Channel Myanmar

Elizabeth Loyacano

Memory (2023) 6.7
Memory (2023) Memory (2023)~ IMDb - 6.7/10, RT - 84%, Meta - 72% ~လူတွေရဲ့ မှတ်ဉာဏ်ဟာ ယုံစားလို့မရဘူး။ လူတွေက သူတို့မှတ်မိချင်တာကို မှတ်မိနေကြတတ်တယ်။ စာရေးဆရာတစ်ယောက်ရဲ့ သူ့ငယ်ဘဝအကြောင်း သူရေးတဲ့စာအုပ်ထဲမှာတောင် တကယ်တမ်းမဖြစ်ခဲ့တာတွေ ပါကောင်းပါနေနိုင်တဲ့အထိ မှတ်ဉာဏ်ဟာ ယုံစားလို့မရဘူး။ မှတ်ဉာဏ်ဟာ ကျွန်တော်တို့မှတ်မိချင်တာတွေကို မှတ်မိနေတတ်တယ်။ ဆစ်ဂမန်ဖရွိုက်ကတော့ မှတ်ဉာဏ်ဆိုတာ မသိစိတ်အစုအထုံးတစ်ခုလို့ ဆိုတယ်။ Memory ဟာ အဲဒီမှတ်ဉာဏ်တွေရဲ့အကြောင်းလို့ပြောရမယ်။ ဇာတ်ကောင်အားဖြင့် အဓိကတော့ ၂ ယောက်ပါတယ်။ တစ်ယောက်က စိတ်ကျရောဂါရှိနေတယ်။ တစ်ယောက်က အတိတ်မေ့မေ့သွား သတိလွတ်လွတ်သွားတတ်တဲ့ရောဂါရှိနေတယ်။ နောက်တစ်ယောက်တော့ပါသေးတယ်။ သူက အခန်းတော့သိပ်မများဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းမှာ လူ့မှတ်ဉာဏ်က မှတ်မိချင်တာတွေကိုပဲ မှတ်မိနေတတ်တယ်ဆိုတာကို ရာနှုန်းပြည့်ပေါ်လွင်စေခဲ့တဲ့ ကားနာမည်အရတော့ သူ့ကိုလည်း အဓိကထဲထည့်ရမှာပဲ။ဇာတ်လမ်းရဲ့ ဗဟိုချက်မဇာတ်ကောင်က အမျိုးသမီးတစ်ယောက်။ သူ့ဘဝကို သူခက်ခက်ခဲခဲရှင်သန်နေရတဲ့ အမျိုးသမီးတစ်ယောက်။ ...
movie

Memory (2023)

2023
4K HEVC
Demolition (2015) 7.0
Demolition (2015)  -IMDb Rating - 7.0/10 ခံစားချက်ဆိုတာတွေကကျွန်တော်တို့တွေကို လူသားဆန်စေပါတယ်..။ခံစားချက်မရှိတဲ့လူတစ်ယောက်ဟာယန္တာရားအရေခွံနဲ့လူတစ်ယောက်သက်သက်ပါပဲ...။ဇနီးသည်ကားတိုက်သေသွားပြီးနောက်နောက်နေ့မနက်မှာ အလုပ်သွားခဲ့တဲ့ခံစားချက်လုံးဝမရှိတဲ့လူတစ်ယောက်...အရာရာကို ဖြိုချဖျက်စီးပြီးဘယ်လိုတည်ဆောက်ထားသလဲ အဖြေရှာတတ်တဲ့စိတ်ရောဂါသမားတစ်ယောက်...ဒီလို ယန္တာရားအရေခွံနဲ့လူတစ်ယောက်ရဲ့စိတ်.. အတွေး... ပြောင်းလဲပုံ အဆင့်ဆင့်ကိုဒီရုပ်ရှင်မှာ Jakeရဲ့ အကောင်းဆုံးacting skillတွေနဲ့ ပီပီပြင်ပြင်ဖော်ညွှန်းသွားပါတယ်။  ဒီကားဟာ တိကျတဲ့ ရသမရှိပေမဲ့ဝေဝါးထူးခြားတဲ့ ရသတစ်ခုကို ဖော်ညွှန်းရိုက်ကူးထားတဲ့ Comedy , Dramaဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။Jake Gyllanhaal (Main castအဖြစ်)သရုပ်ဆောင်ထားတဲ့ ကားတွေဟာမကောင်းတာ မရှိသလောက်ရှားပါတယ်။ဒီတစ်ခါ Demolitionမှာလဲသူ့ရဲ့ အနုပညာမှော်ဝင်စားမှုကိုတွေ့ရဦးမှာပါ..... (အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size…    1.3 GB /  637 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ..... Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung 
movie

