Channel Myanmar

Eric Judor

Dealing with Christmas (2023)
Dealing with Christmas (2023)  ခရစ်စမတ်အတွက် လောလောလတ်လတ်ထွက်ရှိထားတဲ့ ဟာသရုပ်ရှင်ဖြစ်ပါတယ်။ခရစ်စမတ်အကြိုနေ့မှာ ဂရက်လို့ခေါ်တဲ့ ရဲအရာရှိတဦးဟာ သမီးငယ်ဖြစ်သူအတွက် အချိန်မပေးနိုင်ဘဲ မစ်ရှင်ထမ်းဆောင်ဖို့ရာကိုပဲ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။ ဂရက် သမီးလေးရဲ့ခရစ်စမတ်ဆုတောင်းကတော့ သူ့အဖေကို သူ(မ)အရမ်းကြိုက်တဲ့ ခရစ်စမတ်ရုပ်ရှင်ထဲက လေးစားအားကျရတဲ့ ရစ်ချက်ဆီလီစတုန်းလို အဖေတယောက်ဖြစ်လာစေဖို့ပါ။သမီးငယ်လေးရဲ့ဆုတောင်းကို သိလိုက်ရတဲ့ဆန်တာကလော့စ်ဟာ ဂရက်နဲ့ရစ်ချက်တို့ကို ကမ္ဘာချင်းလဲလိုက်ပါတယ်။ ရစ်ချက်ဟာ တကယ့်ကမ္ဘာက ရဲအရာရှိဖြစ်သူ ဂရက်ရဲ့ကိုယ်ထဲကိုရောက်ရှိသွားပြီး ဂရက်ကတော့ ရုပ်ရှင်ကမ္ဘာထဲက ရစ်ချက်နေရာကိုရောက်ရှိသွားပါတယ်။ ဒီလိုနဲ့ ဂရက်က ရုပ်ရှင်ထဲကရစ်ချက်ရဲ့ မိသားစုပြဿနာတွေကိုဖြေရှင်းပေးနေတဲ့အချိန် ရစ်ချက်ကတော့ လက်တွေ့ကမ္ဘာက ရဲအရာရှိ ဂရက်ရဲ့မစ်ရှင်ကို ပြီးပြတ်အောင်လုပ်ပေးပြီး ခရစ်စမတ်နေ့မှာ သမီးလေးအတွက်အချိန်ပေးနိုင်အောင် ကြိုးစားကြပါတော့တယ်။ဂရက်နဲ့ ရစ်ချက်တို့ရဲ့ ဟာဟတွေ တလွဲတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရအောင် ရိုက်ကူးထားတာမလို့ ဘ၀အမောတွေပြေပျောက်စေမယ့် ဟာသရုပ်ရှင်‌လေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(1.7 GB)/(983 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, Adventure, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Dealing with Christmas (2023)

2 Alone in Paris (2008) 5.4
2 Alone in Paris (2008) 2 Alone in Paris (2008) =================ဂျာဗစ်ဟာ ပါရီမြို့က ပြင်သစ်ရဲဌာနက စုံထောက်တစ်ယောက်ဖြစ် ပါတယ်။ သူဟာ ကာတစ်ဆိုတဲ့ သူခိုးတစ်ယောက်ကို လိုက်ဖမ်းနေခဲ့တာ ၁၀ နှစ်လောက်ရှိသွားခဲ့ပါပြီ။ သူက လိုက်ဖမ်းလိုက် ကာတစ်က တစ်ပတ် ရိုက်ပြီး လစ်သွားလိုက်တဲ့ ဖြစ်နေခဲ့တာပါ။တစ်နေ့မှာတော့ ကာတစ်ကို လိုက်ဖမ်းရင်း ပါရီတစ်မြို့လုံးက လူတွေ ပျောက်သွားတဲ့အဖြစ်နဲ့ ဂျာဗစ် ကြုံလိုက်ရပါတယ်။ ဂျာဗစ်လည်း မြို့အကြီး ကြီး တစ်မြို့မှာ တစ်ယောက်တည်း ပျင်းရိစွာ ဖြတ်သန်းနေရင်း တစ်ယောက် တည်း ကျန်နေခဲ့တာမဟုတ်ဘူးလို့ ယုံကြည်လက်ခံထားပါတယ်။ဒီလိုနဲ့နေလာရင်း တစ်ရက်မှာတော့ ပါရီမြို့မှာ ကျန်နေခဲ့တာ သူ တစ်ယောက် တည်းမဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ်။ နောက်ကျန်နေခဲ့တဲ့ တစ်ယောက် ကတော့ သူ အမြဲတမ်းလိုက်ဖမ်းနေခဲ့တဲ့ ကာတစ် ဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ မြို့အကြီးကြီးတစ်မြို့မှာ နှစ်ယောက်တည်း ဖမ်းလိုက် ပြေးလိုက်နဲ့ စိန်ပြေး လိုက်တမ်းဆော့ရင်း ဘယ်လိုတွေကြုံတွေရမလဲဆိုတာကို ဟာသလေးတွေနဲ့ ကြည့်ရှု့ရမယ် Comedy ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။အကယ်၍ သင်ရော မြို့ကြီးတစ်မြို့ထဲမှာ တခြားဘယ်သူမှမရှိတော့ဘဲ နှစ်ယောက် တည်း ကျန်နေခဲ့ရမယ်ဆိုရင် ...
movie

