Channel Myanmar

Erika Christensen

My Boyfriends’ Dogs (2014) 5.8
My Boyfriends’ Dogs (2014) My Boyfriends’ Dogs [2014] ( IMDb 5.8/10 )မိုးသည်းတဲ့ ညတစ်ညမှာ ဘေလီတစ်ယောက် ပိတ်နေပြီဖြစ်တဲ့ ဆိုင်တစ်ဆိုင်အတွင်းကို ခွေးသုံးကောင်ရယ် မင်္ဂလာ‌ဆောင်ဂါဝန်ကြီး ဝတ်လျက်သားရယ်နဲ့ ဝင်ရောက်လာခဲ့ပါတယ်... စပ်စုလိုတဲ့ ဆိုင်ရှင်လင်မယားဟာ ဘေလီ့ကို မင်္ဂလာပွဲပျက်လို့ ထွက်ပြေးလာတယ်လို့ပဲ ထင်မှတ်ပြီး ဇာတ်ကြောင်းကို ရှင်းပြဖို့ တိုက်တွန်းပါတော့တယ်... ဒီလိုနဲ့ ခွေးသိပ်ချစ်တဲ့ ဘေလီလည်း သူ့ရဲ့ ဖြစ်ကြောင်းကုန်စင်ကို စတင်ရှင်းပြပါတော့တယ်... အိမ်အသစ်ကို စတင်ပြောင်းရွှေ့ရာကနေ အစပြုခဲ့တဲ့ သူ့ရဲ့အချစ်ဇာတ်လမ်းတွေဟာ ဘယ်နည်းဘယ်ပုံနဲ့ အဆုံးသတ်သွားပြီး အခုလို မင်္ဂလာဆောင်ဂါဝန်တကားကားနဲ့ မိုးရေထဲ ပြေးလွှားနေရတဲ့ အဖြစ်ကို ရောက်သွားရလဲဆိုတာ တစ်ဆင့်ချင်းစီ ကြည့်ရှုသွားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Drama, Family, Romance Quality…. 1080p | 720p File size… 1.4GB | 686MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle ...
movie

My Boyfriends’ Dogs (2014)

2014
How to Rob a Bank (2007) 6.0
How to Rob a Bank (2007)  "ဘဏ်ဘယ်လိုဖောက်ရမလဲ" ၂၀၀၇ တုန်းကထွက်ရှိခဲ့တဲ့ Thriller/Comedy ရုပ်ရှင်ပါ။ ခရမ်းချဉ်သီးပုပ်မှာ မျက်နှာပန်းမလှရှာပေမဲ့ IMDbမှာတော့ 6 အထိရရှိထားပါတယ်။ ကျွန်တော့်အတွက်ကတော့ ၂၀၀၇ လို ခုနှစ်တုန်းက ထွက်ရှိထားတဲ့ ရုပ်ရှင်တစ်ကားအနေနဲ့ စိတ်၀င်စားစရာကောင်းပြီး လက်ခံပေးလို့ရတဲ့ အဆင့်မှာရှိတယ်လို့ မြင်ပါတယ်။ဒီရုပ်ရှင်က ရိုက်ကွင်း နှစ်ခုသုံးခုလောက်နဲ့ ပတ်ရိုက်ထားတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါ။ ဇာတ်လမ်းအစမှာ ဂျေဆန်တေလာဆိုတဲ့ဘဲက ဘဏ်တစ်ခု အနုကြမ်းစီးခံနေရချိန်မှာ ငွေတိုက်ထဲမှာ ဂျက်စီကာလို့‌ခေါ်တဲ့ စော်လေးတစ်ပွေနဲ့ပိတ်မိနေတယ်။ တကယ်တော့ ဒီဘဲက အနုကြမ်းစီးတဲ့အဖွဲ့နဲ့ လားလားမှမဆိုင်ဘူး။ သူ့ အေတီအမ်ကဒ်ကနေ ငွေထုတ်ရင်း အပိုကြေးထပ်ဖြတ်ခံလိုက်ရလို့ ဘဏ်မှာမကျေမနပ်နဲ့ ကွန်ပလိန်းလာတက်ရင်းကနေ အနုကြမ်းစီးတဲ့အချိန်နဲ့ တည့်တည့်တိုးပြီး ထီပေါက်သွားတာ။ဂျေဆန်နဲ့ ဂျက်စီကာတို့ပိတ်မိနေတဲ့ ငွေတိုက်ခန်းထဲမှာ ကွန်ပြူတာတစ်လုံးရှိတယ်။ ဒီကွန်ပြူတာကို ဆယ်တန်လောက်လေးတဲ့ သံတံခါးကြီးနဲ့ပိတ်ထားတဲ့ ငွေတိုက်ထဲမှာ ထည့်ထားရခြင်း အကြောင်းရင်းတစ်ခုရှိပါတယ်။ဒီလိုနဲ့ ဂျေဆန်တို့ဆီကို အပြင်မှာ အနုကြမ်းစီးနေတဲ့ လက်နက်ကိုင်အဖွဲ့ရယ်၊ ဓားစာခံကယ်ထုတ်ဖို့ ကြိုးစားနေတဲ့ ...
movie

