Channel Myanmar

Elizabeth Cappuccino

Otherhood (2019) 6.1
Otherhood (2019) Otherhood ဆိုတဲ့ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ မိခင်မေတ္တာကို ဖော်ကြူးထားတဲ့ ဟာသဇာတ်ကားလေးပါ။ ကယ်ရို ဂျယ်လီယန် နဲ့ ဟယ်လန် တို့သုံးယောက်ဟာ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ သူတို့မှာ သားတစ်ယောက်စီ ရှိပြီးတော့ အဲ့ဒီသားသုံးယောက်ကလဲ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါပဲ။ ဒါပေမဲ့ အဲ့ဒီသားသုံးယောက်ဟာ အရွယ်ရောက်လာတဲ့အခါ နယူးယောက်မြို့ကို ပြောင်းသွားပြီး သူတို့အမေတွေကို အဆက်အသွယ်သိပ်မလုပ်ကြတော့သောအခါ အမေသုံးယောက်ပေါင်းပြီး သားတွေနဲ့ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစပါတော့တယ်။ ဒီဇာတ်ကားလေးက သင့်နှလုံးသားကို နွေးထွေးအောင် လုပ်ပေး နိုင်တဲ့ ကားကောင်းလေးဖြစ်လို့ ကြည့်ကြည့်ဖို့နဲ့ အမေတွေကို ပြကြည့်ဖို့ တိုက်တွန်းပါရစေ။ ရုပ်ရှင်ကားကို Htet Wai Lwin က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးထားပါတယ်
movie

Otherhood (2019)

2019
Super Dark Times (2017) 6.6
Super Dark Times (2017) ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ ၂၀၁၇ မှာထွက်လာတဲ့ Super Dark Time ဆိုတဲ့ကားလေးပါလူငယ်တွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ ပြသနာလေးတွေကို ရိုက်ပြထားတာပါဒီထဲမှာတော့ ဇက်နဲ့ ဂျော့ရှ်နဲ့က အချစ်ဆုံးသူငယ်ချင်းတွေပါဇက်မှာ ငယ်ငယ်က အမြဲအတူတူဆော့ခဲ့တဲ့ ဒဲလ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်သူကပြသနာကောင်ပေါ့ ဒါ့အပြင် သူတို့ထက်နည်းနည်းငယ်တဲ့ အလယ်တန်းကျောင်းကကောင်လေး ချာလီဆိုတာလဲ ရှိပါသေးတယ်သူတို့က အမြဲကိုယ်စီစက်ဘီးတွေနဲ့ အုပ်စုလိုက် တံတားပေါ်မှာ လျှောက်လည်လေ့ရှိပါတယ်တစ်နေ့တော့ ဂျော့ရှ်အိမ်ကို လိုက်သွားရင်း ဂျော့ရှ်အစ်ကိုရဲ့ ဆေးခြောက်ထုပ်ကိုတွေ့တော့ဒဲလ်က စမ်းသုံးကြည့်ချင်ပါတယ်ဂျော့ရှ်က ခွင့်မပြုပါဘဲ တခြားစိတ်ဝင်စားစရာပစ္စည်းတစ်ခု ထုတ်ပြပါတယ်အဲဒါက သူ့အစ်ကိုရဲ့ဓားပါ သူတို့အဲ ဓားနဲ့ဆော့မယ်ဆိုပြီး တောထဲထွက်လာကြပါတယ်ဒဲလ်က ဂျော့ရှ်မသိအောင် ဆေးခြောက်ထုပ်ခိုးယူလာတာကို သိသွားတော့ ပြသနာတက်ကြပြီး ထိုးရင်းကြိတ်ရင်းဒဲလ်ကို ဓားနဲ့ထိုးမိသွားပါတယ်အဲမှာ အသက်မပြည့်သေးတဲ့ကလေးတွေ ဒီကိစ္စကို လူမသိအောင်ဖုံးရင်းဖိရင်း ဘာတွေကြုံရတယ်ဆိုတာကို ရိုက်ပြထားတာပါတကယ်ကြည့်လို့ကောင်းတဲ့ကားလေးပါဒါ့အပြင် လူငယ်ဆန်ဆန်လွတ်လွတ်လပ်လပ်သရုပ်ဆောင်ပုံလေးတွေနဲ့ တကယ်ကြည့်ရှုသင့်တဲ့ကားမျိုးလို့ ညွှန်းပါရစေ File Size : (900 MB) and (370 MB) Quality : ...
movie

Super Dark Times (2017)

2017