Channel Myanmar

Erica Cho

Leave the World Behind (2023) 6.7
Leave the World Behind (2023) Leave the World Behind (2023)~ IMDb - 6.7/10, RT - 74%, Meta - 68% ~ကမ္ဘာပျက်နေချိန်မှာ အသက်ရှင်ဖို့ကြိုးစားရတဲ့ ရုပ်ရှင်အမျိုးအစား နောက်တစ်ကားပါပဲ။ ဒီကားကတော့ အက်ရှင်မဟုတ်ဘဲ ဆိုက်ကို သည်းထိပ်ရင်ဖိုအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအဆုံးမှာတောင် အဖြေကို ရှာတွေ့သလို မတွေ့သလိုနဲ့ ပဟေဠိဆန်ဆန်ရိုက်ထားတဲ့ကားမျိုးပါ။ Mr. Robot စီးရီးရဲ့ ဖန်တီးရှင် Sam Esmail က ရိုက်ကူးထားပြီး နာမည်ကြီး မင်းသားမင်းသမီးတွေဖြစ်တဲ့ Julia Roberts, Mahershala Ali, Ethan Hawke တို့လို ဆရာကြီးတွေ ပါဝင်ထားပါတယ်။ Kevin Bacon ကတောင် ဝင်ပြီးအားဖြည့်ပေးထားပါသေးတယ်။~ ဇာတ်လမ်းအကျဉ်း ~လင်မယားနှစ်ယောက် သားတစ်ယောက်နဲ့ သမီးတစ်ယောက်ဟာ ကျေးလက်အိမ်တစ်လုံးငှားပြီး အပန်းဖြေဖို့ထွက်လာကြပါတယ်။ အငယ်ဆုံးသမီးလေးက FRIENDS တီဗီစီးရီးကို အသည်းအသန်စွဲလမ်းနေတဲ့သူဖြစ်ပြီး ...
movie

Leave the World Behind (2023)

2023
NYAD (2023) 7.1
NYAD (2023)  Nyad ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားလေးမှာ အဓိကပါဝင်သရုပ်ဆောင်ထားတာကတော့ ဟောလိဝုဒ်နာမည်ကျော်မင်းသမီးကြီးတွေ ဖြစ်တဲ့ Annette Bening နဲ့ Jodie Fosterတို့ဖြစ်ပါတယ်။ ၂ ယောက်လုံးက ဝါရင့်သရုပ်ဆောင်တွေ ဖြစ်ကြတာမို့သူတို့ရဲ့ သရုပ်ဆောင်မှုပိုင်းက အပြစ်ပြောစရာလုံးဝ မရှိပါဘူး..ဖြစ်ရပ်မှန်ဇာတ်လမ်းကို ကျောရိုးယူပြီးရိုက်ထားတာဖြစ်ပြီးအဓိကပြသွားတဲ့အရာလေး ၂ ခုရှိပါတယ်။ ပထမတစ်ခုကတော့ငယ်ငယ်ကတည်းက သူငယ်ချင်းတွေ ဖြစ်လာပြီး အခု ကြီးလာတဲ့အထိတစ်ယောက်နဲ့တစ်ယောက် နက်နက်ရှိုင်းရှိုင်းချစ်ကြတဲ့ သူငယ်ချင်း၂ ယောက်ကြားက အချစ်တွေ ခွဲခွာခြင်းတွေ ခံစားချက်တွေကိုကိုယ်တိုင်ဖြစ်နေသလို ခံစားရမှာဖြစ်ပါတယ်ဒုတိယတစ်ခုကတော ဇာတ်ကားရဲ့ အဓိကဇာတ်လမ်းဖြစ်တဲ့ Diana Nyad ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။Nyad ဟာ အသက် ၂၈ နှစ်က ကမ္ဘာပေါ်မှာ အဝေးဆုံး သမုဒ္ဒရာဖြတ်ကူးခရီးစဥ်ဖြစ်တဲ့ ကျူဘားနိုင်ငံကနေ ဖလော်ရီဒါပြည်နယ်ကို လက်ပစ်ကူးခတ်ဖို့ကြိုးစားခဲ့ပါတယ်။ အခက်အခဲတွေအမျိုးကြောင့် မအောင်မြင်ခဲ့ပဲ လက်လျော့ခဲ့ရပါတယ်။ အသက် ၆၀ ပြည့်ပြီးတော့မှ ဘဝကို အရှုံးမပေးချင်တဲ့စိတ်နဲ့အဲ့ခရီးစဥ်ကို ပြန်လည်ကြိုးစားဖို့ ဆုံးဖြတ်ပြီးခဲ့တဲ့နောက်မှာတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ...
movie

