Channel Myanmar
Elsie Fisher
Memory (2023) 6.7
Memory (2023) Memory (2023)~ IMDb - 6.7/10, RT - 84%, Meta - 72% ~လူတွေရဲ့ မှတ်ဉာဏ်ဟာ ယုံစားလို့မရဘူး။ လူတွေက သူတို့မှတ်မိချင်တာကို မှတ်မိနေကြတတ်တယ်။ စာရေးဆရာတစ်ယောက်ရဲ့ သူ့ငယ်ဘဝအကြောင်း သူရေးတဲ့စာအုပ်ထဲမှာတောင် တကယ်တမ်းမဖြစ်ခဲ့တာတွေ ပါကောင်းပါနေနိုင်တဲ့အထိ မှတ်ဉာဏ်ဟာ ယုံစားလို့မရဘူး။ မှတ်ဉာဏ်ဟာ ကျွန်တော်တို့မှတ်မိချင်တာတွေကို မှတ်မိနေတတ်တယ်။ ဆစ်ဂမန်ဖရွိုက်ကတော့ မှတ်ဉာဏ်ဆိုတာ မသိစိတ်အစုအထုံးတစ်ခုလို့ ဆိုတယ်။ Memory ဟာ အဲဒီမှတ်ဉာဏ်တွေရဲ့အကြောင်းလို့ပြောရမယ်။ ဇာတ်ကောင်အားဖြင့် အဓိကတော့ ၂ ယောက်ပါတယ်။ တစ်ယောက်က စိတ်ကျရောဂါရှိနေတယ်။ တစ်ယောက်က အတိတ်မေ့မေ့သွား သတိလွတ်လွတ်သွားတတ်တဲ့ရောဂါရှိနေတယ်။ နောက်တစ်ယောက်တော့ပါသေးတယ်။ သူက အခန်းတော့သိပ်မများဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းမှာ လူ့မှတ်ဉာဏ်က မှတ်မိချင်တာတွေကိုပဲ မှတ်မိနေတတ်တယ်ဆိုတာကို ရာနှုန်းပြည့်ပေါ်လွင်စေခဲ့တဲ့ ကားနာမည်အရတော့ သူ့ကိုလည်း အဓိကထဲထည့်ရမှာပဲ။ဇာတ်လမ်းရဲ့ ဗဟိုချက်မဇာတ်ကောင်က အမျိုးသမီးတစ်ယောက်။ သူ့ဘဝကို သူခက်ခက်ခဲခဲရှင်သန်နေရတဲ့ အမျိုးသမီးတစ်ယောက်။ ...
movie
Memory (2023)
2023
4K HEVC
My Best Friend’s Exorcism (2022) 5.1
My Best Friend’s Exorcism (2022) Prime က ရိုက်ကူးထားတဲ့ လူငယ်ဆယ်ကျော်သက် သရဲကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၇၀ , ၈၀ ကာလမှ ဇာတ်အိမ်တည်ထားတဲ့အတွက် Stranger Things ဆန်ဆန်အငွေ့အသက်တွေနဲ့ ရစေမှာပါ...အက်ဘီနဲ့ဂရက်ချန်လန့်ဆိုတဲ့ သူငယ်ချင်းကောင်မလေး ၂ ယောက်ရှိပြီး တစ်ယောက်နဲ့တစ်ယောက် အတိုင်အဖောက်ညီပြီး အရမ်းခင်ကြပါတယ်... တစ်နေ့ ကျောင်းက သူငယ်ချင်းတစ်စုနဲ့ မြို့အစွန်က ရေကန်အိမ်မှာ ပျော်ပွဲစားထွက်ကြရင်း ညဘက် သရဲခေါ် ဘုတ်ပြားဂိမ်းအတူတူဆော့တာကနေ ဇာတ်လမ်းစပါတော့တယ်။ ဂရက်ချန်ကို အမည်မသိ မကောင်းဆိုးတစ်ကောင်ဝင်ပူးသွားပြီး....ဘယ်သူမှမသိလိုက်ပါဘူး ကျန်တဲ့ သူငယ်ချင်းတွေလည်း ဘာမှမဖြစ်သလိုပုံမှန်ပဲနေခဲ့ကြပြီး....နေ့စဉ်ဘဝကို ဆက်လက်ဖြတ်သန်းနေပါတယ် ဒါပေမယ့် ဝင်ပူးခံရတဲ့ ဂရက်ချန်ရဲ့ အပြုအမူတွေကဟာ တစ်နေ့တစ်နေ့ပိုပိုဆိုးလာပြီး အက်ဘီက ရိပ်မိသွားပါတော့တယ်....အက်ဘီတစ်ယောက် သူ့အချစ်ဆုံး သူငယ်ချင်းကို ဘယ်လို သရဲနှင်မလဲဆိုတာကိုတော့ ဒီကားလေးမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)File size…(1.95GB)/(877MB)/(428Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre...Horror / / Comedy / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
