတွေကို ပုံပေါ်အောင် ရိုက်ကူးထားတဲ့အပြင် ပေးချင်တဲ့ messageကိုပါ တစ်ပါတည်းပေးသွားတဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှု့သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။File size…(950 MB) and (300 MB) Quality…BR-Rip 1080p Format…mp4 Duration….01:35:22 Subtitle….Myanmar Subtitle (Hardsub) Translated by CM Team Encoded by Naing Aung Latt
movie

Women in Trouble (2009)

2009