Channel Myanmar

Epy Kusnandar

Mukidi (2024)
Mukidi (2024) Mukidi (2024) ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ အင်ဒိုနီးရှားဇာတ်ကားလေးပါ။ ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်မူကီဒီကအရမ်းရိုးသားတဲ့ဖိုးသခွားလေးပါ။တစ်နေ့သူဟာ သတင်းစာအဟောင်းကြီးဖတ်ပြီး အလုပ်ရှာဖို့မြို့တက်လာခဲ့ပါတယ်။ အူတူတူမူကီဒီဟာ ဂျာကာတာမှာအောင်မြင်ရမယ်လို့ ကြုံးဝါးပြီးကာမှ အလုပ်လျှောက်တဲ့နေရာက ပိတ်ထားတာကြာတဲ့နေရာကြီးဖြစ်နေပါတယ်။အားမလျော့တဲ့မူကီဒီဟာ ဂျာကာတာထဲ လျှောက်ပတ်သွားရင်းကြိုးစားလိုက်တာ အသုပ်သည်မာကို့နာနဲ့ မြင်မြင်ချင်းချစ်မိပြီး အိမ်ထောင်ကျသွားပါတယ်။ဒီလိုနဲ့ ရှုပ်ထွေးတဲ့ဂျာကာတာမှာ ဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ကလေးနှစ်ယောက်အဖေမူကီဒီဟာ ကပ်ဘေးကြောင့်အလုပ်ပြုတ်ရာကနေ အလုပ်သစ်ထပ်ရှာရဖို့ဖြစ်လာခဲ့ပါတယ်။ ဘဏ်တစ်ခုကနေ သူ့ကိုအကြွေးဝယ်ကတ်စစ်ဆေးရေးအနေနဲ့ မှားပြီး အလုပ်ခန့်လိုက်မိတဲ့အခါ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲ ပညာသိပ်မတတ်တဲ့အောက်ခြေမိသားစုတွေရဲ့ ရုန်းကန်လှုပ်ရှားရမှုတွေကို Mukidiမှာ ဟာသနှောပြီးကြည့်ရမှာဖြစ်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ် File size…1.3GB / 600MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 31mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Mukidi (2024)

2024
Sherina’s Adventure (2000) 7.8
Sherina’s Adventure (2000) Sherinas Adventure 2000 အညွှန်းဒီတစ်ခေါက် အင်ဒို musical ကားလေးကတော့ ၂၀၀၀ ခုနှစ်ကာလမှာ ထွက်ရှိခဲ့ပြီး ဘတ်ဂျက် ရူပီအာ ၂ ဘီလီယံရင်းနှီးထားကာ ရုံတင်ငွေ ရူပီအာ ၁၀ ဘီလီယံပြန်လည်ရရှိခဲ့တာကြောင့် မနည်းတဲ့ပမာဏလို့ဆိုရမှာပါ။ (မြန်မာငွေ ၁ကျပ် = ၀.၁၃ ရူပီအာ) ကုလားကားတွေမှာပဲ ကတာကြည့်ရတာ ရိုးနေပြီလား ။ ဒီအင်ဒို musical ကားလေးကတော့ တမျိုးတဖုံရသလေးပေးစေမှာတော့ အမှန်ပါပဲ။ ရှယ်ရီနာဆိုတဲ့ ကလေးမလေးက ဖျတ်လတ်တက်ကြွပြီး ဘယ်နေရာရောက်ရောက် ရောက်ရာနေရာမှာ အပေါင်းအသင်းဝင်ဆံ့‌တဲ့ ကလေးတစ်ယောက်ပါ။ ဖြစ်ချင်တော့ သူ့အဖေက နယ်ဘက်က စိုက်ခင်းတစ်ခုကို အလုပ်ပြောင်းလိုက်ရပြီး ရှယ်ရီနာတစ်ယောက် နယ်ဘက်ကို ရောက်လာပါတယ်။ ရှယ်ရီနာတစ်ယောက် ကျောင်းအသစ်ကို ပြောင်းလာတဲ့အခါမှာ အုပ်စုဖွဲ့အနိုင်ကျင့်နေတဲ့ ကျောင်းသားတစ်စုကို သွားတွေ့ပြီး ထိပ်တိုက်ရင်ဆိုင်ပါတော့တယ်။ အဲကျောင်းသားတွေရဲ့ခေါင်းဆောင် (ဆဒမ်) က ရှယ်ရီနာအဖေလုပ်နေတဲ့ စိုက်ခင်းပိုင်ရှင်ရဲ့ သားဖြစ်နေတဲ့အခါမှာတော့…… ဆိုးသွမ်းနေတဲ့ ဆဒမ်ရဲ့ နောက်ကွယ်ကအကြောင်းတွေက ဘာဖြစ်မလဲ။ ရှယ်ရီနာ နဲ့ ဆဒမ်တို့ရဲ့ အတိုက်အခံတွေကရော ပြေလည်သွားမှာလား။ သီချင်းမြူးမြူးလေးတွေနဲ့တူတူ မင်းသမီးလေးရဲ့ ချစ်စရာကောင်းပြီး သာယာနာပျော်ဖွယ်ရှိလှတဲ့ အသံလေးနဲ့တူတူ ...
movie