My Best Friend’s Exorcism (2022)
Texas Chainsaw Massacre (2022) 8.1
Texas Chainsaw Massacre (2022) တက္ကဆက်ရဲ့ လွှစက်ကြီးနဲ့ လူအရေခွံမျက်နှာဖုံးနဲ့ လူသတ်သမားဟာဟော်ရာရုပ်ရှင်ကြိုက်သူတိုင်းရဲ့ အသည်းစွဲပါပဲ။ အတော်များများရဲ့အိပ်မက်ထဲကိုလည်းအလည်လာဖူးမှာပါ။ စုစုပေါင်း ရှစ်ကား ထွက်ရှိဖူးပြီး ဒါကတော့ ၉ ကားမြောက်ပါပဲ။ဟော်ရာပရိသတ်တွေအကြိုက်တွေ့တာမို့ rating လည်းအတော်ကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းတက္ကဆက်ရဲ့ လူမနေတော့သလောက်ဖြစ်နေတဲ့ ဟာလိုမြို့လေးကိုအင်တာနက်ပေါ်က နာမည်ကြီးလူငယ်တစ်သိုက်က ပရိုမိုးရှင်းဆင်းပြီးဆိုင်ခန်းတွေ အိမ်ခန်းတွေ ရောင်းချဖို့ ကြိုးစားလာပါတယ်။ အဲဒီမှာသူတို့ပထမဆုံး ဝယ်ထားတဲ့ အိမ်က အကြွေးမပေးနိုင်လို့ ဘဏ်က သိမ်းထားတဲ့အိမ်ဖြစ်နေပြီမူလအိမ်ပိုင်ရှင်အဘွားကြီးတစ်ယောက်နေထိုင်ပါတယ်။ အဘွားကြီးမှာတော့ထူးဆန်းတဲ့ သားတစ်ယောက် ရှိတာပေါ့။ လူငယ်အဖွဲ့ရောက်လာပြီးအဘွားကြီးကို နှင်ထုတ်ဖို့ ကြိုးစားရင်နဲ့ မထင်မှတ်တာတွေ ဖြစ်လာတဲ့အခါ...  File size…571MB /  1,5GB Quality…720p AAC 2.0CH  / 1080p AAC 5.1CH Format…mp4 Duration….1h 21min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr.Anderson
movie
Texas Chainsaw Massacre (2022)
2022
The Addams Family 2 (2021) 6.2
The Addams Family 2 (2021) The Addams Family 2 (2021)======================IMDb Rating - 6.2/10ဒီတစ်ခါတော့ Animation ပရိတ်သတ်တွေနဲ့ မစိမ်းတဲ့ The Addams Family ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ဒီ Animation ဟာ အပိုင်း(၁)တုန်းကလည်း လူကြိုက်များခဲ့ပြီး . အခုထွက်ရှိတာကတော့ သူ့ရဲ့ အဆက် အပိုင်း(၂)ဖြစ်ပါတယ်။အရင်ကားမှာတုန်းက အက်ဒမ်မိသားစုရဲ့ ထူးဆန်းတဲ့ နေထိုင်ပုံ‌တွေ၊ ပတ်၀န်းကျင်နဲ့ သဟဇာတမဖြစ်မှု‌‌တွေ၊ အလွဲလွဲအချော်ချော်ဖြစ်ရပ်တွေကို ဟာသနှောပြီးတင်ဆက်ခဲ့သလိုမျိုးပဲ၊ ယခုနံပါတ် 2 မှာကတော့ မိသားစုအချင်းချင်း စည်းလုံးမှုပိုမိုရရှိစေရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ခရီးအတူတူထွက်ကြတဲ့အကြောင်းကို လွဲချော်မှုတွေ၊ ရယ်စရာတွေနဲ့ ပေါင်းစပ်ရိုက်ကူးထားတာဖြစ်ပါတယ်။Addam Family Animation ဟာ ထူးဆန်းတဲ့ရေးဆွဲဟန်ကြောင့် Animation တွေထဲမှာ အမြင်တစ်မျိုးတစ်မျိုးဆန်းသစ်ပြီးHotel Transylvania လို Type မျိုးကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ကြည့်ကောင်းတဲ့ ကားကောင်းတစ်ကားဖြစ်ပါလိမ့်မယ်လို့လို့မျှော်လင့်ရင်း တင်ဆက်ပေးလိုက်ရပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Tar Tee Poe ...
