Channel Myanmar

Erika Hoveland

Ash and Bone (2022) 6.2
Ash and Bone (2022) Ash and Bone (2022) =============== IMDb Rating - 6.2/10လတ်တလော ထွက်ရှိထားတဲ့ Slasher ဇာတ်ကားတစ်ကား တင်ဆက် ပေးလိုက်ပါတယ်။ ပုံမှန်တွေ့နေကြ လူသတ်ကားမျိုးပါပဲ မိသားစုတစ်စု တောမြို့လေးကို ခရီးထွက်လာတယ်၊ လူသတ်သမားတွေနဲ့ တွေ့တယ်ပေါ့ဗျာ။ဇာတ်လမ်းကတော့ သိပ်အထူးအဆန်းတော့ မဟုတ်ပေမယ့် သတ်ခန်း ဖြတ်ခန်းတွေနဲ့ မတူညီတဲ့ အရသာတစ်ခုကို ပေးနိုင်မှာပါ။ ကက်ဆီဟာ အမေဖြစ်သူ ဆုံးပါးပြီး အဖေဖြစ်သူက နောက်မိန်းမ ယူလိုက်လို့ မကျေမနပ်နဲ့ ပုန်ကန်တတ်တဲ့ ဆယ်ကျော်သက်လေး တစ်ယောက်ပါ။ တစ်နေ့မှာတော့ အဖေ ဖြစ်သူဟာ သူနဲ့ သူ့မိထွေးကို ခေါပြီး တောမြို့လေးတစ်မြို့ကို ခရီးထွက်ပြီးတော့ မိသားစု အဆင်ပြေသွားစေဖို့ ကြိုးစားပါတော့တယ်။သို့သော် ကက်ဆီကတော့ ခရီးထွက်လာရတာကိုလည်း မကြိုက်သလို အဆင်လည်း မပြေလှတာမို့ စကားများပြီး တည်းခိုအိမ်ကနေ ထွက်သွားပါတော့တယ်။ ထိုမြို့လေးရဲ့ ဘားတစ်ခုမှာထိုင်ရင်း အန်နာ၊ တက်ကာ တို့နဲ့ တွေ့ဆုံပြီး စကားလက်ဆုံကျခဲ့ပါတယ်။ ကက်ဆီဟာ အဆောက်အဦးအဟောင်းတွေ စက်ရုံအဟောင်းတွေကို လိုက်လံလည်ပတ် ရတာ ဝါသနာပါသူမို့ မြို့လေးမှာရှိတဲ့ အိမ်ဟောင်းကို လိုက်ပို့ဖို့ ...
movie

Ash and Bone (2022)

2022
Best Years Gone (2022)
Best Years Gone (2022)  ဒီတစ်ခါတော့ ပညာပေးကားလေးတစ်ကားပါပဲ အရက်သမားတွေအတွက် ပညာပေးကားလေးပေါ့ ကားပြိုင်ရင်းကားမှောက်ခဲ့ရာကနေ စိတ်ဓာတ်ကျ ပြီး အရက်သမားဖြစ်နေတဲ့ ဂေးလ်တစ်ယောက်ကတော့ ချစ်ရတဲ့သူတွေ့ပါစေ ဆိုပြီး အရက်ဆိုင်မှာနေ့တိုင်းဆုတောင်းနေတာကနေ သူ့ကို ချစ်လာမဲ့အရက် ဆိုင်ကတစ်ယောက်နဲ့တွေ့ပြီး ချစ်ခဲ့ကြတာပါဖြစ်ချင်တော့ အဲဒီအမျိုးသမီးမှာ သမီးအမွှာလေးနှစ်ယောက်ရှိနေတာပါပဲ ပထွေးနဲ့ သမီးတွေရဲ့ ထုံစံအတိုင်း အစေးမကပ်ကြဘူးပေါ့ ဒီလိုနဲ့ အရက်သမားစုံတွဲနှစ်ယောက်ဟာ အရက်မူးရူးပြီး နောက်နေ့မှာအမျိုးသမီးအဖမ်းခံလိုက်ရချိန်မှာတော့ ဇာတ်ရှိန်က တဖြည်းဖြည်းနဲ့ တက်လာခဲ့ပါတော့တယ် အဲဒီအချိန်မှာပဲ ဇာတ်လမ်းရဲ့ မြှုပ်ကွက်လေးတွေ တစစ ပေါ်လာပြီးတော့ ပြီးတဲ့အထိကို ဆွဲခေါ်သွားစေနိုင်တဲ့ကားကောင်းလေးပါပဲFile size…(1.25GB)/(671.2MB)/(350.44MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:34:00 Genre...Comedy/ Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie

Best Years Gone (2022)

Eternal Code (2019) 7.1
Eternal Code (2019) ဒီကားလေးကတော့ IMDb 6.9 ရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါအသက်ရှင်နေတဲ့လူတစ်ယောက်ရဲ့ဦးနှောက်ကိုဦးနှောက်သေနေတဲ့လူရဲ့ခန္တာကိုယ်ထဲကိုထည့်လိုက်ရင်အဲဒီဦးနှောက်ပိုင်ရှင်ကထာဝရအသက်ရှင်နေနိုင်မယ်ဆိုတဲ့စမ်းသပ်ချက်ကိုသိပ္ပံစမ်းသပ်မှုတွေလုပ်တဲ့ကုမ္ပဏီတစ်ခုကရှာဖွေတွေ့ရှိသွားတယ်ဒါပေမယ့်ဒီလုပ်ဆောင်ချက်ကိုဆက်လုပ်ဖို့အစိုးရဘက်ကနေခွင့်ပြုချက်မပေးတာကြောင့်ကုမ္ပဏီသူဌေးဖြစ်သူကအဲဒီစမ်းသက်ချက်ကိုရပ်ဆိုင်းလိုက်ပေမယ့်ဒါရိုက်တာအဖွဲ့ဝင်တွေကဆက်လုပ်ဖို့ဖိအားပေးလာတဲ့အခါမှာ(စမ်းသပ်မှုကိုလုပ်ဖို့သူဌေးကြီးတွေကတန်းစီပြီးစောင့်နေပြီလေ)သူဌေးကလည်းလုံးဝကိုသမာသမတ်ကျတဲ့မိန်းမတစ်ယောက်ဖြစ်နေတာကြောင့်သူတို့လိုချင်တာကိုမရရအောင်ကြိုးစားရင်းနဲ့သူဌေးမိသားစုကိုနောက်ဆုံးပြန်ပေးဆွဲတဲ့အထိတွေဖြစ်လာပါတော့တယ်ကံကောင်းချင်တော့သမီးဖြစ်သူလွတ်မြောက်သွားပြီးအိမ်ခြေမဲ့စစ်သားဟောင်းတစ်ယောက်နဲ့ဆုံမိတဲ့အခါသူတို့တွေကောင်မလေးမိဘတွေကိုဘယ်လိုကယ်တင်မလဲစမ်းသပ်မှုကြီးကိုရောတားဆီးနိုင်မလားဆိုတာတွေကိုစိတ်ဝင်တစားနဲ့ကြည့်ရမယ့်ကားကောင်းလေးပါ File Size : (991 MB , 233 MB)Quality :  WEB-DL 720pRunning Time : 1 hr 45 minFormat : Mp4Genre : ActionSubtitle : Myanmar Subtitle (Hard Sub)Translated by  PhueEncoded by Moe Myint Lwin
movie

Eternal Code (2019)

2019