Channel Myanmar

Elyse Mirto

Love at First Like (2023) 6.1
Love at First Like (2023)  လက်တလောကမှ မင်္ဂလာပွဲပျက်သွားတဲ့ အဆိုးမြင်ဝါဒီသမား ဂျာနယ်လစ်မလေး ကေစီ နဲ့ အွန်လိုင်းပေါ်က Date app တစ်ခုရဲ့ ဆယ်လီတစ်ဦးဖြစ်တဲ့ မာနကြီးကြီး ခပ်ချေချေ ပါဖြောင့်ဖြောင့် ရိုင်ယန် တို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့လိုင်းပေါ်မှာ မိန်းကလေးတွေအတွက် Date နဲ့ပတ်သတ်ပြီး အကြံဉာဏ်တွေပေးပြီးတော့ ပျိုတိုင်သည်းသည်းလှုပ်ဖြစ်နေတဲ့ ရိုင်ယန် က ယောကျ်ားလေးတွေအတွက် အကြံဉာဏ်တွေနဲ့ အကွက်တွေကို စာအုပ်ထုတ်ဖို့အတွက် ပရိုမိုးရှင်းလုပ်ဖို့ရှိလာတာကနေ မဂ္ဂဇင်းတိုက်တစ်ခုနဲ့ လက်တွဲဖို့ဖြစ်လာတော့ ဂျာနယ်လစ်မလေး ကေစီ နဲ့ ရေစက်ဆုံပြီး ဘယ်လိုမျိုး ကို့ယို့ကားယားနိုင်ပြီး တလွဲတွေနဲ့ ရိုဆန်ကြဦးမလဲဆိုတာကိုတော့......ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie

Love at First Like (2023)

Imani (2023)
Imani (2023)  IMDb 3.5/10 Rotten tomatoes 70% ဒီကားလေးကတော့ ခုလတ်တလောကမှထွက်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် Faith ဆိုတဲ့ အမျိုးသမီးဟာ အတိတ်မေ့ရောဂါကိုခံစားနေရတဲ့ သူဖြစ်ပြီးတော့ သူမရဲ့နေ့စဥ်ဘဝကိုပုံမှန် ဖြတ်သန်း နေနေရာကနေပြီးတော့ သူမရောဂါပြန်သက်သာလာပြီးတော့ မှတ်ဉာဏ်တွေကို အိမ်မက်တွေအဖြစ် ပြန်လည်မြင်ယောင် လာခဲ့တယ်။ တစ်ရက်မှာတော့ သူမဟာပြန်ပေးဆွဲခံရပြီးတော့ ရုတ်တရက် ခေါင်းကိုအရိုက်ခံလိုက်ရ ရာကနေပြီးတော့ သူ့ရဲ့မှတ်ဉာဏ်တွေကိုပြန်ရလာတဲ့အချိန်မှာပဲ သူမကိုသတ်ဖို့ကြိုးစားနေတဲ့သူတွေဟာတစ်ယောက်ပြီးတစ်ယောက်ပေါ်လာခဲ့ရာကနေပြီးတော့ ဘယ်လိုတွေဖြေရှင်းသွားလဲဆိုတာကို action ဆန်ဆန်ရိုက်ကူးထားတဲ့ action, mystery , thriller အမျိုးအစားပဲဖြစ်ပါတယ်။ File size…(1.6 GB)/(760 MB)/(430 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Thura
movie

Imani (2023)

