Channel Myanmar

Éric Herson-Macarel

Mune: Guardian of the Moon (2014) 7.1
Mune: Guardian of the Moon (2014) Mune : Guardian of the Moon (2014)ဒီကားလေးကတော့ ၂၀၁၄ မှာထွက်ရှိခဲ့တဲ့ Family/Fantasy အမျိုးအစား animation ကားကောင်းလေးတစ်ကားပါ Rating မှာလည်း MIDb 7.1 ထိရရှိထားပြီးတော့ ကလေးရောလူကြီးပါကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါ အချိန် ၁ နာရီကျော်လောက်ကြာပြီး ဇာတ်အိမ်ဖွဲ့ထားတာလေးက ချစ်ဖို့ကောင်းလွန်းတော့ အကြိုက်တွေ့မယ်ဆိုတာသေချာပါတယ် ဇာတ်လမ်းအစမှာ နေနဲ့လရဲ့စောင့်ရှောက်သူတွေဟာ ကမ္ဘာကြီးကိုဟန်ချက်ညီအောင်ထိန်းသိမ်းနေကြရတယ် နက်ခရော့ဆိုတဲ့ မိစ္စာတစ်ကောင်က စောင့်ရှောက်သူအသစ်ခန့်အပ်လွှဲပြောင်းပွဲအပြီးမှာ လူသစ်လေးတွေဖြစ်တာကိုအခွင့်ကောင်းယူပြီး နေကိုခိုးဖို့ကြိုးစားပါတော့တယ် အရည်ပျော်လိုက် ခဲလိုက်ဖြစ်နေတဲ့ ဖယောင်းကောင်မလေးက ဘယ်လိုတွေကူညီပေးနိုင်မလဲ စောင့်ရှောက်သူတွေဖြစ်တဲ့ မူရ် နဲ့ ဆိုဟွန်းတို့ဘယ်လိုတွေကြိုးစားပြီး ကမ္ဘာကြီးကိုကယ်တင်ကြမလဲဆိုတာ ရင်ခုန်စရာလေးတွေ ဟာသလေးတွေရောပြီးမိသားစုနဲ့တူတူကြည့်ဖို့ အသင့်တော်ဆုံးကားလေးတစ်ကားပဲဖြစ်လို့ အခုပဲဒေါင်းထားလိုက်ကြတော့နော်အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Adventure, Animation, Comedy, Family Quality…. 1080p | 720p File size… 1GB | 490MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron
movie

Mune: Guardian of the Moon (2014)

