Channel Myanmar

Eric Francis Melaragni

Sacrum Vindictae (2023)
Sacrum Vindictae (2023)  ကိုယ့်မိသားစုဝင်တစ်ယောက်ယောက်ကို မတရားဆုံးရှုံးလိုက်ရမယ်ဆိုရင်ကိုယ့်စိတ်ထဲမှာ ဘယ်လိုနေမလဲ။အဲ့လိုဆုံးရှုံးအောင် လုပ်ခဲ့တဲ့သူကိုအနည်းနဲ့ အများတော့ လက်စားချေခြင်စိတ်တွေပေါ်နေမှာတော့သေချာပါတယ်။ဒီကားထဲမှာလည်း စစ်တပ်ထဲကနေထွက်လာပြီး မိန်းမနဲ့ကလေးနဲ့မိသားစုဘဝကိုပျော်ရွင်စွာဖြတ်သန်းနေတဲ့ နုချ်ကတစ်နေ့မှာတော့ ကံကြမ္မာဆိုးကြီးနဲ့ကြုံတွေ့ရပြီးသူ့မိန်းမနဲ့ကလေးကိုဆုံးရှုံးလိုက်ရပါတော့တယ်။ဒီလိုနဲ့နုချ်လည်း ကမ္ဘာပျက်ပြီးတော့ပြန်လက်စားချေဖို့လုပ်ရင်းနဲ့ ကြေးစားလူသတ်သမားဖြစ်နေပါတော့တယ်။သူ့အလုပ်ရှင်က မိန်းမနဲ့ကလေးတွေကိုသတ်တဲ့ လူတွေကိုမုန်းတဲ့လူဖြစ်ပြီးအဲ့လိုလုပ်ခဲ့တဲ့ လူတစ်ယောက်ကိုသတ်ဖို့နုချ်ကိုတောင်ခိုင်းခဲ့ပါသေးတယ်။ဒါပေမယ့် အဲ့လိုမျိုးမုန်းတဲ့လူတစ်ယောက်က သူ့မိန်းမနဲ့သမီးသေဆုံးရခြင်းရဲ့အဓိကတရားခံဖြစ်နေခဲ့တဲ့အခါမှာတော့ နုချ်တစ်ယောက် ဘာတွေဆက်လုပ်မယ်ဘာတွေဆက်ဖြစ်မလဲ သူ့မိန်းမနဲ့သမီးအတွက်ရောလက်စားချေနိုင်ပါ့မလားဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…420 MB Quality…WEB-DL 720p Format…mp4 Duration….1h 37m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Sacrum Vindictae (2023)

Hideout(2021)
Hideout(2021) Hideout (2021)ခရီးသွားတဲ့အခါမျိုး .. ကိုယ်နဲ့မရင်းနှီးတဲ့ပတ်ဝန်းကျင်တစ်ခုကိုသွားရတဲ့အခါနယ်ခံအိမ်တစ်အိမ်မှာ မဖြစ်မနေတစ်ညတာတည်းခိုခွင့်တောင်းရတာလိုမျိုးအခြေအနေတွေဖြစ်လာနိုင်တယ်မလား .. အိမ်အကြောင်း၊ အိမ်သားတွေအကြောင်း၊ပတ်ဝန်းကျင်အကြောင်း ဘာမှမသိရတဲ့နေရာမျိုးမှာ တစ်ညတာဖြတ်သန်းဖို့ဆိုတာတော့ တကယ်ပဲ ကျောချမ်းစရာကောင်းတဲ့အဖြစ်မျိုးပါ။“Hideout” ဒီကားလေးမှာတော့ Sarah, Reed, Kyle နဲ့ Rick တို့လေးယောက်က အရက်ဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ရာကနေအပြန်အလှန်ပစ်ခတ်ကြရင်း Reed တစ်ယောက် သေနတ်ကျည်ဆန်မှန်သွားခဲ့ပါတယ်။ ဓားပြတိုက်ခဲ့တဲ့ရာဇဝတ်သားတွေမို့ဆေးရုံသွားလို့လည်းမရ ဒဏ်ရာကလည်း သွေးတွေထွက်လွန်းနေတော့ အရေးပေါ်တည်းခိုပုန်းအောင်းဖို့အိမ်ရှာရပါတော့တယ်။ဒီလိုနဲ့လမ်းခရီးကအိမ်တစ်အိမ်ကိုတစ်ညတာတည်းခိုခွင့်နဲ့ဆေးကုသခွင့်တောင်းပြီးနေဖြစ်ခဲ့ကြရာကနေ အိမ်ပိုင်ရှင်မြေးအဘွားနှစ်ယောက်ရဲ့ထူးဆန်းတဲ့အပြုအမူအပြောအဆိုတွေ .. အိမ်ကြီးရဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံဆုံလာခဲ့ရတဲ့အခါမှာ …  File size…1.36GB / 900MB Quality…1080p  / 720p  Format…Mp4 Duration….1h 54m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Lai Laii
movie

Hideout(2021)

2021