Channel Myanmar

Erika Alexander

American Fiction (2023) 7.8
American Fiction (2023) American Fiction (2023)~ IMDb - 7.8/10, RT - 94%, Meta - 81% ~Poverty Porn ဆိုတဲ့ စကားလုံးကို တော်တော်များများ ရင်းနှီးပြီးလောက်ပြီ။ စာနဲ့ပဲဖြစ်ဖြစ် ဓာတ်ပုံနဲ့ပဲဖြစ်ဖြစ် ရုပ်ရှင်နဲ့ပဲဖြစ်ဖြစ် ချို့တဲ့လူတွေ ချို့တဲ့နေတဲ့အခြေအနေတွေကို ဖော်ပြပြီး လူတွေရဲ့ ကရုဏာကိုရယူပြီး တစ်စိတ်တစ်ဒေသဖြစ်စေ အပြည့်အဝဖြစ်စေ ကိုယ်ကျိုးအတွက် အသုံးချတာမျိုးပေါ့။ ဒီရုပ်ရှင်က အဲဒါနဲ့ခပ်ဆင်ဆင် Black Trauma Porn နဲ့ ဆက်စပ်ပြီး အမေရိကန်အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကို သရော်ထားတဲ့ ရုပ်ရှင်။ Black Trauma Porn ဆိုတာက လူမဲတွေရဲ့ရုန်းကန်ရမှုတွေ ကျွန်ပြုခံရမှုတွေ ခွဲခြားခံရမှုတွေကို ပြပြီး စာနာမှုယူပြီး အပေါ်ကနည်းအတိုင်း အမြတ်ထုတ်တာမျိုးပဲ။ ရုပ်ရှင်ထဲက ဇာတ်ကောင်ကတော့ ဖန်တီးတဲ့လူတွေအပြင် ဒါတွေကို အရသာခံတတ်တဲ့လူတွေကိုပါ သရော်ထားတယ်။ တကယ်စာနာတာနဲ့ ဒီအခြေအနေကို အရသာခံတာရဲ့ကြားက ...
movie

American Fiction (2023)

2023
4K HEVC
Earth Mama (2023) 7.0
Earth Mama (2023) Earth Mama (2023) ============== IMDb Rating - 7.0/10အခုနောက်ပိုင်း ရုပ်ရှင်ကောင်းလက်ရာကောင်းတွေ ဖန်တီးလာတဲ့ A24 စတူဒီယိုရဲ့ နောက်ထပ်လက်ရာကောင်းတစ်ခုဖြစ်ပါတယ်။ လူမည်းအမျိုးသမီး single mom တစ်ယောက်အနေနဲ့ ကလေးစရိတ် မပေးနိုင်တာကြောင့် ကလေးနှစ်ယောက်ကို အစိုးရက အုပ်ထိန်းခွင့် လွှဲပြောင်းဖို့အရေး ကြိုးဆွဲနေရတဲ့ ဘဝတစ်ခုကို မြင်ရမှာဖြစ်ပါတယ်။ ဘဝရဲ့အခက်အခဲတွေ ပတ်ဝန်းကျင်ရဲ့ ဝေဖန်ရိုက်ခပ်မှုတွေကြားက ဘယ်လောက်ပဲ ဆိုးနေတဲ့မိခင်ဖြစ်ပါစေ ကလေးတွေအပေါ်ထားတဲ့ မေတ္တာနဲ့ ကြိုးစားမှုတွေကို အကောင်းဆုံးပုံဖော်ထားတဲ့ ကားကောင်း လေးပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(3.5 GB) / (696 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 41Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Thiha Yan Naing Encoder..........SWM
movie

Earth Mama (2023)

2023
I See You (2019) 6.5
I See You (2019) (Unicode)2019 ထွက် Thriller ဇာတ်ကားဖြစ်ပြီး Gore တွေ သွေးသံတရဲရဲတွေမပါဝင်ပေမယ့် R rated ဖြစ်ပါတယ်..အိမ်ထောင်ရေးဖောက်ပြန်ထားမိတဲ့ အမေဖြစ်သူဂျက်ကီကို သားဖြစ်သူကော်နာက အရမ်းစိတ်နာနေတာကနေ ဇာတ်လမ်းကိုစဖွင့်ထားပါတယ်...ရဲအရာရှိခင်ပွန်းဖြစ်သူနဲ့လည်း အိမ်ထောင်ရေးလည်းအဆင်မပြေတော့ပဲ မိသားစုတစ်စုလုံး စိတ်ဆင်းရဲနေကြရပါတယ်...အဲ့အချိန်မှာပဲ သူတို့မြို့နယ်မှာ ဆယ်နှစ်ဝန်းကျင်ကလေးတွေဆက်တိုင်ပျောက်နေပါတယ်...အဲ့ဒါနဲ့ အဲ့အမှုကို ခင်ပွန်းဖြစ်သူက ဦးဆောင်စုံစမ်းရမယ့်တာဝန်ကျလာပါတော့တယ်...အဲ့အချိန်ကစလို့ သူတို့အိမ်မှာ ထူးဆန်းတာတွေဆက်တိုက်ကြုံလာရပါတော့တယ်...ကလေးပြန်ပေးဆွဲသမားက ဘယ်သူဖြစ်မလဲသမားရိုးကျအမှုမှဟုတ်ရဲ့လားဆိုတာကို ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ...IMDB 6.5/10 ရရှိထားပါတယ်(ရှပ်ရှင်အညွှန်း နဲ့ ဘာသာပြန်သူကတော့ May Myat Thu ပါ)  File Size : (800 MB) and (400 MB) Quality : AMZN WEB-DL 720p Running Time : 1hr 36min Format : Mp4 Genre : Crime, ...
movie

