Channel Myanmar

Emiliano Torres

Aristotle and Dante Discover the Secrets of the Universe (2022) 7.1
Aristotle and Dante Discover the Secrets of the Universe (2022)  Aristotle and Dante Discover the secrets of the Universeဆိုတဲ့ရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ဆယ်ကျော်သက်LGBT အချစ်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကအလားတူနာမည်နဲ့ပဲနာမည်ကျော်ခဲ့တဲ့ဝတ္တုကို ဒါရိုက်တာ Aitch Alberto ကရိုက်ကူးပေးထားပြီး Max Pelayo နဲ့ Reese Gonzales တို့ကအဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ BL ပရိသတ်တွေအတွက်အချစ်ဇာတ်လမ်းချိုချိုလေးတစ်ပုဒ်အဖြစ် ချီးကျူးမှုရရှိထားတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း****************အချိန်ကာလအားဖြင့် ၁၉၈၇ ခုနှစ်နောက်ခံ မက္ကဆီကိုနိုင်ငံအယ်လ်ပါဆိုမြို့က ဆယ်ကျော်သက်ကောင်လေးအာရီဟာနွေရာသီတစ်ခုမှာ သမားရိုးကျမဟုတ်တဲ့ အမေရိကန်နွယ်ဖွားဒန်တီဆိုတဲ့ကောင်လေးနဲ့ တွေ့ဆုံရာကနေစတင်ခဲ့ပါတယ်။ မတူညီမှုတွေအများကြီးရှိတဲ့ကြားကပဲ အာရီနဲ့ဒန်တီဟာ အချိန်တိုအတွင်းအချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ ကားတိုက်ခံရတော့မယ့်ဒန်တီကို အာရီက အသက်နဲ့ရင်းကယ်တင်ခဲ့ပြီးတဲ့နောက် ဒန်တီဟာဖခင်ရဲ့အလုပ်ကြောင့် ချီကာဂိုမှာ တစ်နှစ်ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။အနေဝေးနေတဲ့သူငယ်ချင်းနှစ်ယောက်ကြားမှာ စာတွေအဆက်အသွယ်ရှိနေခဲ့ပြီး တစ်နှစ်နေလို့ ဒန်တီပြန်လာချိန်မှာတော့သူငယ်ချင်းသံယောဇဉ်တွေက အရောင်ပြောင်းနေခဲ့ပါပြီ။ ဒန်တီကအာရီအပေါ်ထားတဲ့သူ့ရင်တွင်းခံစားချက်တွေကိုထုတ်ပြောလိုက်ပြီးတဲ့နောက်အာရီကဘယ်လိုဆုံးဖြတ်မယ်ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.44GB / 662MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Drama Subtitle….Myanmar Subtitle ...
movie

Aristotle and Dante Discover the Secrets of the Universe (2022)

The Revenant (2009)
The Revenant (2009)  နယ်စပ်တစ်ခုမှာတာဝန်ထမ်းဆောင်ရင်း တိုက်ပွဲကျသွားတဲ့ တပ်သားဘတ်ဂရေဂိုရီဟာ သေဆုံးပြီး၁လကျော်အကြာမှ သူ့အလောင်းကသူရဲ့မိသားစုတွေဆီကိုပြန်ရောက်လာပါတယ် သူ့ရဲ့မိသားစုတွေနဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်က သူ့ရဲ့သေဆုံးမှုအတွက်ယူကြုံးမရဖြစ်ကြရပြီး သူ့ရဲ့ချစ်သူကောင်မလေးကလဲ သူ့ကိုအရမ်းချစ်ပြီးလက်ထပ်ဖို့အထိရည်ရွယ်ထားတာမလို့ဖြေမဆည်နိုင်လောက်အောင်ကိုဝမ်းနည်းနေရပါတယ်ဒါပေမယ့် အလောင်းကိုမြေချပြီးနောက်ရက်မှာပဲ ဘတ်ဂရေဂိုရီကအခေါင်းထဲက ပြန်နိုးလာပြီး သူ့ကိုယ်တိုင်အရှင်လတ်လတ်မြေမြုပ်ခံထားရတယ်အထင်နဲ့ သူ့သူငယ်ချင်းဂျိုဝီကိုအပြေးသွားရှာပါတယ် ဒါပေမယ့်ဂျိုဝီမြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ဘတ်ဂရေဂိုရီကပုပ်သိုးပြီးအနံ့တောင်ထွက်နေပါပြီ ဒါပေမယ့်လည်းသစ္စာရှိလွန်းတဲ့သူငယ်ချင်းက သူ့ဘော်ဒါမိုက်ရူးရဲဆန်စွာ ဖွက်ထားပြီး လိုအပ်တာအကုန်လုံးကို ဥပဒေနဲ့ညီတာမညီတာမတွေးတော့ဘဲ အကုန်လိုက်လုပ်ပေးရာကစလို့ကြောက်မက်ဖွယ် ဗရမ်းဗတာကိစ္စတွေဖြစ်လာရပါတော့တယ်... File size…(1.7 GB)/(795 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Del Lune
movie

The Revenant (2009)