Demolition (2015)

2015
Paint (2023) 5.1
Paint (2023) Paint (2023)ကြည့်ဖူးသမျှထဲက အကောင်းဆုံးဆိုတဲ့ရုပ်ရှင်တွေကိုချည်း စာရင်းလုပ်လိုက်တယ်ထား။ ၂၀၀ ၃၀၀လောက်ရတယ်ထားဦး။ အဲဒီထဲက ၁၀၀ကိုပြန်ရွေးလိုက်တယ်ထား။ ရွေးလို့ရချင်မှလည်းရမှာပေမဲ့ ရွေးလိုက်တယ်ပဲထားပါတော့။ ဓမ္မဓိဋ္ဌာန်ကျကျနဲ့ အဲဒီ ၁၀၀ကို ဘယ်ကားကတော့ ဘယ်ကားထက်ပိုကောင်းပါတယ်ဆိုပြီး ၁ကနေ၁၀၀ထိ စာရင်းလုပ်ဖို့က မဖြစ်နိုင်ဘူး။ ဒီ၁၀၀ဟာ ကြည့်ဖူးသမျှထဲက အကောင်းဆုံးကားတွေကိုရွေးထားတာဆိုတော့ ဒါရိုက်တာကောင်းတွေချည်းပါနေမှာလည်း သေချာတယ်။ အဲဒီဒါရိုက်တာအားလုံးကို ဘယ်ဒါရိုက်တာက ဘယ်ဒါရိုက်တာထက် ပိုတော်ပါတယ်လို့ သွားအကဲဖြတ်ဖို့တော့ မဖြစ်နိုင်ဘူး။ သူ့နည်းသူ့ဟန်နဲ့တော့ အကုန်လုံးမာစတာတွေချည်း ဖြစ်နေမှာပဲ။ ဒီတော့ ရုပ်ရှင်တွေကို ဘယ်ကားကတော့ ညံ့တယ်လို့ပြောလို့အဆင်ပြေပေမဲ့ ဘယ်ကားကတော့ အကောင်းဆုံးပါလို့ ပြောဖို့တော့ မဖြစ်နိုင်ဘူး။ ရွေးချင်သပဆို ကျွန်တော်တို့ရွေးလို့ရတာက ကိုယ့်ပုဂ္ဂလိကအကြိုက်ဆုံးရုပ်ရှင်ကိုတော့ ရွေးလို့ရမယ်။ ဒါပေမဲ့ တကယ့်အကြိုက်ဆုံးရုပ်ရှင်ကတော့ သိပ်ကောင်းတဲ့ကားတောင် ဟုတ်ချင်မှဟုတ်မယ်။ လူတစ်ယောက်ချင်းစီအပေါ်ပဲ မူတည်နေလိမ့်မယ်။ သူ့ကိုရောင်ပြန်ဟပ်တဲ့ကားတော့ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။ မဟုတ်လည်း သူ့စိတ်ဝင်စားမှုကို ရောင်ပြန်ဟပ်တဲ့ကားမျိုးပေါ့။ တစ်ချို့ကျလည်း ကားတစ်ကားရယ်မဟုတ်ဘဲ ကားအမျိုးအစားနဲ့ ကြိုက်ကြတာလည်း ရှိတာပဲ။ တစ်ချို့ဆို သရဲကားချည်းကြိုက်ကြတာလည်းရှိတာပဲ။ Art House ကားချည်း ကြိုက်ကြတာလည်းရှိတာပဲ။ ...
movie

Paint (2023)

2023