Channel Myanmar

Ellen Hollman

Love and Monsters (2020) 6.9
Love and Monsters (2020) IMDb Rating (7/10) / Rotten Tomatoes (92%) ဒီလန် အိုဘရိုင်ယန်ပါတယ်၊ ဂျက်ဆီကာ ဟန်းဝစ်ပါတယ်၊ ခွေးလိမ္မာလေး တစ်ကောင်ပါတယ်။အကောင်ကြီးတွေပါတယ် ဒီလောက်ဆို ကြည့်ချင်ကြမယ်ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ ကမ္ဘာကြီးကို ဝင်တိုက်မယ့် ဥက္ကာခဲကြီးတစ်ခု ပျံလာတယ်။လူတွေက သူတို့ အတော်ဆုံး အလုပ်ကို လုပ်လိုက်ကြတယ်။ဥက္ကာခဲကြီးကို ဒုံးကျည်ပေါင်းစုံနဲ့ ပစ်တာပေါ့။ ဥက္ကာခဲကြီးကတော့ ကွဲသွားပါတယ်။ ဒုံးကျည်ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေက ကမ္ဘာပေါ်ကို ကျလာပါလေရော။လူတွေက ကံကောင်းကြပါတယ် ဓာတုအဆိပ်မသင့်ကြဘူး။အင်းဆက်ပိုးတွေ၊ ဖားတွေ၊ ပုတ်သင်တွေကတော့ ကံမကောင်းကြရှာဘူး သန္ဓေပြောင်းပြီး ဧရာမကြီးတွေ ဖြစ်သွားတယ်။လူတွေကို ပြန်စားကုန်ကြတယ်။ အဲဒီဧရာမအကောင်ကြီးတွေနဲ့ တိုက်ပွဲမှာလူသား ၉၅% လောက် သေသွားလေရဲ့။နောက်ဆုံးကျန်တဲ့ သူတွေက အဖွဲ့လိုက်လေး မြေအောက်မှာ ကိုယ်စီပုန်းနေရင်း ကျူးကျော်လာတဲ့ အကောင်တွေနဲ့ တိုက်နေရတယ်။ အဲဒီထဲမှာ မင်းသားက အကောင်ကြီးတွေဆို ကြက်သေသေလောက်အောင် အသေကြောက်တဲ့ကောင်၊ ဘာလက်နက်မှလည်း မပစ်တတ်ဘူး။ သူတို့စခန်းမှာလည်းအကုန်လုံးက အတွဲတွေချည်းပဲ။ ဒီတစ်ကောင်ပဲ FA ကောင်ဖြစ်နေတာ။ ဒါပေမယ့် ...
movie

Love and Monsters (2020)

4K HEVC
The Matrix Resurrections (2021) 6.4
The Matrix Resurrections (2021) Matrix သမိုင်းအကျဉ်း၂၁ ရာစု အလယ်ပိုင်းလောက်မှာ လူသားတွေဟာ စိက်အသိဉာဏ် AI ကို တီထွင်ခဲ့ပါတယ်။ လူသားတွေကိုယ်စား အလုပ်တွေအကုန်ခိုင်းလို့ရတဲ့ စက်တွေပေါ်လာပြီး လူတွေအကုန် အလုပ်လုပ်စရာမလိုဘဲ နှပ်နေလို့ရလာတာပေါ့။ ဒါပေမဲ့ အသိဉာဏ်ရှိလာတဲ့ စက်တွေကလည်း လူတွေဟာ သူတို့ကို ခိုင်းစရာ ပစ္စည်းသက်သက်လိုပဲ သဘောထားတာကို မကျေနပ်နိုင်ပဲ ဆန္ဒပြတာမျိုးတွေ ဖြစ်လာပါတယ်။ အကြီးဆုံးပြဿနာကို အစပြုစေခဲ့တာကတော့ B1-66ER ဆိုတဲ့ အိမ်အကူစက်ရုပ်ဟာ သူ့ကိုဖျက်ဆီးပြီးအသစ်အစားထိုးတော့မယ့် အိမ်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အမှုပါပဲ။ ဒီအမှုကို တရားရုံးမှာ B1-66ER က မိမိကိုယ်ကိုယ်ခုခံကာကွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမသေချင်ပါဘူးတဲ့။ လူသားရှေ့နေကလည်း ကူညီခဲ့ပေမဲ့ အမှုရှုံးခဲ့ပြီး စက်ရုပ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်အခွင့်အရေးအတွက် စက်ရုပ်တွေရော စာနာတတ်တဲ့လူသားတွေရောက တစ်နိုင်ငဲံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့လူတွေရော စက်ရုပ်တွေရောကို လူသားအဓိကဝါဒီတွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အပြင် စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာမှာကို စိုးရိမ်တဲ့ ကုလ ...
movie

The Matrix Resurrections (2021)

