Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Eric McCormack
Guiding Emily (2023)
Guiding Emily ဆိုတဲ့စာအုပ်လေးကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး IMDb 7.8 အထိရရှိထားတဲ့အပြင် ကြည့်ရှုနှုန်းတွေဆက်တိုက်တက်နေတဲ့ ဒရမ်မာကားကောင်းလေးတစ်ကားဖြစ်ပါတယ် ခွေးလေးတွေက လူတွေရဲ့အကောင်းဆုံးအဖော်အဖြစ်သတ်မှတ်ခံထားရတာပါ ကူညီပေးတတ်ပြီးနာခံတတ်တဲ့ခွေးလေးတွေကို လူတွေကအိမ်မွေးတိရိစ္ဆာန်အဖြစ်အပြင် မျက်မမြင်နဲ့မသန်စွမ်းတွေကို ကူညီပေးဖို့အတွက်လည်းမွေးတတ်ကြပါသေးတယ် ဒီဇာတ်လမ်းလေးကတော့ ဂါ့သ်ဆိုတဲ့ခွေးလေးရဲ့အိပ်မက်ဖြစ်တဲ့ မျက်မမြင်လမ်းပြခွေးဖြစ်လာပုံနဲ့ သူချစ်ရတဲ့သူနဲ့အတူ ဘယ်လိုနေထိုင်သွားကြမလဲဆိုတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း..... အမ်မလီရဲ့ဘဝဟာအရာရာပြည့်စုံနေခဲ့ပြီး သူကပျော်ပျော်ပါးပါးအလုပ်လုပ်ရင်း စွန့်စားရတာကိုလည်းကြိုက်တဲ့သူတစ်ယောက်ပါ တစ်နေ့မှာတော့ မတော်တဆမှုတစ်ခုကြောင့်အမ်မလီဟာ မျက်စိကွယ်သွားခဲ့ရပြီး သူ့ဘဝကြီးကလည်းဇောက်ထိုးမိုးမျှော်ဖြစ်သွားသလို စိတ်ဓာတ်တွေလည်းအောက်ဆုံးထိထိုးကျသွားရပါတော့တယ် ဒါပေမဲ့ ချစ်ရတဲ့သူတွေကဘေးမှာရှိနေပေးပြီး အားပေးကြတာကြောင့်အမ်မလီတစ်ယောက် ကြိုးစားရုန်းကန်ရင်း သူ့ရဲ့ဘဝလေးကိုဘယ်လိုဖြတ်သန်းမလဲ ဂါ့သ်ကရော သူချစ်ရတဲ့ကောင်မလေးအမ်မလီနဲ့ဘယ်လိုဆုံတွေ့ကြမလဲ ဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်File size…(1.8 GB)/(976 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Comedy, Drama, romance, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Guiding Emily (2023)
5.2
Knife Fight (2012)
Honesty is the best policyဆိုတဲ့စကားဟာ နေရာတိုင်းမှာမမှန်ပါဘူး။ အထူးသဖြင့် နိုင်ငံရေးဉာဏ်ကစားပွဲတွေမှာပေါ့။ ဆိတ်ကနေဆင်ဖြစ်အောင် မကောင်းသတင်း အပုပ်မှန်သမျှ ချဲ့ကားလုပ်ကြံပြောဆိုတတ်တဲ့ နိုင်ငံရေးလောကကိုရောက်ပြီဆိုရင်တော့ လှပတဲ့အဖြူရောင်မုသားကို လူတိုင်းလိုအပ်ကြမှာပါပဲ။ Paul turnerဆိုတာ အပေါ်ယံကြည့်ရင်တော့ သမ္မတလက်ထောက်ဟောင်းတစ်ယောက်၊ ဒါပေမဲ့ တကယ်တော့ သူဟာ ဒုက္ခရောက်နေတဲ့ နိုင်ငံရေးပါးမဝသူတွေအတွက် ပြဿနာကိုဖြေရှင်းပေးရတဲ့ နိုင်ငံရေးအကြံပေးတစ်ယောက်ပေါ့။ဒီရုပ်ရှင်လေးထဲမှာတော့ နိုင်ငံရေးလောကရဲ့ လိမ်ဆင်အမျိုးမျိုး အပုပ်ချ နောက်ကြောင်းဖော် ပုံကြီးချဲ့ ချောက်တွန်းမှုအမျိုးမျိုးကို မီးမောင်းထိုးပြထားပါတယ်။ ယောက်ျားတိုင်းရဲ့ အားနည်းချက်လိုဖြစ်နေတဲ့ မိန်းမကိစ္စ ၊ ရိုးသားကြိုးစားဖြောင့်မတ်ပေမဲ့ ဓနရှင်တွေနဲ့ယှဉ်ပြိုင်ရတဲ့အခါ ကြုံရတဲ့အခက်အခဲတွေ ဓနရှင်တွေရဲ့ လက်ကိုင်တုတ်လိုဖြစ်နေတဲ့ မီဒီယာတွေရဲ့သက်ရောက်မှုနဲ့ လူတစ်ယောက်ရဲ့ဘဝကို အောက်ဆုံးထိဆွဲချနိုင်တဲ့ ကောလာဟလတစ်ခုရဲ့ ကြောက်စရာကောင်းပုံတွေကို ကွင်းကွင်းကွက်ကွက် သရုပ်ဖော်ထားပါတယ်။ လူရယ်လို့ဖြစ်လာရင်တော့ ဘယ်သူမှအမှားနဲ့မကင်းပါဘူး။ လူတစ်ယောက်မှာ အားသာချက်များရင်များသလို ဒါကိုပြန်လည်ခြေပနိုင်တဲ့ပမာဏရှိတဲ့ အားနည်းချက်ကိုယ်စီ ရှိကြတာပါပဲ။နိုင်ငံရေးလောကကိုဝင်မယ်ဆိုရင်တော့ ဓားတိုက်ပွဲမှာ သေနတ်ယူသွားဖို့အထိ ကြိုတင်ပြင်ဆင်ထားဖို့နဲ့ သွားပုပ်လေလွင့် ...
movie
Knife Fight (2012)