How to Rob a Bank (2007)

The Perfect Score (2004) 5.7
The Perfect Score (2004) Perfect Score Movie SynopsisIMDb 5.7/10 အားလုံးသိကြတဲ့ Marvel သရုပ်ဆောင်တွေဖြစ်တဲ့ Chris Evans နဲ့Scarlett Johansson တို့ရဲ့ ဆယ်ကျော်သက်အရွယ်လူငယ်ဆန်တဲ့ သရုပ်ဆောင်ပုံတွေကို မြင်ရမဲ့မိသားစုကြည့်လို့ရတဲ့ မှုခင်း ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါးဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအထက်တန်းကျောင်းသား Kyle (Chris Evans) ဟာ ရည်မှန်းချက်ကြီးပြီး ကြိုးစားတဲ့လိမ္မာတဲ့ကျောင်းသားတစ်ယောက်ပါ။GPA လို့ခေါ်တဲ့ အတန်းတွင်းရမှတ်ကောင်းတယ်ဆိုပေမဲ့သူတက်ချင်တဲ့ ဗိသုကာကောလိပ်ကိုတက်ခွင့်ရဖို့ကောလိပ်ဝင်ခွင့် S.A.T စာမေးပွဲမှာ သတ်မှတ်ထားတဲ့အမှတ်မရတဲ့အခါမှာတော့ သူနဲ့ အခြေအနေအတူတူပဲဖြစ်တဲ့သူငယ်ချင်း Matty နဲ့ပေါင်းပြီး ရသမျှနည်းလမ်းနဲ့အဖြေလွှာတွေခိုးဖို့ ကြံစည်ပါတော့တယ်။Matty နဲ့ Kyle နှစ်ယောက်သားဟာ အကူအညီရနိုင်တဲ့နေရာမှန်သမျှလိုက်စုံစမ်းကြည့်တဲ့အခါ Francesca (Scarlett Johansson) လို့ခေါ်တဲ့ကောင်မလေးရဲ့ အဆက်အသွယ်တွေနဲ့အဖြေလွှာတွေခိုးလို့ရနိုင်ကြောင်း သိသွားတဲ့နောက်မှာတော့လိမ္မာတဲ့ကျောင်းသားလေး Kyle၊ ကံဆိုးသူ သူငယ်ချင်း Matty၊ ကလန်ကဆန်ကောင်မလေး Francesca တို့နဲ့အတူ နောက်ထပ် သုံးယောက်အနေနဲ့ ဘယ်သူတွေထပ်ပါလာပြီးအဖြေလွှာတွေ ဘယ်လိုခိုးဖို့ ကြံစည်ကြလဲအထက်တန်းကျောင်းသား ၆ ယောက်ကကော ...
movie

The Perfect Score (2004)

