Channel Myanmar

Elizabeth Sung

Tango & Cash (1989) 6.4
Tango & Cash (1989) Tango & Cash (1989)၁၉၈၀ ခုနှစ်တွေတုန်းက လျှမ်းလျှမ်းတောက်အောင်မြင်နေခဲ့တဲ့ Sylvester Stallone နဲ့ Kurt Russell တို့လို အက်ရှင်မင်းသားတွေကို ဇာတ်ဆောင်တင်ရိုက်ထားတဲ့ Action, Comedy ရုပ်ရှင်ကားကောင်းတစ်ခုပါ။ Stallone ကလည်း Rambo ၃ကား နဲ့ Rocky ၄ကားထွက်ပြီးတဲ့အချိန်၊ Kurt ကလည်း Escape from Newyork နဲ့ Big Trouble in Little China တို့လို အက်ရှင်ကားတွေရိုက်ကူးထားပြီးချိန်ပါ။ မင်းသား ၂ယောက်ရဲ့ ဩဇာရှိန်တက်နေဆဲအချိန်ပေါ့။လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့မှာ အတော်ဆုံးလို့ သတ်မှတ်ထားရတဲ့ စုံထောက် ၂ ယောက်ရှိပါတယ်။ အနောက်ဘက်က တန်ဂိုနဲ့ အရှေ့ဘက်က ကက်ရှ် တို့ပါ။ နေရာချင်းမတူသလို စရိုက်ချင်းကလည်းမတူပါဘူး။ တန်ဂိုဟာ သပ်သပ်ရပ်ရပ်ဝတ်စားပြီး လူကြီးလူကောင်းဂိုက်နဲ့ အမြဲနေပေမဲ့ ကက်ရှ်ကတော့ ပိုလွတ်လပ်တဲ့ လမ်းသရဲစတိုင်ရှိပါတယ်။ ဒီလိုအတော်ဆုံးရဲ ...
movie

Tango & Cash (1989)

1989
Lethal Weapon 4(1998) 6.6
Lethal Weapon 4(1998)    Lethal Weapon series ရဲ့ နောက်ဆုံးကားဖြစ်တဲ့ Lethal weapon 4 မှာတော့ ရစ်ဂ်စ်ဟာ ဆံပင်ညှပ်လိုက်ပါပြီ။ ရစ်ဂ်စ်ရော မာတော့ဖ်ရောဟာ အသက်အရွယ်တစ်ခုရောက်လာတာကြောင့် ဇရာရဲ့ဒဏ်ကို မသိမသာခံစားလာကြရပါပြီဗျ။ ဒါပေမဲ့ ရစ်ဂ်စ်ကတော့ အခုထိ ငါမအိုသေးဆိုပြီး ရူးရူးမိုက်မိုက် စွန့်စားခန်းတွေလုပ်ဆဲပါပဲ။ ဒီ နံပါတ် ၄ မှာလည်း ရစ်ဂ်စ်နဲ့ မာတော့ဖ်တို့ဟာ ကိုယ့်ဘာသာနေရင်း ပြဿနာက သူတို့ဆီ ရောက်လာပြန်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ဒီကားထဲမှာ မင်းသားကြီး ဂျက်လီနဲ့အတူ ဟာသ သရုပ်ဆောင် Chris Rock လည်း ပါဝင်လာပါတယ်ဗျ။ မင်းသားကြီး မယ်လ်ဂစ်ဘ်ဆင်တို့နှစ်ယောက်နဲ့ ဂျက်လီတို့ အပြိုင်ကြဲကြတာကြောင့် ဒီကားက အရင်ကားတွေထက် အက်ရှင်ခန်းတွေ ပိုမိုက်လာတဲ့အပြင် Chris Rock လည်း ပါဝင်လာတဲ့အတွက် ကြည့်ရတာလည်း အရင်ထက် ပိုခွီနေရပါသေးတယ်။ ဒီ Lethal Weapon 4 ဟာဆိုရင် ဇာတ်လမ်းတစ်ခုကို လှလှပပလေးအဆုံးသတ်ပေးထားတဲ့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်ဗျ...။File ...
movie

Lethal Weapon 4(1998)

