Channel Myanmar

Ellen Cleghorne

Armageddon (1998) 6.7
Armageddon (1998) Armageddon (1998) (Disaster Film/Thriller) နာမည်ခပ်ဆန်းဆန်းဆိုတော့ ကြည့်ဖူးပြီးသားသူတွေက မှတ်မိနေမှာဖြစ်ပေမယ့် မကြည့်ဖူးသေးတဲ့ သူတွေအတွက် တော့ အနည်းငယ် ခေါ်ရခက်နေမယ်ထင်ပါတယ်။ Armageddon ဆိုတာက သမ္မာကျမ်းစာထဲက စကားလုံးဖြစ်ပြီး End of the things အရာအားလုံးရဲ့ အဆုံးသတ်လို့ အဓိပ္ပာယ်ရပါတယ်။ Armageddon ရဲ့ အစက …. NASA လွန်းပျံယာဉ် Atlanti က အာကာသမှာ စူးစမ်းရေးလုပ်နေစဉ်မှာပဲ ဥက္ကာပျံ ထိမှန်ပြီး ပျက်စီးသွားခဲ့ပါတယ်။ NASA သူတို့ယာဉ်ပျက်စီးတဲ့အကြောင်းရင်းကို ရှာဖွေရင်း ယာဉ်ပျံကို Texas ပြည်နယ်နီးပါးကြီးမားတဲ့ ဥက္ကာပျံ က ဝင်တိုက်မိပြီး ပျက်ဆီးသွားခြင်းဖြစ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ဒါပေမယ့် ဥက္ကာပျံက အာကသယာဉ်ကို ပျက်စီးသွားစေရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ဒီဥက္ကာပျံရဲ့ လမ်းကြောင်းက ကမ္ဘာမြေကို ဦးတည်နေပြီး လက်ရှိ အရှိန်နှုန်းနဲ့ အရွယ်အစားအရ ကမ္ဘာကို တိုက်မိမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးပျက်စီးသွားပြီး ဒိုင်နိုဆောတွေ မျိုးတုန်းသလို လူသားတွေမျိုးတုန်းသွာမယ်လို့ တွက်ချက်ခန့်မှန်းရပါတယ်။ ...
movie

Armageddon (1998)

1998
4K HEVC
Genie (2023) 5.9
Genie (2023) Genie (2023) ========== IMDb Rating - 6.0/10Genie 2023 ကားလေးကတော့ ခရစ်စမတ်ရုပ်ရှင်ကိုမှ ဟာသနှောပြီး ရိုက်ကူးထားတာပါ။ ဒါရိုက်တာ Sam Boyd က ရိုက်ကူးခဲ့တာဖြစ်ပြီး IMDb rating 6.0 ရရှိထားပါတယ်။ အဓိကတော့ ခရစ်စမတ်အနှစ်သာ ရဆိုတာတွေ ၊ လူ့ဘဝအနှစ်သာရဆိုတာတွေကို လူတွေသတိထားမိအောင် ရိုက်ကူးထားတာပါ။လူတွေက ငွေရရှိအောင်အလုပ်တွေလုပ်ရင်းက မိသားစုဘဝတွေ လက်လွှတ် ရတာမျိုးတွေဖြစ်တာတွေရှိတာမို့ ဒါကို သတိထားမိရအောင် ဟာသနှောပြီး ပြသထားတာပါ။ အေးအေးဆေးဆေးနဲ့ မိသားစုနဲ့ကြည့်ရမယ့် ဇာတ်ကားမျိုး ပါ။ ပြီးတော့ စိတ်ဝင်ဖို့ကောင်းအောင် ဂျင်းနီဇာတ်လမ်းနဲ့ရောပြီးတော့ တင် ဆက်ထားတာမို့ အေးအေးဆေးဆေးကြည့်ရမှာပါ ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.77 GB) / (710 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Fantasy Translator.......Thy Santa Encoder..........Zin Phyo Aung
movie

Genie (2023)

