Channel Myanmar

Eric Kot Man-Fai

Gorgeous (1999) 6.0
Gorgeous (1999)  ဒီဇာတ်ကားလေးမှာတော့ ဟောင်ကောင်ရွှေခေတ်ကမင်းသားမင်းသမီးတွေဖြစ်တဲ့ ဂျက်ကီချန်း စတီဗင်ချောင် ရှုကြည် တိုနီလောင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဟာသဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အားပူဆိုတဲ့မိန်းကလေးဟာ ဘဝကို စိတ်ကူးယဉ်ဆန်ဆန်ဖြတ်သန်းနေထိုင်တတ်တဲ့ ထိုင်ဝမ်ကျွန်းဆွယ်မြို့လေးတစ်မြို့က ကောင်မလေးဖြစ်ပါတယ်။ သူဟာ တစ်နေ့မှာ ပင်လယ်ကမ်းစပ်ကိုမျှောလာတဲ့ ပုလင်းလေးတစ်ပုလင်းထဲက စာလေးတစ်စောင်ကိုတွေ့ပြီး စာရေးတဲ့ကောင်လေးကို သိချင်လို့ ဟောင်ကောင်ထိတစ်ယောက်တည်းလိုက်သွားရာကနေ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်တဲ့ ချန်နဲ့ ဘယ်လိုများ နဖူးစာရွာလည်မလဲ ဘယ်လိုအခက်အခဲလေးတွေကြားကနေ သူတို့အချစ်ကို ရှာဖွေတွေ့ရှိကြမလဲဆိုတာကို ရိုက်ကူးထားတဲ့ ကြည်နူးဖွယ်ရာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre...Action, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie

Gorgeous (1999)

L-O-V-E…… Love (1997)
L-O-V-E…… Love (1997) မင်းသမီးရှုကျီ Shu Qi, Vivian Hsu တို့လို ဟောင်ကောင်မင်းသမီး အချောအလှလေးတစ်သိုက်ကို တစ်ဝကြီးငမ်းလို့ရမယ့် ဟောင်ကောင်မော်ဒယ်ရှိုးဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...ဟောင်ကောင်ကိုယ်စားပြု မယ်ပြိုင်ပွဲအတွက်လာပြိုင်ကြပေမယ့် တကယ်တမ်းကျ ပိုက်ဆံရှိတဲ့ဘောစိတွေနဲ့ နီးစပ်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ အလှမယ်တစ်သိုက်...တစ်ရက်ကို ဒေါ်လာသန်းနဲ့ချီ ဝင်ငွေရှိနေပေမယ့် အလုပ်တွေ အရမ်းများတာကြောင့် လူမသိသူမသိဘဝကို ခဏသွားချင်နေတဲ့ လူငယ်သူဌေးသားလေး စူပါ ....အလှမယ်ပြိုင်ပွဲဝင်ပြိုင်ကြရင်း သူတို့ကြားထဲက အလွဲတွေကို ဟာသလေးတွေနဲ့ရိုက်ပြထားတဲ့ အခွီဇာတ်ကားလေးပါ။ငယ်ဘဝက မမတို့ကို တစ်ဝကြီးငမ်းရမှာမို့ လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ပါကြောင်း။ File size…(3.9 GB)/(1.3 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:35:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by SST & Jo Jo Va
movie

L-O-V-E…… Love (1997)

Fly Me to Polaris (1999) 7.2
Fly Me to Polaris (1999) ဒီတစ်ခေါက်မှာတော့ 1999 ခုနှစ်က ထွက်ရှိထားတဲ့တရုတ်အချစ်ဇာတ်လမ်းလေး တစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDB မှာ 7.2အထိရရှိထားတာမို့။ တကယ်လည်းကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ် ခံစားလိုက်ပါဦး....ဇာတ်လမ်းအကျဉ်းကြက်သွန်နီ လို့အမည်ရတဲ့ မျက်မမြင် ဆွံ့အကောင်လေးတစ်ယောက်ဟာသူ့ကို ပြုစုပေးတဲ့ ဆရာမလေးကို စိတ်ဝင်စားရင်း ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနေတဲ့အချိန်မှာမထင်မှတ်ပဲလောကကြီးက ခွဲခွါရတဲ့အချိန် ဘယ်လိုမျိုး အထူးအခွင့်အရေးရတဲ့အချိန်နဲ့တိုက်ဆိုင်သွားမှာလဲဆရာမလေးနဲ့ သူက ကော ပြန်တွေ့ရမှာလား။ ဘယ်လိုမျိုး အချစ်တွေကိုပုံဖော်နိုင်မှာလဲဆိုတာတော့ ဇာတ်လမ်းလေး ကြည့်ပြီး လိုက်ပါစီးမျောကြပါဗျာ။တကယ်ကောင်းတဲ့အချစ်ကားမို့ ထပ်ညွှန်းရင် စပွိုင်းမိမှာစိုးရိမ်တာမို့အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်လို့ပဲ ညွှန်းလိုက်ပါရစေဗျာ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Lwin Htoo Aung ပဲဖြစ်ပါတယ်  File size…1.36GB / 700MB / 300MB Quality…1080p WEB Rip Format…mp4 Duration….1h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung
movie

Fly Me to Polaris (1999)

1999