Channel Myanmar

Emma Fassler

A Million Miles Away (2023) 7.6
A Million Miles Away (2023)  ဘဝမှာဖြစ်ချင်တဲ့ အိပ်မက်တွေပန်းတိုင်တွေဆိုတာကလူတိုင်းမှာရှိကြမှာပါ။အဲ့ဒီအရာတွေကို အကောင်အထည်ဖော်ဖို့ကလည်း နည်းမှန်လမ်းမှန်နဲ့ မဆုတ်နစ်သောဇွဲနဲ့ကြိုးစားမှဖြစ်နိုင်မှာပါ။အဲ့ဒီအပြင်ကိုမှ ကိုယ်သာကြိုးစားရင် မဖြစ်နိုင်တဲ့အရာဆိုတာ မရှိပါဘူးဆိုတာကိုA Million Miles Away ဆိုတဲ့ဖြစ်ရပ်မှန် ဇာတ်ကားလေးနဲ့ဖော်ကျူးထားတာကိုကြည့်ရမှာပါ။ ဟိုဆေးဟာနန်ဒက်ဇ်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့ရဲ့မိသားစုနဲ့အတူပိုကောင်းတဲ့ ဘဝကိုပိုင်ဆိုင်ရဖို့အတွက် မက္ကဆီကိုကနေကယ်လီဖိုးနီးယားကိုပြောင်းရွှေ့ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာ သူတို့လိုတိုင်းတစ်ပါးကပြောင်းရွှေ့လာကြသူတွေဖြစ်တဲ့ ယောက်ျားမိန်းမ လူကြီးလူငယ်ကလေး ဘယ်သူမဆို လယ်အလုပ်ကိုပဲလုပ်ကိုင်ကြရပါတယ်။ဒါပေမယ့် ဟိုဆေးကအရမ်းဉာဏ်ကောင်းတဲ့ ကလေးဖြစ်တဲ့အတွက်ကျောင်းတစ်ဖက်နဲ့ လယ်အလုပ်တစ်ဖက်ဆိုရင် ပညာရေးကိုထိခိုက်စေမှာ ဖြစ်ကြောင်းဆရာမကပြောတဲ့အခါ သူ့မိဘတွေကသူတို့ရဲ့ အိမ်ဆောက်ချင်တဲ့ အိပ်မက်လေးကိုစတေးပြီး ဟိုဆေးရဲ့ပညာရေးကိုအပြည့်အဝထောက်ပံ့ပေးခဲ့ပါတယ်။ဟိုဆေးမှာငယ်ငယ်လေးကတည်းက ဖြစ်ချင်နေခဲ့တဲ့ အိပ်မက်တစ်ခုရှိပြီး အဲ့ဒါကတော့ အာကာသယာဉ်မှူးဖြစ်ပြီး အာကာသထဲကိုသွားချင်တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဟိုဆေးအရွယ်ရောက်တဲ့အခါမှာအင်ဂျင်နီယာတစ်ယောက်ဖြစ်လာပြီး အိမ်ထောင်တွေကျပြီးသားသမီးတွေနဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့အိပ်မက်ဖြစ်တဲ့အာကာသယာဉ်မှူးဖြစ်ဖို့ကလည်း အခုထက်ထိမပျောက်ကွယ်သွားပဲနဲ့ နှစ်စဉ်လျှောက်လွှာတင်နေခဲ့ပါတယ်။ ဒါပေမယ့် NASA ဆိုတာဝင်ရောက်ဖို့ အရမ်းခက်ခဲတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် နှစ်စဉ်ပယ်ချခံနေခဲ့ရပြီးဟိုဆေးတစ်ယောက် မိသားစုကိစ္စတွေ အခက်အခဲတွေကြားက ဘယ်လိုစတေးမှုတွေလုပ်ရင်းသူ့ရဲ့အိပ်မက်ပန်းတိုင်ကို ဘယ်လိုလျှောက်လှမ်းသွားမယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ File size…2.38 GB / 1.03 GB Quality…AMZN.WEB-DL 1080p 5.1 CH/ ...
movie

A Million Miles Away (2023)

Valley Girl(2020) 5.5
Valley Girl(2020) Valley Girl(2020) ဒီဇာတ်ကားလေးက Musical Romantic Comedy ဇာတ်ကားအမျိုးအစားလေးပါ။ အရမ်း Sweet ဖြစ်ပြီးတော့ ရိုထားတဲ့ ကားလေးပါ။ရယ်လည်းရယ်ရသလို  တစ်ကားလုံးလဲ သီချင်းလေးတွေနဲ့ တကယ် နားထောင်ပြီး ကြည့်ရတာ ပျော်ဖို့ကောင်းတယ်။တောင်ကြားမြို့လေးထဲမှာ ရှိတဲ့ ဆယ်ကျော်သက်ကောင်မလေးတွေက ဖက်ရှင်ဆိုလဲဆင်တူ ဝတ်ကြတယ်။ဘဝကို ပျော်ပျော်ပဲဖြတ်သန်းကြပေမယ့် အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါမှာတော့အထက်တန်းစားယောက်ကျားမှဖြစ်ရမယ်ပေါ့။ အဲ့ထဲမှာမှ ဂျူလီ ဆိုတဲ့ ကောင်မလေးက တစ်မူထူးခြားတယ်။ရှေးရိုးစွဲ မဆန်ချင်ဘူး ...အချစ်ကိုကိုးကွယ်သလို ဘယ်လိုအတန်းအစားပဲနေနေ ချစ်ခဲ့မယ်ဆိုရင်ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဖို့အသင့်ပဲဆိုပါတော့...။ အဲ့ဒီလို ကောင်မလေးနဲ့ မိဘမရှိ တေလွင့်နေတဲ့ရမ်ဒမ် ဆိုတဲ့ ကောင်လေးတို့ ကမ်းခြေမှာ ဆုံတွေ့ခဲ့ကြတယ်...မတူညီတဲ့ပတ်ဝန်းကျင်က မွေးဖွားခဲ့ကြသလိုအယူအဆတွေလည်း ကိုယ်စီကွဲပြားကြလေတော့ ရေရှည်မှာ အချစ်ကိုအရင်းတည်တဲ့သူတို့နှစ်ယောက်ဟာ ဟန်ချက်ညီစွာလျှောက်လမ်းဖို့ အတော်ခက်တယ်ပြောရမယ်....ကိုင်းသူတို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ကြပါနော်....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်....File Size : (950 MB) and (310 MB) Quality : WEB-DL ...
movie

Valley Girl(2020)