2 Alone in Paris (2008)

2008
The Last Mercenary (2021) 7.0
The Last Mercenary (2021) The Last Mercenary (2021)===================IMDb Rating - 7.0/10 ဒီနေ့အတွက် အားလုံးပဲသိကြတဲ့ မင်းသားကြီး ဗန်ဒိန်းရဲ့ ကားသစ်ကိုတင်ဆက်ပေးပါမယ်။ဇာတ်လမ်း အကြမ်းဖျဥ်းလေးညွှန်းရရင် ဗန်ဒိန်းက လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်ပြီးအစိုးရရဲ့ လျှို့ဝှက်မစ်ရှင်ကို ဦးစီးပြီးဆောင်ရွက်ခဲ့တာဖြစ်ပြီး အဲ့ မစ်ရှင်ကိုပဲ အစိုးရက လူသိမခံစေချင်တာကြောင့်အေးဂျင့်တစ်ဖွဲ့လုံးကို ခြေရာဖျောက်နေထိုင်စေချင်ပါတယ်။ ဒါကြောင့် အလဲအလှယ်အနေနဲ့ ဗန်ဒိန်းရဲ့မိန်းမက သူ့သား(ဗန်ဒိန်းရဲ့သား) ကို ဥပဒေကနေကင်းလွတ်ခွင့်ပေးရမယ်ဆိုပြီး အစိုးရထံကနေ ပြန်လည်တောင်းဆိုလိုက်ပါတယ်။ အစိုးရနဲ့ အပေးအယူလုပ်ပြီး ဗန်ဒိန်းကလည်း ခြေရာဖျောက်နေထိုင်ကာ သူ့သားကိုပါ တစ်ခြားတစ်ယောက်ထံအပ်နှံထားခဲ့ပြီး ၂၅နှစ်ကြာ ခြေရာဖျောက်နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကိစ္စတစ်ခုကြောင့် သူ့သားဟာ အန္တရာယ်တွေကြားမှာ ပြေးလွှားဖို့ ဖြစ်လာခဲ့ရတာမို့ . ကြမ်းပေ့ရမ်းပေ့ဆိုတဲ့လျှို့ဝှက်အေးဂျင့်ကြီး ဗန်ဒိန်း၊ မစ်ရှင်တွေအမျိုးမျိုးကို ကြမ်းကြမ်းတမ်းတမ်းဆော်ချနေတဲ့ဘဲကြီးက သားဖြစ်သူကိုကာကွယ်ဖို့အတွက် ၂၅ နှစ်ကျော်ပျောက်ကွယ်နေရာကနေ ပြင်သစ်ကို ပြန်လာတာရပါတော့တယ်။ အညွှန်းကတော့ ဒီလောက်ပါပဲဗန်ဒိန်း ရဲ့ကားသစ်လည်းဖြစ် ကြမ်းကြမ်းရမ်းရမ်းတိုက်ခိုက်ပုံတွေနဲ့ လျှို့ဝှက်အေးဂျင့်မစ်ရှစ်တွေကို ဟာသနှောပြီးရိုက်ကူးထားတာမို့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းပါလို့ပြောချင်ပါတယ်။ဒီဇာတ်လမ်းရဲ့ ...
movie

The Last Mercenary (2021)