2004
Flightplan
Flightplan ဒီရုပ်ရှင်က Psychological Thriller အမျိုးအစားပါ၊ အတူလိုက်ကြည့်ရင်း ခေါင်းစားလိုက် ရင်ခုန်လိုက်ပေါ့။မိခင်တစ်ယောက်ဆိုတာ သွားရှုပ်လို့မရဘူးဆိုတဲ့ မက်ဆေ့ချ်လေးပေးချင်တဲ့ ကားကောင်းလေးတစ်ကားလာပါပြီပရတ်ဆိုတဲ့ အမျိုးသမီးဟာ ယောကျ်ားဆုံးသွားလို့ သမီးလေးနဲ့အတူ အမေရိကန်က လောင်းအိုက်လန် ကိုပြန်ပြီးသဂြိုလ်ဖို့အတွက် ဘာလင်ကနေထွက်လာတာပါ သူကလေကြောင်းအင်ဂျင်နီယာဆိုတော့ သူစီးမယ့်လေယာဉ်ရဲ့ အစိတ်အပိုင်းတွေအားလုံးကိုလည်း သေသေချာချာသိတဲ့ သူတစ်ယောက်ပေါ့အဲဒီလိုနဲ့ လေယာဉ်စထွက်ပြီးမကြာခင်မှာပဲ သူ့သမီးလေးက လေယာဉ်ပေါ်မှာပျောက်သွားခဲ့တာပါ ထူးထူးဆန်းဆန်းကိစ္စဆိုတော့ သူများတွေကလည်း သိပ်မယုံကြဘူးပေါ့ လေယာဉ်မှူးကိုယ်တိုင်က မယုံချင်ချင်နဲ့ ရှာပေးရှာတော့တာပါပဲ အဲဒီမှာ သူ့ကိုစိတ်ကယောင်ကတမ်းဖြစ်တယ်ဆိုပြီး လေကြောင်းရဲက ထိန်းသိမ်းထားရပါတော့တယ် တကယ်တော့ သူက တကယ်ပဲစိတ်ရောဂါဖြစ်နေတာလား သူ့သမီးလေးကရော တကယ်ပါလာရဲ့လား လေယာဉ်ပေါ်မှာရော ဘာတွေဆက်ဖြစ်မှာလဲဆိုတာ စိတ်လှုပ်တရှားနဲ့ကြည့်လို့ကောင်းတဲ့ ကားဟောင်းလေးတစ်ကားပါပဲFile size…(1.54GB)/(719MB)/(524.78MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Thriller/Mystery/drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Garfield
movie

Flightplan

Cheaper by the Dozen (2022) 4.1
Cheaper by the Dozen (2022) Cheaper by the Dozen (2022)Walt Disney Pictures ကနေထုတ်လုပ်တဲ့ မိသားစုဟာသ ကားသစ်လေးထွက်လာပါပြီ နာမည်ကြီး မင်းသားမင်းသမီးကြီးတွေ casts ပေါင်းများစွာသုံးပြီး ရိုက်ကူးထားတဲ့ ဒါရိုက်တာဇာတ်ညွှန်းရေးဆရာမ Gail Lerner ရဲ့ ကားသစ်လေး~ "Cheaper by the Dozen"... ကလေးရောလူကြီးရော ကြည့်နိုင်တဲ့ ကားကောင်းလေးဖြစ်တဲ့အပြင် ဒီကားသစ်လေးကို အရင် ၁၉၅၀ နဲ့ ၂၀၀၃ ကထွက်ခဲ့တဲ့ နာမည်တူ ကားဟောင်းကြီးတွေကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါတယ် အရင်ကားတွေနဲ့မတူဘဲ ခေတ်အလိုက်ပြောင်းလဲသွားတဲ့သဘာဝတွေကိုမြင်တွေ့ရမှာဖြစ်ပြီး တကယ့်လူနေမှုဘဝကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ် လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပါတယ် လူတိုင်းနီးပါး ကိုယ့်အိပ်မက်ကို တစ်နေ့မှာ ဖြစ်လာအောင် အကောင်အထည်ဖော်ချင်ကြမှာပါပဲ ဒီကားလေးမှာလည်း မိသားစုဝင်တွေအကုန် ကိုယ်စီအိပ်မက်ရှိကြပြီး ကိုယ့်အိပ်မက်အတွက် ရေကုန်ရေခမ်းကြိုးစားကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ် ဒါပေမဲ့ တစ်ခါတလေမှာတော့ ကိုယ်တွေးထားတဲ့ အိပ်မက်က ကိုယ်တွေနဲ့ မကိုက်တဲ့ အရာတစ်ခု/ ဖြစ်လာတာတောင် မပျော်ရွှင်ရတဲ့ အရာတစ်ခုဖြစ်လာတတ်ပါတယ် ဒီလိုအချိန်မျိုးမှာ ကိုယ်ချစ်တဲ့သူတွေ မိသားစုတွေနဲ့ တိုင်ပင်ပြီး စည်းလုံးမှုကိုပြထားတဲ့ ကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့Paul Baker (Zach Braff) နဲ့ Kate ...
movie

