Channel Myanmar

Elza Kļaviņa

Raven’s Hollow (2022) 5.3
Raven’s Hollow (2022) Raven's Hollow (2022) ================အမေရိကန် နိုင်ငံရဲ့ ၁၈၃၀ ခုနှစ် ဆောင်းဦးကာလမှာ ဗိုလ်လောင်း အက်ဂါ ပိုး ဟာ တခြား ဗိုလ်လောင်း ၄ ယောက်နဲ့အတူ လေ့ကျင့်ရေးကွင်းဆင်းဖို့ ထွက်လာခဲ့ပါတယ်။ ထိုသို့ ထွက်လာရင်း လူတစ်ယောက်ကို စာ‌ခြောက်ရုပ်သဖွယ် ကြိုးတွေနဲ့ ချည်ထားပြီး ဗိုက်ကို ဓားနဲ့ အခွဲခံထားရတာကို တွေ့လိုက်ရပါတယ်။ ထိုသူမသေခင် နောက်ဆုံး ပြောသွားတဲ့ စကားမှာ "ကျီးကန်း" ဆိုပြီး တစ်ခွန်းတည်း ပြောသွားခဲ့ပါတယ်။ထိုအခါမှာ ပိုးလည်း လိုက်စုံစမ်းရင်း ကျီးကန်းဆိုတဲ့ မြို့လေးတစ်မြို့ဆီကို ရောက်သွား ပါ‌တော့တယ်။ အဆိုပါ မြို့လေးဟာ သေးငယ်ပြီးတော့ လူလည်း မရှိသလောက်ဖြစ်နေပါ တော့တယ်။ လူတစ်ယောက်က သူတို့ကို မနေဖို့ တားပေမယ့် ဆက်နေခဲ့ကြပါတယ်။ ထိုနေ့ညမှာပဲ သူတို့ထဲက တစ်ယောက် ပျောက်ဆုံးသွားပါတော့တယ်။ထိုမြို့လေးကတော့ "ကျီးကန်း" ဆိုသည့်အရာကြီးကို နတ်ဆိုးအဖြစ် သတ်မှတ်ထားပြီး ကြောက်ရွံ့နေပါတယ်။ ပိုးတို့ လူတစ်စုလည်း မြို့မှာ သောင်တင်နေပြီး ထွက်ဖို့ ကြိုးစားတဲ့ သူက သေဆုံးသွားပါတော့တယ်။ ...
movie

Raven’s Hollow (2022)

2022