I See You (2019)

2019
Déjà Vu (2006) 7.0
Déjà Vu (2006) Déjà Vu (2006) IMDb - 7.0/10_____Rotten - 55%    2006 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ Deja Vu ဇာတ်ကားကို ဒါရိုက်တာ တိုနီစကော့ကနေရိုက်ကူးခဲ့ပြီး ပါဝင်သရုပ်ဆောင်ထားတဲ့သူကတော့ Denzel Washington ဖြစ်ပါတယ်. ကျွန်တော်သိပ်ကြိုက်တဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့ John Q ဇာတ်ကားမှာလည်း အဓိကမင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူပါ. အခုတင်ပေးတဲ့ကားကတော့ အက်ရှင် နဲ့ဖိုက်တင်နဲ့ သိပ္ပံဇာတ်လမ်း အမျိုးအစားဖြစ်ပြီး အက်ရှင်ဇာတ်လမ်းကောင်း.. သိပ္ပံနဲ့ဆိုင်တဲ့ဇာတ်ကားမျိုးလေးတွေကိုကြိုက်နှစ်သက်တဲ့ သူတွေအတွက်လက်လွှတ်မခံသင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်.. IMDb Rating ကလည်း 7.1 ရရှိထားတာမို့. .ဇာတ်ကားကောင်းတစ်ကားဆိုတာ ငြင်းချက်ထုတ်နေစရာမလိုပါဘူး အညွှန်းနည်းနည်းပေးရမယ်ဆိုရင်….. ဇာတ်လမ်းစစချင်းမှာပဲ ရေကြောင်း Ferry တစ်ခုဖြစ်တဲ့ သဘောၤတစ်ခုမှာ ကျောင်းသားတွေရော. လူတော်တော်များများပါလိုက်ပါလာပါတယ်.. အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်နေကြတုန်းမှာပဲ သဘောၤ ပေါ်မှာ တင်ဆောင်လာတဲ့ကားတစ်စီးမှာ ထောင်ထားတဲ့ ဗုံးဟာ ပေါက်ကွဲသွားပါတယ်..သဘောၤတစ်စီးလုံးစာကို ပေါက်ကွဲသွားတာဖြစ်ပြီး ကယ်ဆယ်ချိန်လည်းမရသလို.အသေအပျောက်ကလည်းရာချီပါတယ် ဒီကိစ္စကိုစုံစမ်းဖို့အတွက်ရောက်လာတာကတော့ ATF Agent ဖြစ်တဲ့ ဒေါ့ကာလင်ပါ… အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်.. သူဟာ နည်းပညာအကူအညီနဲ့ သဘောၤဗုံးမပေါက်ခင် လွန်ခဲ့တဲ့ လေးရက်ကို ပြန်လည်သွားရောက်ပြီး ရာဇဝတ်မှုမဖြစ်ပွားအောင်ကြိုးစားရပါတော့တယ်. ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို တော့ ဆက်လက်ကြည့်ရှုကြပါ.. ဆွဲဆောင်မှုရှိရှိနဲ့ရိုက်ကူးတင်ဆက်ထားပြီး စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်.. ဒီဇာတ်ကားရဲ့ဘာသာပြန်ကိုတင်ဆက်သူကတော့ ကို Lotus Black ပဲဖြစ်ပါတယ်Translated By Lotus Black Encoded By LK =================== 2006 ခု ...
movie

Déjà Vu (2006)

2006
Get Out (2017) 7.7
Get Out (2017) Get Out (2017) IMDb - 7.7/10_____Rotten - 98% Won 1 Oscar. Another 152 wins & 201 nominationsလူမည်းအမျိုးသား ခရစ်တစ်ယောက် သူ့ချစ်သူ လူဖြူမလေး ရို့စ် ရဲ့မိဘအိမ်ကို သွားဖို့သူ့ချစ်သူက တောင်းဆိုလာတဲ့အခါမှာ သူ မငြင်းဆန်ပဲ လိုက်သွားခဲ့ပါတယ်သူတို့နှစ်ယောက် အဲ့ဒီအိမ်ကို ရောက်သွားတဲ့အချိန်မှာတော့ ရို့စ် ရဲ့မိဘတွေက သူ့ကို ဖော်ဖော်ရွေရွေပဲ ဆက်ဆံပါတယ် ... ဒါပေမဲ့ ထူးခြားတာ တစ်ခုကတော့အိမ်အကူတွေပါ ... ခရစ် လည်း ဒါကို သတိထားမိပါတယ် ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့အိမ်မှာ နှစ်တိုင်းကျင်းပနေကျဖြစ်တဲ့ ပါတီပွဲတစ်ခုလုပ်ပါတယ် ... အဲ့ဒီမှာတော့ လွန်ခဲ့တဲ့ ၆လလောက်က ပျောက်ဆုံးခဲ့တဲ့ အန်ဒရီ ဟေးဝေ့ါသ် နဲ့ဆုံခဲ့ပါတယ် ... မြင်မြင်ချင်းမှာ သူလည်းမမှတ်မိပေမဲ့ နောက်ပိုင်း သတိထားမိလာတဲ့အခါမှာတော့ ... အာမီတေ့ဂျ် မိသားစုရဲ့ မသင်္ကာဖွယ်ရာတွေကို သူ ...
movie

Get Out (2017)

2017