Channel Myanmar

Eric Dahlquist Jr.

Absolute Power (1997) 6.7
Absolute Power (1997) အက်ရှင်ကားတွေရဲ့မင်းသားကြီးဖြစ်တဲ့ အော်စကာဆုများရှင် ကလင့်အိစ်ဝုဒ်က ခေါင်းဆောင်မင်းသား‌ေနရာက‌ေန ပါဝင်သရုပ်‌ေဆာင်ထားပြီး ကိုယ်တိုင်ရိုက်ကူးထုတ်လုပ်ထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးပုံစံကိုအခြေခံထားတဲ့ Action, Thriller ဇာတ်လမ်းအမျိုးအစားဖြစ်တာမလို့ ဒီလိုgenereတွေကို ကြိုက်တဲ့သူတွေအတွက် လက်မလွှတ်စတမ်းကြည့်ရှုသင့်ပါတယ်။ကလင့်အိစ်ဝုဒ်သရုပ်‌ေဆာင်ထားတဲ့ အဓိကဇာတ်ကောင် လူသာဝစ်တနီဟာ ဖောက်ထွင်းနိုင်စွမ်းအကောင်းဆုံးတွေထဲက အမိုက်စားသူခိုးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူဟာ ဘီလျံနာသူဌေးကြီးတစ်ယောက်ရဲ့အိမ်ကို ‌ဖောက်ထွင်းရာကနေ လူသတ်မှုတစ်ခုနဲ့ပါဝင်ပတ်သက်သွားပါတော့တယ်။ အဲဒီလူသတ်မှုရဲ့အဓိကတရားခံဟာလည်း နိုင်ငံရဲ့ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ဖြစ်နေချိန်မှာတော့ လူသာက ဒီအမှုရဲ့သံသယရှိသူ‌ေနရာကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်ပြီး ဥပဒေဘောင်အပြင်ဘက်ကနေ တရားခံကိုဘယ်လိုအပြစ်ပေးမယ်ဆိုတာတွေကို ရင်တဖိုဖိုနဲ့ကြည့်ရမှာဖြစ်ပါတယ်။သူခိုးအကျော်အမော်လူသာဝစ်တနီနေရာကနေ ကလင့်အိစ်ဝုဒ်၊ အမေရိကန်သမ္မတအယ်လန်ရစ်ခ်ျမွန်းနေရာကနေ ဂျီးန်ဟက်ခ်မန်း၊ အထက်တန်းစုံထောက်ဆက်သ်ဖရန့်နေရာကနေ အက်ခ်ဟဲရစ်နဲ့ ကိတ်ဝစ်တနီနေရာကနေ လော်ရာဝင်းနေးတို့က အသီးသီးပါဝင်သ‌ရုပ်ဆောင်ထားကြပါတယ်။1997မှာ ရုံတင်ထားတာဖြစ်ပါတယ်။File size…(2.02GBGB)  / (`1019MB) / (486MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:01:00 Genre...  Drama / Action / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Absolute Power (1997)