Sherina’s Adventure (2000)

2020
Cemara’s Family 2 (2022) 6.0
Cemara’s Family 2 (2022) Cemara's Family 2 (2022) =================== IMDb Rating - 6.0/10အာရာရဲ့ မိသားစုဟာ တစ်ချိန်က ဖြစ်ခဲ့တဲ့ အခက်အခဲကြောင့် ကြိုးစား ရုန်းကန်နေရတယ်။ အာရာရဲ့အဖေဟာ နောက်ဆုံးမှာတော့ ကြက်ခြံမှာ အလုပ်အသစ်တစ်ခုရသွားတယ်။ အလုပ်ရသွားတဲ့အ‌တွက်ကြောင့် အာရာ ကို ကိုယ့်ဘာသာကိုယ်‌ ကျောင်းက‌နေ အိမ်ပြန်တတ်အောင်ကြိုးစားရမယ် လို့မှာထားပါတယ်။ အထက်တန်းကျောင်းသူဖြစ်လာတဲ့ အာရာရဲ့အစ်မဖြစ် သူ အီးစ်ဟာ လူငယ်သဘာဝ စိတ်ကစားတတ်တဲ့အရွယ်ရောက်လာပြီဖြစ် တဲ့အတွက် အာရာနဲ့ တစ်ခန်းတည်းအတူတူသုံးစွဲရတာ သူ့အတွက်စိတ်မ လွတ်လပ်ဘူးဖြစ်နေတယ်။ တစ်နေ့ထမင်းစားဝိုင်းမှာ အီးစ်က အာရာကို ကျောင်းအလုပ်တွေလည်းရှိတဲ့အတွက် အမြဲတမ်းကျောင်းလာမကြိုနိုင် ကြောင်း ပြီးတော့ သီးသန့်အခန်းလိုချင်ကြောင်းပြောတယ်။ကလေးအရွယ် အာရာက သူ့ကိုကတိပေးထားတာတွေကိုဖျက်တဲ့အတွက် စိတ်မကောင်းဖြစ်နေတာပေါ့။ မိဘတွေလည်းအခန်းခွဲပေးလိုက်ပြီး အာရာရဲ့ အခန်းကို စနေနေ့မှာပြင်ပေးမယ်လို့ပြောထားတယ်။ ကျောင်းကအပြန်ကောက် ရလာတဲ့ကြက်ပေါက်လေးကပဲ စိတ်အားငယ်နေတဲ့အာရာအတွက်တော့ စိတ်ဖြေစရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် စိတ်မကောင်းဖြစ်နေတဲ့ အချိန်မှာ အဖေဖြစ်သူကပါ ကတိပျက်တဲ့အတွက် ပိုဆိုးသွား‌ေတာ့တယ်။ ဝမ်းနည်း နေတဲ့အာရာဟာ ကြက်ကလေးကို သူ့လိုမဖြစ်အောင် မိသားစုနဲ့ပြန်တွေ့အောင် ရှာပေးမယ်လို့ကတိပေးလိုက်ပါတယ်။ အခြားသူတွေလိုကတိမပျက်ချင်တာ ကြောင့် အာရာဟာကြက်လေးရဲ့မိသားစုကိုရှာဖွေပေးဖို့ကြိုးစားလာတဲ့အခါမှာတော့ . . .(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(1.82 ...
movie

Cemara’s Family 2 (2022)