movie
The Addams Family 2 (2021)
2021
The Addams Family (2019) 5.8
movie
The Addams Family (2019)
2019
Minions Holiday Special (2020) 7.0
Minions Holiday Special (2020) Illumination Presents: Minions Holiday Special (2020)=======================================IMDb Rating - 7.0/10#Unicodeကိုဗစ်ကြောင့်ခရီးမထွက်ရလို့စိတ်ညစ်နေတဲ့လူတွေကိုပျော်ရွှင်စေဖို့ Minions လေးတွေလာပါပြီ။Holiday Special အနေနဲ့ Minions ဇာတ်လမ်းတိုလေး(၄)ပုဒ်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။Minionsလေးတွေကိုမြင်တာနဲ့ ဇာတ်လမ်းလေးတွေက ဘယ်လိုဖြစ်မယ်ဆိုတာကိုသိနေကြမယ်လို့ထင်တာကြောင့် ထွေထွေထူးထူးမပြောတော့ပါဘူး။ဇာတ်လမ်းတိုလေးတွေဖြစ်တဲ့အတွက် . နည်းနည်းလေးပြောပြလိုက်ရုံနဲ့ အနှစ်အရသာလျော့သွားနိုင်တာမို့ မိမိဘာသာဒီဇာတ်လမ်းလေးကိုဒေါင်းကြည့်ကြပါကုန်။အခုကားလေးကိုကြည့်ပြီး တစ်ရက်တာကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလိုက်နိုင်ကြပါစေ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။   Quality – 1080p WebRip/720pDuration - 21 minSubtitle – Myanmar HardsubFormat – Mp4Genre : Animation, Short, Comedy Translator – Chit TeeEncoder – SWM
movie
Minions Holiday Special (2020)
2020
Eighth Grade (2018) 7.2
Eighth Grade (2018) Eighth Grade (2018) IMDb - 7.4/10_____Rotten - 99%    ဒီရုပ်ရှင်ကားဟာ ဆုပေါင်း ၆ ဆုလောက် ရထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဆုရဖို့ စကာတင် ၃ ခါ လောက် ရှိခဲ့ပါသေးတယ် အသက် ၁၃ နှစ်လောက်ပဲ ရှိသေးတဲ့ ကေလာဒေး ဆိုတဲ့ ၈ တန်းကျောင်းသူ ဆယ်ကျော်သက် ရဲ့ ဘဝ ဖြတ်သန်းမှု လေးကို ပုံဖော်ထားတာပါ ကေလာ မှာ သူ့ကို ချစ်ပေးမဲ့ အဖေသာ ရှိပြီး အမေ မရှိတော့ပါ ဒီတော့ ကာ တိုင်ပင်ရလောက်တဲ့ အနေအထားတစ်ချို့ အဖေဆီမှာ မရှိတဲ့ အတွက် အဖေက ဘယ်လိုပဲ အမေနေရာက ဂရုစိုက်စိုက် ကေလာ အတွက် တစ်ချို့ ကိစ္စတွေမှာ သင်ကြားပြသပေးမဲ့သူ မရှိပါဘူး ကေလာ ဟာ ရုပ်နည်းနည်းဆိုးပြီး ဗိုက်ပူပူ ခါးတုတ်တုတ် ကလေးမလေးပါ ဒါကြောင့် ကျောင်းမှာ သူဟာ အပယ်ခံလိုလို ဘာလိုလိုတွေ ဖြစ်ပြီး ကျောင်းရဲ့ ဆယ်လီတွေကြား သူ့ကိုကြိုက်မယ့် ကောင်လေးလဲ မရှိပါဘူး သူ့မှာ အဖော်ကောင်းဆိုလို့ သူပိုင်တဲ့ Youtube Channel လေး တစ်ခုရှိပါတယ်    အဲ့ဒီမှာ သူတင်တဲ့ အကြောင်းအရာတွေက လူတစ်ယောက် ရဲ့ ...
movie
Eighth Grade (2018)
2018