Disturbia (2007) 6.8
Disturbia (2007)  မှန်ဘီလူးတစ်လက်နဲ့ ပတ်ဝန်းကျင်ကိုစပိုင်လုပ်နေရင်းထူးဆန်းတာတွေကြုံလာဖူးလား.... ဒီဇာတ်လမ်းလေးမှာတော့ ကေးလ်ဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ဟာ  စာသင်ခန်းထဲမှာဆရာကိုလက်သီးနဲ့ထိုးမိလို့ နေအိမ်အကျယ်ချုပ်ပုံစံမျိုးကျပြီး အိမ်ထဲမှာပဲ၃ လ လောက်အောင်းရမဲ့ကိန်းဆိုက်လာပါတော့တယ်။အပြင်ထွက်လည် သူငယ်ချင်းတွေနဲ့ပျော်တတ်တဲ့အရွယ်မှာအိမ်ထဲပိတ်မိနေလို့ ကေးလ်တစ်ယောက် မှန်ဘီလူးတစ်လက်နဲ့ပတ်ဝန်းကျင်ကအိမ်တွေကို တစ်နေကုန်စောင့်ကြည့်ပါတော့တယ်။သူကြည့်တဲ့အထဲမှာ သူ့အိမ်ဘေးကိုပြောင်းလာတဲ့ မိသားစုထဲကသူနဲ့ရွယ်တူကောင်မလေးကိုတော့ ပိုအချိန်ပေးဖြစ်တာပေါ့။အဲ့အချိန်မှာ ဆံပင်အနီရောင်ကောင်မလေးတွေကို ပြန်ပေးဆွဲသတ်ဖြတ်မှုကလဲ သတင်းထွက်လာတဲ့အချိန် သူတို့အိမ်ဘေးကလူရဲ့နေထိုင်ပုံကလဲ မသင်္ကာစရာတွေဖြစ်လာချိန်မှာတော့စပ်စုတတ်တဲ့ ကောင်လေးဘယ်လိုဖြစ်လာမယ်ဆိုတာကိုဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။မင်းသားကတော့ Transformers ကားထဲက မင်းသားဖြစ်ပြီးသူနဲ့တွဲတဲ့မင်းသမီးတိုင်းကတကယ့်ကို အချောအလှတွေဆိုတာတော့ပြောစရာမလိုလောက်ဘူးထင်ပါတယ်။Crime, Drama,Mystery ဇာတ်ကားအမျိုးအစားဖြစ်ပြီး IMDBမှာလဲ မှတ်ချက်ကောင်းတွေပိုင်ဆိုင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…2.13GB / 858MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 45m Genre ..... Drama , Mystery , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie

Disturbia (2007)

Wicked (The Wicked Trilogy) (2021) 5.2
Wicked (The Wicked Trilogy) (2021) Wicked (The Wicked Trilogy) (2021)==========================IMDb Rating - 5.2/10Wicked Trilogy အနေနဲ့သုံးကားထွက်မယ့်အထဲက ပထမဆုံးကားဖြစ်ပါတယ်။ဇာတ်လမ်းအနေနဲ့ ဖေးလို့ခေါ်တဲ့ ဝိဉာဥ်စားသုံးတဲ့ မကောင်းဆိုးဝါးတွေဟာ တစ်ဖက်လောကနဲ့ကမ္ဘာကိုဆက်သွယ်ပေးမယ့် တံခါးပေါက်တွေကို ဖွင့်ဖို့အတွက် ကြိုးစားနေပါတယ်။ ဒါကို ဖေးတွေကိုလိုက်လံနှိမ်နင်းနေတဲ့ The Order လို့ခေါ်တဲ့ အမိန့်တော်ဂိုဏ်းသားတွေက ဖေးတွေရဲ့ကမ္ဘာဖျက်ကိန်းအကြံအစည်ကို မအောင်မြင်အောင်တားဆီးဖို့ နည်းလမ်းရှာ ကြိုးစားကြရမှာဖြစ်ပါတယ်။ ရုပ်ရှင်အညွှန်းအနေနဲ့  အပျင်းပေါ့ပေါ့ပါးပါး ကြည့်ရှုဖို့အတွက်သင့်တော်မယ့် ဇာတ်ကားမျိုးဖြစ်တယ်လို့ပဲ ညွှန်းပေးပါရစေ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Han Htoo Zaw မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Mr.Anderson နဲ့ Han Htoo Zaw တို့ ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 54minSubtitle – Myanmar HardsubFormat – Mp4Genre : Drama, ...
movie

Wicked (The Wicked Trilogy) (2021)

2021