2022
Killers (2014) 6.4
Killers (2014) Killers (2014) " Sound Error FIXED!!! " ~ IMDb - 6.4/10, Rotten Tomatoes - 73% ~အင်ဒိုနဲ့ ဂျပန် ဖက်စပ်ကားလေးဖြစ်ပြီး IMDb - 6.4/10 အထိ ရရှိထားတဲ့ Action, Crime ကားကောင်းတစ်ကားပေါ့။Nomura ကတော့ လူတိုင်းကို သူ့ရဲ့သားကောင်လို့မြင်တတ်တဲ့ စိတ္တဇ ကွင်းဆက်လူသတ်သမားတစ်‌ယောက်ဖြစ်ပြီး သူ ကြမ်းကြမ်းတမ်းတမ်း သတ်ဖြတ်တာတွေကို ကင်မရာနဲ့ရိုက်ကူးပြီး အင်တာနက်ပေါ် တင်လေ့ရှိတယ်။ အင်ဒိုနီးရှား ဂျကာတာမြို့က ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Bayu ကတော့ သူဆောင်းပါးရေးတဲ့ အကျင့်ပျက်ခြစားသူကြောင့် အလုပ်အကိုင်လည်းပျက်၊ မိသားစုဘဝပါ ပျက်စီးခဲ့ရသူ။ တစ်နေ့မှာ Nomura တင်တဲ့ Video ကိုကြည့်မိပြီး သူ့ရဲ့စိတ်ခံစားချက်တွေ မသိမသာပြောင်းလဲသွားတယ်။ မတော်တဆမှုတစ်ခုဖြစ်ရာကနေ သူကိုယ်တိုင် လူသေမှုကို ဗီဒီယိုရိုက်ပြီး အင်တာနက်ပေါ်တင်ပြီး ခံစားပါတော့တယ်။ဒီလိုနဲ့ Nomura နဲ့ ...
movie

Killers (2014)

2014
The Night Comes for Us (2018) 7.0
The Night Comes for Us (2018) The Night Comes for Us (2018) IMDb - 7.0/10_____Rotten - 90%    Action/Thriller ဇာတ်ကားတစ်ကားဖြစ်ပြီ rating 7 အထိရရှိထားတာပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေကိုကြည့်ရုံနဲ့ ဒီကားကြမ်းမကြမ်းသိနိုင်မှာပါ။ ကြမ်းပါပေ့ဆိုတဲ့ action ကားတွေကိုမှကြိုက်တဲ့သူတွေအတွက် The Raid ဇာတ်ကားနဲ့အတူအောင်မြင်လာတဲ့ မင်သား Iko Uwais ပါဝင်ရိုက်ကူးထားတဲ့ ဒီကားဟာလုံးဝအကြိုက်တွေ့စေမှာပါ။ ဇာတမလမ်းဇာတ်ကွက်ကတော့ သိပ်မရှိပေမယ့် action အသားပေးထားပြီး အသားပေးထားတဲ့အတိုင်အရမ်းကြမ်းပါတယ်။ ကလေးငယ်တွေနဲ့မကြည့်သင့်သလို သွေးထွက်သံယိုတွေမကြည့်နိုင်သူတွေလည်း သတိထားရှောင်သင့်ရလောက်အောင် ကြမ်းပါတယ်။ အတိုက်အခိုက် အသတ်အဖြတ်တွေကို ကြမ်းကြမ်းတမ်းတမ်းရိုက်ပြတာမျိုးကြည့်ချင်သူတွေအတွက်ကတော့ လုံးဝအကြိုက်တွေ့စေမှာပါ။ မူရင်းစာဖိုင်မှာ English လိုပြောတဲ့နေရာတွေစာမပါတဲ့အတွက် ကိုယ်တိုင်ဖန်တီးထားတာကြောင့်လိုအပ်ချက်အနည်းငယ်ရှိမှာဖြစ်ပြီး နားလည်ပေးစေလိုပါတယ်။   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ)    File Size : (950 MB) Quality : NF WEB-DL 720p Running Time : 2 h 01 min Format : Mp4 Genre : Action , Thriller Subtitle : Myanmar Subtitle ...
movie

The Night Comes for Us (2018)