Hero (2002) 7.9
Hero (2002) Hero (2002) IMDb - 7.9/10_____Rotten - 95%  Hero (2002) ………………… Hero (သူရဲကောင်း) ဆိုတာ ဘယ်လိုလူမျိုးတွေကို ရည်ညွှန်းပါသလဲ? တဦးတယောက်ကနေ ပြိုင်ဘက်အများကြီးကို အလဲထိုးအနိုင်ယူသူတွေကို ခေါ်ပါသလား? ကိုယ်ကျိုးကို မငဲ့ဘဲ အများအတွက် စွန့်လွှတ်စွန့်စားသူများကို ဆိုလိုပါသလား? Hero (2002 film) ကို ကြည့်ပြီးရင်တော့ အဖြေတခုခု ထွက်လာနိုင်ပါတယ်။ Hero ရုပ်ရှင်ကို စပြီးကြည့်ဖူးစက ယုတ္တိမတန်တဲ့ သာမန်တရုတ်သိုင်းကားတကားလို့ပဲ ထင်ခဲ့မိပါတယ်။ နောက်ကြောင်းက ခဏခဏပြန်ပြ၊ ဒီကြားထဲစိတ်ကူးထဲမှာပါ သိုင်းကွက်တွေထုတ်နဲ့ … အလေးအနက်မကြည့်မိခဲ့ပါဘူး။ နောက်ပိုင်းမှာ အော်စကာ ဆန်ကာတင်စာရင်းမှာ နိုင်ငံခြားဇာတ်ကားအနေနဲ့ ပါလာတော့မှ စိတ်ဝင်စားသွားလို့ သေချာပြန်ကြည့်ဖြစ်ပါတယ်။ စွမ်းအားလွန်သိုင်းကွက်တွေကို ဖယ်ပြီးကြည့်မယ်ဆိုရင် အနှစ်သာရရှိတဲ့ ဇာတ်ကားလို့မြင်မိပါတယ်။ဒီဇာတ်လမ်းမှာ ချင်မင်းဆက်ကို တည်ထောင်တဲ့ Qin Shi Huang ရဲ့ ဆင့်ခေါ်မှုနဲ့ အမည်မရှိဓားသမား (သုည)ဟာ နန်းတွင်းကို ဝင်ရောက်ခစားခဲ့ပါတယ်။ နန်းတွင်းကို ဝင်ရောက်ပြီး ဘုရင်ကြီးနဲ့ စကားပြောခွင့်ရဖို့အတွက် သုညဟာ ဘုရင်ကြီးရဲ့ အသက်အန္တရာယ်တွေကို ခြိမ်းခြောက်နေတဲ့ လူစွမ်းကောင်းသုံးယောက် (Long Sky, Flying Snow, Broken Sword) ကို နှိမ်နှင်းခဲ့ရတယ်လို့ ဆိုပါတယ်။ *Spoiler ...
movie

Hero (2002)

2002
Memoirs of a Geisha (2005) 7.4
Memoirs of a Geisha (2005) Memoirs of a Geisha (2005)_____IMDb - 7.4/10Won 3 Oscars. Another 29 wins & 47 nominationsဂေးရှားတွေ အကြောင်းကို အရမ်းစိတ်ဝင်စားခဲ့မိတယ် အကိုတစ်ယောက်က Memoirs Of a Geisha ကို ကြည့်ပါလို့ လမ်းညွှန်ခဲ့တယ် ဂျပန်တွေရဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းထားတဲ့ ဂေးရှားအလှမယ်ဆိုတာ တွေ့ကရာ မိန်းမတိုင်း အမည်တပ်ခွင့်မရှိဘူး ထိုက်တန်မှ ရတယ် သေလောက်အောင် လေ့ကျင့်ထား နာကျင်ထားမှ ရနိုင်မယ့် နာမည်တစ်ခု ဒီရုပ်ရှင်ကို ကြည့်ပြီး ဂေးရှားအလှမယ် ဆိုတာ ပြည့်တန်ဆာ သာသာ မဟုတ်ဘူးဆိုတာ နားလည်သွားတယ် ပျော်တော်ဆက်မယ် သက်သက်လဲ မဟုတ်ပြန်ဘူး သူတို့မှာ တန်ဖိုးတစ်ခုဆိုတာ ရှိတယ် အဲ့ဒီတန်ဖိုးကိုလဲ အခကြေးငွေ အမြင့်ဆုံးနဲ့ ပြန်ရောင်းကြတယ် အပျိုစင် ဘဝ ပေါ့... ကြေး အမြင့်ဆုံးရတဲ့ ဂေးရှား ဟာ ဂုဏ်သိက္ခာ အရှိဆုံး လို့ မှတ်ယူခဲ့ကြတယ်.... ဒီရုပ်ရှင် အစမှာတော့ ချီယို နဲ့ ဆပ်စု ဆိုတဲ့ တံငါရွာက ညီအမ နှစ်ယောက်ဟာ ဂေးရှားအလှမယ်တွေကို သင်ကြားပျိုးထောင်ပေးနေတဲ့ နေရာတစ်ခုမှာ ရောင်းစားခံလိုက်ရတယ်... တိတိ ကျကျ ပြောရရင် ...
movie

Memoirs of a Geisha (2005)

2005