Channel Myanmar

Erika Kuroishi

Dark Water (2002) 6.7
Dark Water (2002) Dark Water (2002)~ IMDb - 6.7/10, Rotten Tomatoes - 81% ~နာမည်ကျော် The Ring တို့ Sadako တို့ရဲ့ ဖန်တီးရှင် ဒါရိုက်တာ Hideo Nakata ရဲ့ IMDb Rating - 6.7/10 အထိရရှိခဲ့တဲ့ Horror အမျိုးအစား Dark Water ကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့ ယိုရှိမီဆိုတဲ့အမျိုးသမီးဟာ ယောကျာ်းနဲ့ ကွာရှင်းပြီးနောက် သမီး အီကုကို ကို ထိန်းသိမ်းစောင့်ရှောက်ခွင့်အတွက် အခြေအတင်ဖြစ်နေကြတုန်း အခြေအနေပါ။ လောလောဆယ် သမီးလေးနဲ့ အတူ နေဖို့အတွက် တိုက်ခန်းတစ်ခုကိုရှာနေခဲ့ပါတယ်။ အဆင်ပြေသွားတဲ့အခန်းက ဆောက်ထားတာကြာပြီမို့ မျက်နှာကျက်ကနေ ရေတွေ နည်းနည်းစီးကျနေခဲ့ပါတယ်။ တိုက်ခန်းမန်နေဂျာကို ပြောပေမယ့် အကြောင်းမထူးခဲ့ပါဘူး။လွန်ခဲ့တဲ့ ၂နှစ်တုန်းက ပျောက်ဆုံးသွားတဲ့ ကလေးမလေးဟာ သမီးလေးအီကုကို တက်ခဲ့တဲ့ကျောင်းမှာပဲ တက်သွားတာပါ။ ...
movie

Dark Water (2002)

2002
Ju-on: The Grudge 2 (2003) 6.3
Ju-on: The Grudge 2 (2003) Ju-On: The Grudge 2 (2003)ဂျပန်နာမည်ကြီးရုပ်ရှင် ဒါရိုက်တာ Takashii Shimizu ရဲ့ အောင်မြင်ခဲ့တဲ့ Ju-On sequel ကားတွေထဲက ၂၀၀၃ခုနှစ်ထွက် ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အရင်ထွက်ခဲ့တဲ့ Ju-On ၂၀၀၂ကားရဲ့အဆက်လို့ပြောလို့ရပေမဲ့ တစ်ကားတည်းကြည့်ရင်လည်း အဆင်ပြေပါတယ်။ Ju-On ရုပ်ရှင်တွေက ဂျပန်မှာ အလွန်အောင်မြင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဇာတ်ကားတွေက ထိုခေတ်အခါက တခြားhorrorတွေနဲ့ မတူကွဲပြားတယ်လို့ ဆိုကြပါတယ်။ Howling Villageအပါအဝင် Ox-Head Village,Suicide Forest village ကားတွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာပါပဲ။နဲရိမခရိုင်မှာ သရဲအခြောက်ကြမ်းပြီးကျိန်စာသင့်နေတယ်ဆိုတဲ့ အိမ်တစ်အိမ်ရှိခဲ့ပါတယ်။ အဲဒီအိမ်မှာနေထိုင်တဲ့မိသားစုမှန်သမျှ ကျိန်စာမိပြီး လူစားလဲခံရကာ အကုန်သေဆုံးကုန်ပါတယ်။အဲဒီအိမ်ရဲ့အရင်ပိုင်ရှင်ဖြစ်သူက သူ့မိသားစုတစ်ခုလုံးကိုပြန်သတ်ပြီး သူကိုယ်တိုင်လည်း သူ့မိန်းမရဲ့ဝိဉာဉ်သတ်လို့ သေဆုံးခဲ့တာပါ။ ဇောကပ်ပြီး သေဆုံးခဲ့ရတဲ့သူ့မိသားစုရဲ့ဝိဉာဉ်တွေ အထူးသဖြင့် မိန်းမဖြစ်သူက မကျွတ်မလွတ်နိုင်ဘဲ အဲဒီအိမ်ထဲကို ဝင်လာသူမှန်သမျှ သေစေဖို့ ကျိန်စာတိုက်ခဲ့ပါတယ်။ တစ်ယောက် သေပြီးရင် နောက်တစ်ယောက်ဆီကို ...
movie

Ju-on: The Grudge 2 (2003)