2018
Mata Batin(2017) 6.3
Mata Batin(2017) Mata Batin(2017) ခမ်းနားထည်ဝါပြီးလှပတဲ့အိမ်ကြီးမှာတစ်ဦးကိုတစ်ဦးသိပ်ချစ်ကြတဲ့မိသားစုလေးယောက်နေကြတယ်.... မိသားစုတွေဟာ ချစ်ချစ်ခင်ခင်နေကြပြီး နေ့စဉ် သမရိုးကျပဲ ဘ၀ကိုဖြတ်သန်းနေကြတယ်... တစ်နေ့မှာတော့ သမီးအငယ်ဆုံးလေးရဲ့အခန်းကို တစ်ညမှာလူတစ်ယောက်ဝင်သွားတာကိုအစ်မဖြစ်သူကတွေ့လိုက်ရတယ်.. အငယ်ဆုံးလေးရဲ့ အခန်းကိုမှ လူစိမ်းတစ်ယောက်ဝင်သွားတယ်ဆိုတော့ အစ်မဖြစ်သူအတွက် တကယ့်ကို အံအားသင့်စရာပါပဲ.. သူတို့အိမ်မှာ ဒီလိုမျိုးအ၀င်အထွက်တွေယခင်က တစ်ခါမှ မဖြစ်ပျက်ခဲ့ဘူးတာကိုးး..ဒီကြားထဲ ဒီအိမ်ထဲကို အိမ်ခွဲနေတဲ့  သမီးအကြီးဆုံး လင်မယားကရောက်လာပြန်တယ်..အဲ့ဒီနောက် အိမ်မှာ ခပ်ဆန်းဆန်းအဖြစ်အပျက်တွေ ဆက်တိုက်လိုဖြစ်လာတယ်.. အဆန်းဆုံးကတော့ အငယ်မ လေးပဲ... ပရလောကနဲ့ အဆက်အသွယ်ရှိတယ်လို့ တစ်ချို့က ထင်ကြသလို စိတ်ထောက်ပြန်နေတယ်လို့လည်း တစ်ချို့ကထင်ကြတယ်...ကဲ ဒီအိမ်ကြီးထဲမှာ ဘာတွေဆက်ဖြစ်ကြဦးမလဲဆို တာကိုတော့ Horror ကားကြိုက်သူတို့ခံစားကြည့်လိုက်ပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့  Hj SH ပဲဖြစ်ပါတယ်.. File Size : (850 MB) and (326 MB) Quality :WEB-DL 720p, Format…mp4 Duration…01:48:00 Genre :  Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hj SH Encoded by Thanhtike Zaw 
movie

Mata Batin(2017)

2017
The Raid 2 (2014) 8.0
The Raid 2 (2014) The Raid 2 (2014) IMDb - 8.0/10_____Rotten - 81%  ဒီဇာတ်ကားက အင်ဒိုနီးရှား သည်းထိတ်ရင်ဖို မှုခင်း အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။ အံ့သြစရာကောင်းတာကတော့ Rating တွေ အများကြီးရရှိထားတာပါပဲ။ IMDb Rating (8/10)... Rotten Tomatoes (81%) ...Metacritic (71%) ထိရရှိထားပါတယ်။ အာရှဇာတ်ကားတွေထဲမှာတော့ တော်တော်လေးကောင်းတဲ့ အက်ရှင်ဇာတ်ကားဆိုတာ ငြင်းလို့မရပါဘူး။ ၂၀၁၁ ခုနှစ်က ထွက်ခဲ့တဲ့  The Raid: Redemption ရဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ .......... လူဆိုးဂိုဏ်း ခေါင်းဆောင်တွေ၊ စိတ္တဇ ဝေဒနာသည်တွေနဲ့ ပြည့်နေတဲ့ အဆောက်အဦကြီးထဲမှာ တိုက်ခိုက်ပြီး ထွက်ခွာလာတဲ့နောက်ပိုင်း ဂျာကာတာ ရဲသား ရမ်ဟာ အရာအားလုံးဟာ ပြီး ဆုံးသွားခဲ့ပြီ၊ သူဟာ သာမန်ဘဝမှာ နေထိုင်နိုင်ပြီလို့ စဉ်းစားပါတယ်။ သူကြုံခဲ့ရတဲ့ တိုက်ခိုက်မှုကြီးမှာက ရဲနဲ့ လူဆိုးတွေရဲ့ အလောင်းတွေဟာ အခန်းတစ်ခုလုံး ပြည့်မတတ်ပါပဲ။ ဒီလိုအခြေအနေကို ကြုံတွေ့ခဲ့ရတော့ ...
movie

The Raid 2 (2014)

2014