Cheaper by the Dozen (2022)

2022
Kimi (2022) 6
Kimi (2022) Kimi (2022)Siri လည်းမဟုတ် Alexa လည်းမဟုတ် ... နည်းပညာတစ်ခေတ်ဆန်းမယ့် Kimi ခေတ်ကိုရောက်ရှိလာပါပြီ။ဘာတွေကွာလည်းဆိုတော့ Kimi ကလူကိုယ်တိုင်ဖြေကြားတာပါတဲ့။ အဲ့ဒီတော့ နားလည်မှုလွဲတာတွေမဖြစ်နိုင်ဘဲ ကိုယ်လိုချင်တာကို တိတိကျကျ အဖြေပေးနိုင်တဲ့ Kimi ဆိုတဲ့ကုန်ပစ္စည်းလေးက ဒီကားလေးမှာ အဓိကဇာတ်ဆောင်ဖြစ်လို့နေပါတယ်။Kimi လေးကိုဈေးကွက်မှာမိတ်ဆက်ဖို့ တစ်ပတ်အလိုမှာ ဒီဇာတ်လမ်းကို စတင်ထားပါတယ်။ အွန်လိုင်းနဲ့ချိတ်ဆက်ထားပြီး သုံးစွဲသူတောင်းဆိုသမျှကိုပြန်ဖြေနိုင်ဖို့ Kimi လေးက အသံတွေကိုအမြဲတမ်းဖမ်းယူထားရပါတယ်။ အန်ဂျလာက အဲ့ဒီအသံဖိုင်ကိုနားထောင်ပြီး ခွဲခြမ်းစိတ်ဖြာပေးရတဲ့ ဝန်ထမ်းတစ်ဦးပေါ့။တစ်နေ့မှာ အဲ့ဒီအသံဖိုင်ထဲကနေ “ရပ်လိုက်...ရပ်လိုက်...တော်ပါတော့...” ဆိုတဲ့ဖိုင်ကိုနားထောင်ပြီးတဲ့နောက် အန်ဂျလာတစ်ယောက် မသင်္ကာဖြစ်လာခဲ့ပါတယ်။ အန်ဂျလာက အသံဖိုင်ထဲက Kimi ပိုင်ရှင်ကိုဘယ်လိုရှာပြီး ဘယ်လိုတွေဇာတ်လမ်းဆက်မလဲဆိုတာကိုတော့ ဇာတ်ကားကောင်းတွေကြိုက်သူအဖို့ ဆက်ပြီးကြည့်လိုက်ပါတော့ဗျာ...အညွှန်းကိုတော့ JoJoVa က ရေးသားပေးထားပြီးတော့ဘာသာပြန်ပေးထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။Genre.....Crime, Drama, Thriller Quality….WEB-DL 1080p and 720p File size…1.34 GB, 738MB, 244MB Format…mp4 Duration….1h 29min Subtitle….Myanmar Subtitle ...
movie

Kimi (2022)