NYAD (2023)

Spoiler Alert (2022) 6.9
Spoiler Alert (2022) "အချစ်"ဆိုတာ ဘယ်လိုအရာမျိုးလဲ။စွန့်လွှတ်အနစ်နာခံခြင်းလား၊ ရယူပိုင်ဆိုင်ခြင်းလား။ယောကျာ်းလေး၊ မိန်းကလေး၊ အသက်ကြီးသူ၊ အသက်ငယ်သူ၊ လူဖြူ၊ လူမည်းမတူကွဲပြားတဲ့ပုံပန်း သဏ္ဌာန်တွေကြား "အချစ်"ကို အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းလည်းကွဲပြားနိုင်ကြတယ်မဟုတ်လား။မွေးထုတ်ပေးထားတဲ့ မိဘနဲ့တောင် စိတ်အခန့်မသင့်လို့ရန်ဖြစ်စကားများတတ်ကြသေးတာ သွေးမတော်သားမစပ် သူစိမ်းတစ်ယောက်နဲ့"အချစ်" တစ်ခုတည်း‌ကြောင့် နှစ်ရှည်လများအတူရှိနေဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။တကယ်ချစ်တဲ့သူက "ဘဝရဲ့အခက်ခဲဆုံးအချိန်မှာတောင် ကိုယ့်ကိုစွန့်ခွာမသွားတဲ့သူ"တဲ့။ဘဝရဲ့တကယ့်အခက်ခဲ အပင်ပန်းဆုံးဆိုတဲ့ အချိန်ဆိုတာမျိုးရောက်လာခဲ့ရင်ရောကြီးကျယ်မြင့်မြတ်လှပါတယ်ဆိုတဲ့ အချစ်ကစွန့်ခွာမသွားဘူးဆိုတာ သေချာနိုင်ပါ့မလား။မသေချာ မရေရာတာတွေများတဲ့လောကကြီးထဲကံကောင်းထောက်မစွာနဲ့ Right person ကို ရှာတွေ့နိုင်ခဲ့မယ်ဆိုရင်တောင်Right time ဖြစ်ဖို့ အခွင့်အရေးရှိပါ့မလား။စတဲ့မေးခွန်းတွေရဲ့အဖြေကို The Big Bang Theory ထဲက မင်းသားကြီး Jim Parsonကမိုက်ကယ်ဆိုတဲ့ လိင်တူချစ်မိသူအမျိုးသားအဖြစ် ဒီကားလေးထဲမှာဆွတ်ပျံကြည်နူးစရာ လွမ်းမောတမ်းတဖွယ်ရာ ပုံဖော်ပြထားပါတယ်။ဒီကားလေးက ပရိသတ်ကြီးတို့ရဲ့"အချစ်"အပေါ်ရှုမြင်ပုံကို တစ်မျိုးတစ်မည်ပြောင်းလဲသွားစေနိုင်မှာလား။ပရိသတ်ကြီးတို့ရဲ့ "အချစ်"အပေါ်ရှုမြင်ပုံခြင်းနဲ့ရောထပ်တူကျပါ့မလားဆိုတာကို အဖြေရှာဖို့ ခံစားသက်ဝင်ကြည့်လိုက်ကြပါဦး‌နော်။ဪ တစ်ခုလောက်ကြိုတင်သတိပေးချင်တာကဒီကားလေးက ဖြစ်ရပ်မှန်ကို အခြေခံတဲ့ဝတ္တုကို ရိုက်ကူးထားတာမို့တချို့‌ဝမ်းနည်းစရာဇာတ်ဝင်ခန်းတွေကို မကြည့်ခင် တစ်ရှူးလေးတော့ဆောင်ထားကြပါလို့။File size…(1.23GB)  / (`981MB) / (479MB) Quality…. ...
movie

Spoiler Alert (2022)