Channel Myanmar

Ellis E. Williams

17 Again (2009) 6.4
17 Again (2009)   ဒီဇာတ်ကားလေးကိုတော့ အတော်လေးသဘောကျမိပါတယ်..ပေါ့ပေါ့ပါးပါးရိုက်ကူးထားပြီးကြည့်ရှုသူရဲ့ ရင်ထဲမှာလည်း စိတ်လက်ပေါ့ပါးသွားစေမယ့်ဇာတ်ကားမျိုးလေးပါ..တစ်နေ့တာအတွက်စိတ်ပင်ပန်းသူတွေ စိတ်အပန်းဖြေ အပျင်းပြေ ကြည့်ဖို့အတွက် အထူးသင့်တော်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်...မင်းသား Zac Efron နဲ့ Friends စီးရီးထဲက ချန်ဒလာဘင်း တဖြစ်လဲ Matthew Perry , Eurotrip မင်းသမီး Michelle Trachtenberg,The Other Woman မင်းသမီး Leslie Mann တို့ပါဝင်သရုပ်ဆောင်ထားပြီး...IMDb Rating မှာ 6.4 ရရှိထားတဲ့ Comedy, Drama, Fantasy အမျိုးအစားဇာတ်ကားလေးပါ။ဇာတ်လမ်းလေးကစိတ်ဝင်စားဖို့ကောင်းပါတယ်...ပထမဆုံးဇာတ်လမ်းစစချင်းမှာ မိုက်ခ် က ဘတ်စကတ်ဘောကစားသမားတစ်ယောက်ပေါ့ အဲဒီ့ အားကစားမှာသူဟာထူးလည်းထူးချွန်တယ်..ဝါသနာလည်းအရမ်းပါတယ်..သူတို့ကျောင်းပွဲတစ်ပွဲက ကစားရမယ့်ပွဲက သူ့ရဲ့အနာဂတ်အတွက်ပေါ့..ဖြစ်ချင်တဲ့အဲ့နေ့ ကစားတဲ့ပွဲမစခင်လေးမှာ သူ့ချစ်သူ စတားလက် ရောက်လာပါတယ်..အဝေးကိုထွက်သွားရတော့မယ့်အကြောင်းပြောတယ်..မိုက်ခ်မှာလည်း သူ့ရဲ့အရမ်းဝါသနာပါတဲ့အားကစားနဲ့သူချစ်ရတဲ့ချစ်သူကို ရွေးချယ်ရမယ့်အချိန်မှာတော့ စတားလက် ကိုသာ ရွေးချယ်ခဲ့ပါတယ်.....နှစ်ပေါင်း 20 ကြာပြီးတဲ့နောက်မှာတော့ မိုက်ခ်တစ်ယောက် အလုပ်တွေကအဆင်မပြေ.. ဇနီးဖြစ်သူနဲ့လည်းအဆင်တော့ပါဘူး..စတားလက်ကလည်း တရားရုံးကနေ တဆင့်ကွာရှင်းခွင့်တောင်းထားသလို မိုက်ခ်ကလည်း သားသမီးတွေနဲ့ နွေးထွေးတဲ့ဆက်ဆံမှုမျိုးသိပ်မရှိဘူး...တစ်နေ့သူ့သားနဲ့သမီးတက်နေတဲ့ ကျောင်းကိုရောက်သွားတော့ ဟိုးအရင်လူငယ်ဘဝတုန်းက အဲ့ကျောင်းမှာ ဘတ်စကတ်ဘောကစားခါနီး ရိုက်ထားခဲ့တဲ့သူ့ပုံကိုပြန်လည်တွေ့သွားတော့ မိုက်ခ်တစ်ယောက်အတိတ်ကို လွမ်းဆွတ်ဟန်နဲ့ပြန်စဉ်းစား မိသွားတယ်..သူ့စိတ်ထဲမှာတွေးနေခဲ့တဲ့အရာတခုက အဲ့အချိန်တုန်းက သူက ...
movie

17 Again (2009)

Jackie Brown(1997) 7.5
Jackie Brown(1997) Jackie Brown(1997)IMDb....7.5,,,,,,,Rotten.....87%ဂျက်ကီဘရောင်းဆိုတဲ့ အမေရိကန်လေယာဉ်မယ်တစ်ဦးဟာ လစာသိပ်မကောင်းတဲ့လေကြောင်းလိုင်းမှာ အလုပ်လုပ်ရင်း လက်နက်မှောင်ခိုသမားတစ်ယောက်ရဲ့ မက္ကဆီကိုကသန်းတစ်ဝက်လောက်ရှိတဲ့ငွေတွေကို နည်းနည်းစီ ခွဲပြီး မှောင်ခိုသယ်ပေးနေခဲ့ပါတယ် …...သူ့အတွက် အခက်အခဲ အနည်းငယ်လောက်သာရှိပြီး ငွေလေးလည်း မြိုးမြိုးမျက်မျက်ရလေတော့ ဂျက်ကီဘရောင်းအတွက် တကယ့်ကိုအဆင်ပြေနေတယ်...သူကူညီပေးနေတဲ့ လက်နက်မှောင်ခိုသမား ဟာ အနည်းဆုံး လူ ဆယ်ယောက်ခန့် သတ်ထားပြီးတော့ ပိုက်ဆံနဲ့ပတ်သက်ရင် လက်ရဲဇတ်ရဲ သတ်ဖြတ်တတ်သူပါ …ရဲတပ်ဖွဲ့ကလည်း ဘယ်သူမှန်းမသိသေးပေမယ့် အပူတပြင်းအလိုရှိနေတဲ့တစ်ယောက်ပေါ့ …....ဒီလက်နက်မှောင်ခိုသမားဟာ ရဲတွေကြားမှာ ဘယ်လိုအကွက်ရွှေ့ရမလဲသိသလိုအခက်အခဲကြုံလိုက်တိုင်းလည်း သွေးအေးအေးနဲ့ ဖြတ်သန်းတတ်သူပါ......အမှုလိုက်တဲ့ရဲတွေ မှောင်ခိုသမားတွေ လက်ရဲဇက်ရဲ လူသတ်သမားတွေနဲ့ဂျက်ကီဘရောင်းဆိုတဲ့လေယာဉ်မယ်အမျိုးသမီးတို့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး......ဇာတ်ကားတစ်ကားလုံး နှစ်နာရီခွဲ သုံးနာရီခန့်ကြာမြင့်သော်လည်း စိတ်ဝင်စားစရာအပြည့်နဲ့ဖြစ်တာတစ်ကြောင်း ကြည့်ရှုသူပရိသတ်ပါ ဥာဏ်ကစားနိုင်အောင် မြှုပ်ကွက်လေးတွေနဲ့ရိုက်ထားတဲ့ကားဖြစ်လို့ ထိုင်ရာကမထချင်အောင် စွဲဆောင်မယ့် ဇာတ်ကားဖြစ်တဲ့အပြင် • နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့Pam Grier • Samuel L. Jackson • Robert Forster • Bridget Fonda • Michael Keaton • Robert De ...
movie

Jackie Brown(1997)

1997