2022
Traffic 2000 7.6
Traffic 2000 ဒီတစ်​​ခေါက်​တင်​ဆက်​​ပေးမယ့်​ဇာတ်​လမ်း​လေးက​တော့ ​အော်​စကာဆု ၄ခုရရှိထားတဲ့ Traffic ဆိုတဲ့ မှုခင်းဇာတ်​လမ်း​လေးပဲဖြစ်​ပါတယ်​။ ဒီဇာတ်​ကား​လေးမှာ​တော့ မူးယစ်​​ဆေးဝါးကို ​မှောင်​ခို​ရောင်းဝယ်​​နေကြတဲ့ ကုန်​အဖွဲ့ကြီး​တွေ မူးယစ်​​ဆေးဝါးဖြန့်​ဖြူး​ရောင်းချသူ​တွေနဲ့ မူးယစ်​​ဆေးဝါးကူးသန်း​ရောင်းဝယ်​မှုကို တိုက်​ဖျက်​ဖို့ကြိုးစား​နေသူတွေကြားက မူးယစ်​​​ဆေးဝါးတိုက်​ပွဲကို ​စိတ်​ဝင်​စားဖွယ်​​တွေ့မြင်​ရမှာပါ။ ဒီဇာတ်​ကား​လေးထဲမှာ​တော့ မူးယစ်​​ဆေးဝါးဂိုဏ်း​တွေကို ဖမ်းဆီးဖို့ကြိုးစားရင်း အထက်​လူကြီးတစ်​ဦးရဲ့ တားဆီးမှုကိုခံရပြီး​နောက်​ ​နောက်​ကွယ်​ကဖြစ်​ရပ်​​တွေကိုသိရှိသွားတဲ့ မက်​ဆီကိုနိုင်​ငံမှ ရဲအရာရှိ Javier အမျိုးသားမူးယစ်​​ဆေးထိန်းချုပ်​​ရေးအဖွဲ့မှာ ခန့်​ထားခံရပြီး မူးယစ်​​ဆေးဝါးကုန်​သွယ်​​နေတဲ့ ဂိုဏ်းကြီး​တွေကို နှိမ်​နင်းဖို့ကြိုးစား​နေတဲ့ တရားသူကြီး Robert Wakefield ​ကျောင်းမှာ စာသာမက ဘက်​စုံ​တော်​တဲ့ ​ကျောင်းသူတစ်​ဦးဖြစ်​​ပေမယ့်​ မူးယစ်​သား​ကောင်​ဖြစ်​​နေတဲ့ Caroline မူးယစ်​​ဆေးဝါးဖြန့်​ဖြူးသူအဖြစ်​ တရားစွဲခံထားရသူ ခင်​ပွန်းသည်​ကို အမှုမှလွတ်​ဖို့ နည်းမျိုးစုံနဲ့ ကြိုးစား​နေတဲ့ Helena မူးယစ်​ဂိုဏ်းကိုတရားဥပ​ဒေအရ အပြစ်​​ပေးခံရဖို့ကြိုးစား​နေရင်း မိတ်​​ဆွေရဲ​ဘော်​ကိုဆုံးရှုံးလိုက်​ရတဲ့ အ​မေရိကန်​ရဲအရာရှိ Moty စတဲ့ဇာတ်​​ကောင်​​တွေရဲ့ မတူညီတဲ့ရုန်းကန်​မှု​တွေကို ​တွေ့ရမှာပဲဖြစ်​ပါတယ်​။ မူးယစ်​ကုန်​သည်​ဂိုဏ်းကြီး​တွေနဲ့ မူးယစ်​​ဆေးဝါးကိုတိုက်​ထုတ်​ဖို့ကြိုးစား​နေတဲ့ သူတို့အကြား အစိုးရဘက်​ကပဲ မူးယစ်​ဂိုဏ်း​တွေကိုအနိုင်​ရသွားမလား မူးယစ်​​ဆေးဝါးကုန်​သည်​​တွေကို ...
movie

Traffic 2000