2021
Alad’2 (2018) The Brand New Adventures of Aladin
Alad’2 (2018) The Brand New Adventures of Aladin  2015 ကထွက်ခဲ့တဲ့ အာလာဒင်ဟာသကားလေးကို ကြည့်ဖူးသူတိုင်းမှတ်မိကြဦးမယ်ထင်ပါတယ်။ကွန်ပြူတာအထူးပြုလုပ်ချက်တွေလည်းမဆိုးသလို အလွန်လည်းရယ်ခဲ့ရတဲ့ ကားကောင်းလေးတစ်ကားပါ။အဲဒီကားလေးရဲ့အဆက်နံပါတ် ၂ ကားလေးကိုတော့ ၂၀၁၈ မှာထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ဟာသကားဖြစ်သည့်အားလျော်စွာ အလွန်ခွီးနေရမှာလည်းဖြစ်သလို ကွန်ပြူတာအထူးပြုလုပ်ချက်တွေနဲ့ဇာတ်လမ်းဇာတ်ကွက်ကအလွန်ကောင်းပြန်တဲ့ ကားလေးတစ်ကားပါပဲ။ဇာတ်လမ်းအကျဉ်းလေးကတော့ပထမဇာတ်လမ်းက အာလာဒင်ဟာ နန်းတော်ကြီးမှာ ရွှေနန်းပြောင်ပြောင်းနန်းဆောင်ဆောင်နဲ့နေရပြီး အရင်လိုစွန့်စားခန်းတွေမရှိတော့တဲ့သူ့ဘဝကြီးကိုပျင်းနေပါတယ်။မင်းသားဖြစ်သူအာလာဒင်ဘာမှသေချာမစီမံပေးနိုင်တာကြောင့်အဆင်မပြေဖြစ်နေရတဲ့တိုင်းပြည်ကြီးကို ရှားဇမန်ဆိုတဲ့သူရောက်လာပြီး တိုင်းပြည်သိမ်းဖို့လုပ်တဲ့အခါအင်အားမသာတာကြောင့်အရေးနိမ့်ပြီး မင်းသားအာလာဒင်အနေနဲ့ထွက်ပြေးရပါတော့တယ်။အခက်အခဲတွေရောက်နေတဲ့ အာလာဒင်ဟာ သူလွှတ်ပေးခဲ့တဲ့ သူရဲ့ဂျင်းနီကိုပြန်ရှာတဲ့အခါ ဘယ်လိုအခက်အခဲတွေကြုံရမယ်၊ထွက်ပြေးသွားတဲ့အာလာဒင်ကိုယုံကြည်မှုကင်းမဲ့သွားတဲ့မင်းသမီးရဲ့ယုံကြည်မှုကိုဘယ်လိုပြန်ရအောင်ကြိုးစားရမယ်၊ဇာတ်လမ်းထဲမှာဘယ်လိုလှည့်ကွက်မြုပ်ကွက်လေးတွေပါမယ်ဆိုတာကို ဟာသလေးတွေနဲ့တောက်လျှောက်ကြည့်ရင်းဘဝ‌အမောတွေပြေရစေဖို့ ဒီတစ်ခါညွှန်းလိုက်ရတဲ့ကားလေးက‌တော့ Aladdin 2(2018) ပဲဖြစ်ပါတယ်ခင်ဗျာ။(Aladin 1 ကို ဒီမှာ https://channelmyanmar.org/the-new-adventures-of-aladdin-2015/   ဒေါင်းပါ။)  File size…(1.8 GB) and (1 GB) Quality…BluRay 1080p & 720p 5.1CH (HEVC Encode) Format…mp4 Duration….01:39:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie

Alad’2 (2018) The Brand New Adventures of Aladin

HEVC 1080p 5.1
The New Adventures of Aladdin (2015)
The New Adventures of Aladdin (2015)  အာလာဒင်ပုံပြင်ကို ဆန်းသစ်ထားတဲ့ ပြင်သစ်ဇာတ်ကားပါ။ အာလာဒင်ကို Comedy ဇာတ်ကားဖြစ်အောင်ရိုက်ကူးထားပါတယ်။ တွေ့ဖူးသမျှ အာလာဒင်ဇာတ်ကားတွေထဲမှာတော့ ဒီဇာတ်ကားက အတော်အခွက်ပြောင်ပါတယ်။ တစ်ကားလုံး ရယ်ရမလို စိတ်ပျက်ရမလိုနဲ့ သေချာတာကတော့ ကြားဖူးနေကြ အာလာဒင်နဲ့လုံးဝမတူတာပါပဲ။ ဇာတ်ကားတစ်ကားလုံးကို သွက်လက်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပံ့ပိုးထားတဲ့အပြင် အာလာဒင်သီဆိုတဲ့ Rap သီချင်းတွေကလဲ နားထောင်လို့ကောင်းပါတယ်။ ပုံစံပြောင်းအာလာဒင်နဲ့ ခွီကြပါစို့။(Aladin 2 ကို ဒီမှာ https://channelmyanmar.org/alad2-2018-the-brand-new-adventures-of-aladin/  ဒေါင်းပါ။)  File size…(1.6 GB) and (900 MB) Quality…BluRay 720p 5.1 CH (HEVC Encode) & 720p Format…mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung  Trailer
movie

The New Adventures of Aladdin (2015)