4K HEVC Web-DL
Army of One (2020) 6.6
Army of One (2020) အလာဘားမားရဲ့ တောနက်တွေထဲကို စခန်းချခရီးထွက်လာတဲ့ ဒီလွန်နဲ့ ဘရန်နာ ဆိုတဲ့လင်မယားနှစ်ယောက်၊ တရားမဝင် မူးယစ်ဆေးနဲ့ လက်နက်တွေ သိုလှောင်ထားတဲ့နေရာတစ်ခုကို မတော်တဆ ရောက်သွားခဲ့ကြပါတယ်။သူတို့ ထွက်မပြေးနိုင်သေးခင်မှာပဲ ဂိုဏ်းဝင်တွေက သူတို့နှစ်ယောက်ကိုဖမ်းမိပြီး နှိပ်စက်ခဲ့ရာကနေ အမှားနှစ်ခုလုပ်မိသွားပါတယ်။ ဒီလွန်ကို သတ်လိုက်မိပြီး ဘရန်နာကိုတော့ သတ်လိုက်မိပြီလို့ ထင်ခဲ့တာပါပဲ။ အဲ့ဒီဘရန်နာရဲ့ နောက်ကြောင်းကို ကြိုတင်မသိခဲ့တာကတော့ သူတို့ရဲ့ တတိယ အမှားဖြစ်ပါလိမ့်မယ်။ စနစ်တကျလေ့ကျင့်ထားတဲ့ ထိပ်တန်းအထူးတပ်ဖွဲ့ဝင်ဟောင်း လက်ဖတင်နင် ဘရန်နာ ဘိတ်ကာဟာ ကျားနာတစ်ကောင်လို ဂိုဏ်းတစ်ခုလုံးနဲ့ တစ်ယောက် ထိပ်တိုက်ရင်ဆိုင်တော့မှာပါ။ မထင်ထားပဲ အတော်ကြီးကိုကောင်းနေတဲ့ဇာတ်ကားတစ်ကားပါ၊ ကားရဲ့ အက်ရှင်ခန်းတွေက one-shot ရိုက်ချက်တွေကို တစ်နာရီသာပြင်ဆင်ချိန်ယူပြီး တစ်ကြိမ်တည်းနဲ့အမိအရ ရိုက်ခဲ့တာပါတဲ့။ တကယ်လဲ အဲ့ဒီအက်ရှင်ခန်းတွေက သဘာဝကျပြီး ကြည့်ကောင်းပါတယ်။IMDb Rating (6.6) ရရှိထားပါတယ်...။  File size…(800 MB) and (1.7 GB) Quality….WEB-DL 1080p and 720p (HEVC Encode) Format…mkv / mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Army of One (2020)

HEVC 1080p
The Scorpion King: Quest for Power (2015) 4.2
The Scorpion King: Quest for Power (2015) ဒီကားကတော့ Scorpion King ဇာတ်ကားတွေရဲ့ ၄ ကားမြောက်ဇာတ်ကားဖြစ်ပါတယ်...ဒီဇာတ်ကားမှာတော့ ကင်းမြှီးကောက်ဘုရင်ကြီးလို့လူသိများကြတဲ့မက်သားရက်ဟာ သေဆုံးသွားပြီဖြစ်တဲ့ မှော်ဆရာကြီးတဖြစ်လဲဘုရင်ကြီးဖြစ်တဲ့ ဘုရင်အာခမန်ရဲ့ သရဖူကို အန္တရာယ်တွေကြားထဲကနေစွန့်စားပြီးတော့ သွားယူမှာပဲဖြစ်ပါတယ်....ဒီသရဖူဟာ လှို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေပြီးတော့ဝှက်ထားတဲ့ မေးခွန်းတွေကိုဖြေနိုင်မှသာရှိတဲ့နေရာကိုသိနိုင်မှာပါ...နောက်ပြီးတော့ အဲနေရာကလည်း အန္တရာယ်တွေပြည့်နေတဲ့နေရာတစ်ခုပါ...ဒီတော့ ကင်းမြှီးကောက်ဘုရင်ကြီး မက်သားရစ် ဘယ်လိုသွားမလဲဒီကားထဲမှာကော ဘယ်လိုမိန်းမချောလေးတွေပါမလဲဆိုတာကြည့်လိုက်ရအောင်လားဒီကားလေးဟာ အက်ရှင်ကားတွေကြိုက်တဲ့လူတွေအတွက်စိတ်ကျေနပ်မှု့တစ်ခုဖြစ်စေမှာဖြစ်ပြီးတော့မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ကြည့်ရှု့နိုင်ပါတယ်...File Size : (901 MB) and (315 MB) Quality : BluRay 720p Running Time : 1hr 45min Format : Mp4 Genre : Action , Adventure , Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : BluRay 1080p Translated by Crisis A Arrow Team Encoded by Moe Myint Lwin 
movie

The Scorpion King: Quest for Power (2015)

2015