2023
Old School (2003) 7.0
Old School (2003) ဒီဇာတ်ကားလေးကိုကြည့်ရင်း ကျွန်တော်သတိရမိတာကSuperbad တို့ American Pie တို့လိုကျောင်းသား comedy ကားတွေကိုပါပဲ။ တစ်ခုရှိတာက အဓိကဇာတ်ဆောင်တွေက ကျောင်းသားတွေမဟုတ်ကြဘူး၊ ဒါပေမယ့် ကျောင်းသားဟာသကားပါပဲ။ ဇာတ်လမ်းက မစ်ချ်မာတင်လို့ခေါ်တဲ့ သတ်လတ်ပိုင်းလူတစ်ယောက် အိမ်ကိုစောစောစီးစီးပြန်လာတဲ့အခါ ‌ အရိုးရဲ့ ‌‌‌အော်ပရာသီချင်းကိုလက်တွေဘဝမှာကြုံလိုက်ရပါတော့တယ်၊ ပိုတောင်ဆိုးသေးတယ်ဗျ သူ့မိန်းကလိင်စိတ်တော်တော်ပြင်းပြတော့ ယောကျ်ားခရီးသွားတိုင်းအဖွဲ့လိုက်ကြီးလုပ်နေကျ။ အဲဒီလိုနဲ့ စိတ်ဒဏ်ရာရသွားတဲ့ မစ်ချ်ကို သူ့သူငယ်ချင်းတွေကအရာအားလုံးကို‌မေ့နိုင်အောင်ကူညီဖို့ကြိုးစားကြတဲ့အခါ ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ ဘယ်လိုတွေကူညီကြမှာလဲဆိုတာကိုအလွဲအချော်လေးတွေနဲ့ တင်ဆက်ထားလို့ အတော်ကိုရယ်ရပါတယ်ခင်ဗျာ။ ‌ ဇာတ်ဆောင်တွေအနေနဲ့ကလဲcomedyချစ်သူပုရိတ်သတ်နဲ့မစိမ်းတဲ့ Charlie's Angel,Death at a funeral, Idiocracy တို့မှမင်းသားLuke Wilson ပါမက Step Brothers, Anchor Man,Zoo Lander တို့မှမင်းသား Will Ferrell အပြင်ကိုWedding Crushers, The Watch, Zoo Lander တို့မှVince Vaughn တို့လို ဟာသကျော်ကြီးတွေသုံးယောက်ပေါင်းဘယ်လိုလောင်းကျော်ထားမလဲဆိုတာကိုကြည့်ရမှာဖြစ်တဲ့အပြင် IMDB 7.0 တောင်ရထားတာဆိုတော့မြည်းစမ်းကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ File size…  3 GB ...
movie

Old School (2003)

2003
Little Nicky (2000) 5.3
Little Nicky (2000) Little Nicky (2000) ===============ငရဲပြည်ကို အုပ်စိုးတဲ့ စေတန်သခင်ကြီးမှာ အေဒရီယန်၊ ကတ်ဆီးရပ်စ်နဲ့ နစ်ကီဆိုပြီးသား(၃)ယောက် ရှိပါတယ်။ ပျော့တိပျော့ညံ့ နစ်ကီက အစ်ကိုနှစ်ယောက် ဗိုလ်ကျ နှိပ် စက်တာကိုတစ်ချိန်လုံး ခါးစည်းခံနေရသူပါ။ တစ်နေ့တော့ စေတန် သခင်ကြီး ငရဲပြည်ကိုအုပ်ချုပ်တာ နှစ်(၁)သောင်း ပြည့်တဲ့နေ့ကို ရောက်လာပါတယ်။နှစ်(၁)သောင်းပြည့်ရင် အုပ်ချုပ်သူနေရာကို လွှဲပေးရတဲ့ စည်း မျဉ်းရှိပေမဲ့ ကြီးကျယ်မြင့်မြတ်တဲ့ စေတန်နတ်ဆိုးကြီးက ဘယ် သူ့ကိုမှ လွှဲမပေးဘဲ သူကိုယ်တိုင်ပဲဆက်ပြီး အုပ်စိုးမယ် လုပ်ပါ တော့တယ်။ အဲဒီမှာပဲ အေဒရီယန်နဲ့ကတ်ဆီးရပ်စ်တို့က မကျေ မနပ်တွေဖြစ်၊ ငရဲပြည်အသစ် ဖန်တီးမယ်ဆိုပြီး ဝိဉာဉ်တွေ ဝင်တဲ့ ငရဲမီးဂိတ်ပေါက်ကနေတစ်ဆင့်ကမ္ဘာမြေပေါ်ကို ထွက်သွားပါ တော့တယ်။အဝင်ဂိတ်လို့ သတ်မှတ်ထားတဲ့ ငရဲမီးဂိတ်ကနေထွက်သွားတာ ကြောင့် ငရဲမီးဂိတ်ဝကြီး ခဲသွားပြီးဝိဉာဉ်တွေ ဝင်လို့မရ ဖြစ်ကုန် ပါတော့တယ်။ စေတန်ကြီးလည်း တတိတိနဲ့ အားနည်းလာပြီး သေမလို ဖြစ်လာတာပေါ့။ အဲဒီမှာပဲ ကမ္ဘာမြေပေါ် ထွက်သွားတဲ့ အစ်ကိုနှစ်ယောက်ကို ငရဲပြည်ဆီ ပြန်ခေါပြီး ဖခင်ဖြစ်သူကို ကယ် တင်ပေးဖို့ကနစ်ကီ့ခေါင်းပေါ် ရောက်လာပါတော့တယ်။ရုပ်ဆိုးဆိုး၊ စကားထစ်ထစ်၊ အူကြောင်ကြောင်ရုပ်နဲ့ ပျော့ဖတ်ဖတ် နစ်ကီတစ်ယောက်ကမ္ဘာမြေပေါ် ရောက်သွားပြီး အလွဲလွဲအချော် ချော်တွေ ဖြစ်ပျက်ပုံကိုအခွီတစ်လိုင်းနဲ့ ...
movie

Little Nicky (2000)

2000