Channel Myanmar

Erica Ash

Outlaw Johnny Black (2023) 6.1
Outlaw Johnny Black (2023)  Outlaw Johnny Black ဇာတ်ကားဟာ ဟောလိဝုဒ်နာမည်ကျော်Anika Noni Rose နဲ့ Michael Jai White တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ကောင်းဘွိုင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ကောင်းဘွိုင်ဇာတ်ကားဆိုပေမဲ့ ပေါတောတောနဲ့ ဇာတ်လမ်းအရသာပေါ့ပျက်ပျက်နဲ့ချနေတဲ့ကားလိုမျိူး မဟုတ်ပါဘူး။ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ရုပ်ရှင်အစကနေအဆုံးထိ သေချာဆွဲခေါ်သွားနိုင်တဲ့ကားမျိူးဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ဂျော်နီဘလက်လို့ခေါ်တဲ့ ကောင်းဘွိုင်တစ်ယောက်ဟာသူငယ်ငယ်တုန်းက သူ့အဖေကို သတ်သွားတဲ့သူကို လိုက်ရှာပြီး လက်စားချေဖို့ကြိုးပမ်းနေခဲ့တာပါ။ သူကိုယ်တိုင်ကလည်း လိုက်ရင်း ပြစ်မှုတွေ ကျူးလွန်မိပြီးဝရမ်းပြေးဖြစ်နေခဲ့ပါတယ်။ အဲ့အချိန်မှာ သူ့ဘဝကို ပြောင်းလဲပေးမဲ့ ဘုန်းတော်ကြီးတစ်ပါး၊ ညီအစ်မ ၂ ယောက်နဲ့ မြို့တစ်မြို့တို့ကို သူရင်ဆိုင်လာရတဲ့အချိန်မှာသူ့ရဲ့ကံကြမ္မာက ဘယ်လိုပြောင်းလဲသွားမလဲ။ သူနဲ့ သူ့သူငယ်ချင်းတွေကိုကောဘယ်သူတွေက ဒုက္ခပေးဖို့ကြံနေလဲ သူကကော ကာကွယ်နိုင်ပါ့မလား စတာတွေကိုရင်ခုန်ခံစားပြီး Wild West အရသာအပြည့်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ကျွန်တော်တို့ ငယ်ငယ်တုန်းက ကောင်းဘွိုင်ရူးခဲ့တာကို ပြန်ပြီး အမှတ်ရစေမှာလည်းဖြစ်လို့ wild west ပရိသတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်......  File size…2.23GB / ...
movie

Outlaw Johnny Black (2023)

We Have a Ghost (2023) 6.1
We Have a Ghost (2023) We have a Ghostကယ်ဗင်တို့ မိသားစုဟာ စီးပွားရေးအဆင်မပြေမှုတွေနဲ့အတူ ရွှေ့ပြောင်းနေထိုင်နေကြရတာပါ။တနေ့ အိမ်သစ်ပြောင်းကြတဲ့အခါ မထင်မှတ်ဘဲ ကယ်ဗင်တစ်ယောက် သရဲတစ်ကောင်ကို စတင်တွေ့ရှိခဲ့ပါတော့တယ်။ တွေ့လျင်တွေ့ခြင်းပဲ ဖုန်းကင်မရာနဲ့ မှတ်တမ်းတင်မိခဲ့ရာက ထိုဗီဒီယိုကို အစ်ကိုကတွေ့ … ပြီးတဲ့နောက် ဖခင်ဆီရောက်သွားတဲ့အခါ...သရဲကလေး အားနက်စ်ဟာ ဝင်ငွေကောင်းတဲ့ ဆိုရှယ်မီဒီယာလောကရဲ့ သားကောင်ဖြစ်လာရပါတော့တယ်...ကယ်ဗင်ကတော့ အားနက်စ်ကို သနားနေပြီး သူ့အဖေရဲ့လုပ်ရပ်တွေကို မနှစ်မြို့တာကြောင့် အားနက်စ် ကျွတ်လွတ်ရေးကိုသာ ကြံစည်နေပါတော့တယ် …တစ်ဖက်မှာလည်း CIAမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များက ပိတ်သိမ်းထားရတဲ့ Wizard Clipဆိုတဲ့ စီမံကိန်းဟာ အားနက်စ်ရဲ့နာမည်ကျော်ကြားလာမှုကြောင့် မြုပ်ရာကနေ ပြန်ပေါ်လာပါတော့တယ်...စီမံကိန်းရဲ့ မူလရည်ရွယ်ချက်ဟာ သရဲတွေရဲ့ တည်ရှိမှုကို ရှာဖွေဖော်ထုတ်မယ် ပြီးရင် ထိန်းသိမ်းမယ် အဲ့နောက် လက်နက်အဖြစ်အသုံးပြု ရနိုင် မရနိုင် ဆန်းစစ်ကြဖို့ပဲဖြစ်ပါတယ် …ဒါပေမယ့် စီမံကိန်းဟာ သရဲတစ်ကောင်မှ လက်ဆုပ်လက်ကိုင် မပြနိုင်တာနဲ့တင် နိဂုံးချုပ်ခဲ့ရပါတယ် ...
movie

We Have a Ghost (2023)

Unthinkably Good Things (2022) 5.4
Unthinkably Good Things (2022) Unthinkably Good Things (2022)စစ်မှန်တဲ့သူငယ်ချင်းတွေရှိရင် ဘဝကြီးက ပြီးပြည့်စုံတယ်ဆိုတာကို ကြည်နူးစရာ ကြည့်ရှူရမယ့် ဇာတ်ကားဖြစ်ပါတယ်။မယ်လီနာ၊ အယ်လီဆန်နဲ့ ရီဆာက အရမ်းချစ်တဲ့ ငယ်သူငယ်ချင်းသုံးယောက်ဖြစ်ကြပါတယ်။ အသက်တွေရလာတော့ မယ်လီနာက စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သွားပြီး အယ်လီဆန်ကတော့ အီတလီက တက္ကသိုလ်တစ်ခုမှာ ဧည့်သည်ပါမောက္ခအဖြစ် စာသင်ကြားနေပါတယ်။ ရီဆာကတော့ ကလေးယူဖို့ ကြိုးစားနေတဲ့ အငြိမ်းစားဗိုလ်ကြီးပေါ့။တစ်နေ့တော့ ရီဆာနဲ့ မယ်လီနာတို့တစ်တွေ မတွေ့ရတာသုံးနှစ်ရှိပြီဖြစ်တဲ့ အယ်လီဆန်ရှိရာ အီတလီကို အပန်းဖြေခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ငယ်သူငယ်ချင်းတွေပြန်ဆုံကြတော့ ပျော်စရာကောင်းပေမယ့် ပြောင်းလဲသွားတဲ့ ဘဝအခြေအနေတွေ၊ စိတ်မလုံခြုံမှုတွေနဲ့ သဘောထား မတိုက်ဆိုင်မှုတွေကို ညှိနှိုင်းကြရင်း တစ်ဦးကိုတစ်ဦး ဘယ်လို အားပေးကူညီကြရမလဲဆိုတာ သူငယ်ချင်းကောင်းရှိသူတိုင်း ကိုယ်တိုင်ကြုံတွေ့နေရသလို ကြည့်ရှုခံစားရမှာပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က May Myat Thu ပါ။)File Size          : 2.3GB, 917MB, 453MB Quality      ...
movie

Unthinkably Good Things (2022)

2022
Scary Movie 5 (2013) 3.5

Scary Movie 5 (2013)

2013