Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Erica Tremblay
7.4
Unexpected Grace (2023)
Unexpected Grace (2023)~ IMDb - 7.4/10, Rotten Tomatoes - 83% ~ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ 2023 မှာထွက်ရှိထားပြီး Rating လည်းကောင်းတဲ့ Healing ဒရာမာကောင်းလေး The Unexpected Grace ပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~လွန်ခဲ့တဲ့နှစ်နှစ်က သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး အိမ်ထောင်ရေးမှာပါ အဆင်မပြေဖြစ်ခဲ့ရတဲ့ နိုအဲတစ်ယောက် သမီးမဆုံးခင် သူငယ်ချင်းရှာတဲ့စာနဲ့အတူ လွှတ်တင်လိုက်တဲ့ပူဖောင်းလေးကို ကောင်မလေးတစ်ယောက်က တွေ့သွားပြီးဆက်သွယ်လာတဲ့အခါ...အဖေဖြစ်သူရဲ့အလုပ်ကြောင့် ခဏခဏမြို့ပြောင်းနေရာကနေ သူငယ်ချင်းမရှိလို့ စိတ်ညစ်နေတဲ့ ဂရေ့စ်တစ်ယောက် တစ်နေ့ တိုနီဆိုတဲ့ကောင်မလေးသူငယ်ချင်းရှာထားတဲ့ ပူဖောင်းလေးကိုတွေ့သွားပြီး သူငယ်ချင်းရမယ်အထင်နဲ့ဆက်သွယ်ကြည့်လိုက်တဲ့အခါ...သမီးကသာ သူ့ဘဝ သမီးတစ်ယောက်ကိုသာစိတ်ထဲထားပြီး အလုပ်တွေကြိုးစားနေတဲ့ဂျက်တစ်ယောက် တစ်နေ့ သမီးပျောက်လို့လိုက်ရှာရင်း သမီးရဲ့သူငယ်ချင်းဖြစ်သူက နိုအဲမှန်းသိသွားတဲ့အခါ...သူတို့သုံးယောက်ကြား ခံစားချက်တွေ ဝမ်းနည်းစရာတွေ အတိတ်ကဒဏ်ရာတွေကို တစ်ယောက်ကိုတစ်ယောက် ဘယ်လိုကူညီဖြေရှင်းရမလဲဆိုတာကို ဒရာမာဆန်ဆန်ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie
Unexpected Grace (2023)
2023
6.9
Always Amore(2022)
Always Amore(2022)*******************အဲလိဇဘတ်ဟာ ယောကျာ်းဖြစ်သူ ဆုံးပါးသွားပြီးနောက် မိသားစုကိုရော စီးပွားရေးကိုရောတစ်ဦးတည်းဦးဆောင်နေရရှာပါတယ်။ ယောကျာ်းဖြစ်သူရဲ့အမွေအနှစ်ဖြစ်တဲ့ စားသောက်ဆိုင်လေးဟာလည်းတစ်နှစ်ထက်တစ်နှစ်ရောင်းအားကျလာပြီးနောက် ပိတ်သိမ်းရမယ့်အခြေအနေကိုရောက်ရှိလာပါတယ်။ဒီအခြေအနေကနေကယ်တင်နိုင်ဖို့ဆိုပြီး စားသောက်ဆိုင်အကြံပေးဖြစ်သူ ဘန်နဲ့ ပူးတွဲအလုပ်လုပ်ဖို့အကြောင်းဖန်လာပါလေရော။ ဘန်ဟာ အကြံပေးလောကမှာ နာမည်ကြီးအောင်မြင်သူ၊အပြောင်းအလဲကိုကြိုဆိုသူပါ။ အဲလိဇဘတ်ကကျတော့ ယောကျာ်းဖြစ်သူရဲ့ အမှတ်တရအငွေ့အသက်တွေ ပျောက်ပျက်မသွားအောင် အပြောင်းအလဲလုပ်ဖို့ ငြင်းဆန်လေ့ရှိသူပါ။သူတို့နှစ်ဦးထိပ်တိုက်တွေ့ဆုံတဲ့အခါမှာတော့.....။ ပြောင်းလဲမှုတိုင်းဟာ အမြဲတမ်းဆိုးဝါးမနေဘဲအချစ်သစ် ပျော်ရွှင်မှုအသစ်ကိုတောင် ရှာဖွေတွေ့ရှိနိုင်ကြောင်းရိုက်ကူးပြသထားတဲ့ကားလေးဖြစ်ပါတယ်။File Size :(1.2GB) and (533MB) Quality : WEB-DL1080p, 720p Format…mp4 Duration…01:57:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Always Amore(2022)
N/A
Extinction (2018)
ကျနော်တို့ အရမ်းရင်းနှီးတဲ့ သူတစ်ယောက်နဲ့မိတ်ဆက်ပေးပါရစေ...ဟုတ်ပါတယ် Michael Peña ပါ သူကတော့Ant Man ရုပ်ရှင်တွေမှာ စကားအင်မတန်များပြီးဟာသ ဇတ်ရုပ်နဲ့ လူတိုင်းချစ်ကြတဲ့ သူပါအခု Netflix ရဲ့ ဇတ်လမ်းတစ်ခုမှာခေါင်းဆောင်သရုပ်ဆောင် တစ်ဦးအဖြစ်ပါဝင်လာခဲ့ပါပြီ Michael Peña ကို ဒီဇတ်လမ်းမှာAnt Man ထဲက မျက်နှာပြောင်ချော်ချော် နဲ့စကား အင်မတန်များတဲ့ သူ အဖြစ်မြင်တွေ့ရမှာမဟုတ်ပဲအိမ်ထောင်ဦးစီးယောကျင်္ားတစ်ယောက် သမီး ၂ ဦးရဲ့ ဖခင်အလုပ်မှာ တာဝန်ကျေတဲ့ ဝန်ထမ်းကောင်း တစ်ဦးအဖြစ်တွေ့ရမှာဖြစ်ပြီး သူ့ကာရိုက်တာ ကတော့ အေးဆေးတဲ့ လူတစ်ဦးအဖြစ်ပါNetflix က ထွက်လာတဲ့ ဇတ်လမ်းမှန်သမျှ ဟာ အမှိုက်တောင်းထဲပစ်လိုက်ရတယ် မရှိအောင် ကောင်းတာတွေ များပြီး အခုနောက်ပိုင်းသိပ္ပံဘက် နွယ်တဲ့ ရုပ်ရှင်တွေ များလာပါတယ် ပြီးတော့တွေးစရာတွေ အများကြီးပေးပြီး လူတွေ ရဲ့ စိတ်သဘောထားကိုဖောက်ထုတ်ပြသတဲ့ ရုပ်ရှင်တွေ များပါတယ်ဒီ Extinction ဆိုတဲ့ ရုပ်ရှင်ကားမှာတော့ ပီတာဆိုတဲ့လူတစ်ဦးဟာ အိပ်မက်ဆိုး တစ်ခုကို ...
movie
Extinction (2018)
2018