2014
The Summit of the Gods(2021) 7.6
The Summit of the Gods(2021) The Summit of the Gods(2021) အညွှန်း**********************************IMDb...7.6Manga seriesကို အခြေခံထားတဲ့ ဇာတ်လမ်းသိပ်ကောင်းလှပြီးကောင်းမွန်တဲ့ဝေဖန်ချက်တွေပဲရထားတဲ့ animationကားကောင်းတစ်ကားပါ။ဇာတ်ကောင်တွေဟာ Mangaအခြေခံ ဂျပန်ဇာတ်ကောင်ဖြစ်ပေမယ့် ပြင်သစ်နောက်ခံစကားပြောပါ။ လူသားတွေ ဧဝရတ်တောင်ထိပ်ကိုရောက်နိုင်ခဲ့တာ 1953ခုနှစ်ပါ။ဒါပေမယ့် အဲဒါဟာ ပထမဆုံးကြိုးစားမှုမဟုတ်ပါဘူး။1924မှာ အင်္ဂလိပ်လူမျိုး ‌George Malloryနဲ့ သူ့အဖော်ဖြစ်သူ Andrew Irvineတို့ဟာတောင်ထိပ်ရောက်ဖို့ကြိုးစားရင်း ပြန်မလာနိုင်ခဲ့ကြပါဘူး။သူတို့ရောက်သွားခဲ့လားဆိုတာဘယ်သူမှမသိနိုင်ခဲ့ပေမယ့် မယ်လိုရီရဲ့ကင်မရာကိုရှာတွေ့ခဲ့ရင်တော့အဖြေရနိုင်ပါတယ်။ နှစ်ပေါင်း ၇၀ကြာပြီးနောက်မှာ ဂျာနယ်လစ်ဓာတ်ပုံသမားတစ်ယောက်ဟာဧဝရတ်တောင်ကိုဂျပန်အဖွဲ့တွေနဲ့ လိုက်တက်ပြီးဓာတ်ပုံလိုက်ရိုက်ရင်းနဲ့တစ်ချိန်ကတောင်တက်အကျော်အမော်တစ်ဦးဖြစ်ခဲ့သူ ဟဘူဂျိုဂျီမှာ အဲ့ကင်မရာရှိမှန်းသိသွားတဲ့အခါမှာတော့မယ်လိုရီပုစ္ဆာကိုအဖြေရှာရင်းဆောင်းပါးရဖို့အတွက်လူမြင်ကွင်းကနေပုန်းကွယ်နေတဲ့ ဟဘူကိုလိုက်ရှာဖို့ဖြစ်လာခဲ့ပါတယ်။ဇာတ်လမ်းဟာ ကင်မရာကိုလိုက်ရှာချင်တာတင်မဟုတ်ပဲဟဘူရဲ့စိတ်ဝင်စားဖွယ်တောင်တက်‌စွန့်စားခန်းတို့ကို နောက်ကြောင်းပြန်ကောက်ကာဇာတ်ကြောင်းပြောရင်းနဲ့ ဇာတ်လမ်းကိုဆွဲခေါ်သွားပါတယ်။ လူတွေဘာလို့တောင်တက်ကြတာလဲ၊ဘာလို့သက်စွန့်ဆံဖျားကြိုးစားပြီး အန္တရာယ်အရမ်းများတဲ့အရာကိုစိန်ခေါ်ရတာလဲဆိုတဲ့မေးခွန်းတွေကိုတစ်စိတ်တစ်ပိုင်းအဖြေထုတ်လှစ်ဟပြသွားနိုင်တဲ့ အနှစ်သာရပြည့်ဝတဲ့animationကားတစ်ကားပါ။ ဇာတ်လမ်းပြီးသွားသည့်တိုင်အောင် အချိန်ကုန်မှန်းမသိလိုက်စေပဲတောင်တက်သမားတွေရဲ့စိတ်နဲ့ စိတ်ဝင်စားစရာစွန့်စားခန်းတွေကို ရင်ဖိုဖွယ်ကြည့်ရှုခံစားရမှာပါ။အညွှန်းထက် ဇာတ်လမ်းကအများကြီးပိုကောင်းနေတာကို ကြည့်ပြီးရင်သိသွားမှာပါ။ဇာတ်ညွှန်းနဲ့ဘာသာပြန်သူကတော့Moe Lay ပဲဖြစ်ပါတယ်...File Size :(1.7GB) (886MB) and (289MB) Quality : Blu-Ray 720p Format…mp4 Duration…01:35:00 Genre : Animation  , Drama , Thriller Subtitle ...
movie

The Summit of the Gods(2021)

Oxygen (2021) 6.5
Oxygen (2021) Oxygen (2021)=============IMDb Rating - 6.5/10သိပ္ပံစိတ်ကူးရင် Thriller ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ခရိုင်အိုဂျန်းနစ်လို့ခေါ်တဲ့ အလုံပိတ်အသက်ကယ်ပြွန်ကြီးထဲမှာ အမျိုးသမီးတစ်ယောက်ဟာ နိုးလာခဲ့ရာကနေစပါတယ်။ သူ့စိတ်ထဲမှာ အားလုံးက ဝေဝါးနေခဲ့ပြီး သူဘယ်သူလဲ၊ဘာကြောင့်ဒီထဲကိုရောက်နေတာလဲဆိုတာကိုလုံးဝမမှတ်မိပါဘူး ...သူနဲ့အဖော်ရှိတာဆိုလို့ မိုင်လိုလို့ခေါ်တဲ့ AI(ဥပမာ Siri လိုမျိုး) ပဲရှိပါတယ်။ တစ်ချိန်ထဲမှာပဲ သူရောက်နေတဲ့ပြွန်ကြီးရဲ့အောက်ဆီဂျင်လယ်ဗယ်ဟာလည်း ကျဆင်းလာပြီး အချိန်အနည်းငယ်ပဲရှင်သန်နိုင်တော့မှာပါ။ သူဘာကြောင့် ဒီထဲကိုရောက်နေတာလဲ သူဘယ်သူလဲဆိုတာကို တစ်စတစ်စချင်း အဖြေရှာသွားရင်းနဲ့  မေးခွန်းပေါင်းများစွာနဲ့ ဆွဲခေါ်သွားမယ့်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အဓိကသရုပ်ဆောင် တစ်ယောက်ရယ် . အလုံပိတ် Cube တစ်ခုနဲ့တစ်ကားလုံးစိတ်ဝင်စားစရာဖြစ်အောင် ရိုက်ပြသွားနိုင်တာတော့ အသေအချာပါပဲ။ အဲ့လို မေးခွန်းတွေကနေမှ နောက်ဆုံးသူဘယ်သူလဲသိလိုက်ရချိန်ဟာတော့ . . .(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှဖြစ်ပါတယ်။) Quality – 1080p, 720p,360p ...
movie

Oxygen (2021)

2021