Channel Myanmar

Erin Fitzgerald

Monster High: Frights, Camera, Action! (2014) 6.6
Monster High: Frights, Camera, Action! (2014) Monster High: Frights, Camera, Action! (2014) ================================== IMDb Rating - 6.6/10ဒီကားလေးကတော့ monster high franchise ထဲက ကာတွန်းကားလေး တစ်ကားဆိုတော့ Monster inc.တို့ Hotel Transylvania တို့ထဲကလို သတ္တဝါအထူးအဆန်းလေးတွေကိုမှ Barbie ကာတွန်းကားတွေလို vibe မျိုးနဲ့ခံစားရမှာပါ။ အထူးသဖြင့် Barbieကာတွန်းကားလေးတွေကြိုက် တတ်တဲ့မိန်းကလေးတွေ ကြိုက်နှစ်သက်ကြမယ့် ကာတွန်းကားကောင်း လေးဖြစ်ပါတယ်။Main character ဖြစ်တဲ့ Draculauraလေးဟာ ကျောင်းမှာ လူချစ်လူခင် ပေါတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပေမယ့် သူ့ကိုယ်သူ ကြီးကျယ်တဲ့ အရာတွေမလုပ်နိုင်လို့ အားငယ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ မထင်မှတ် ထားတဲ့သတင်းတစ်ခုကြောင့် သူ့ဘဝက ပြောင်းလဲဖို့အကြောင်းဖန်လာခဲ့ ပါတယ်။ ဒါပေမယ့် အဲဒီသတင်းက သူထင်သလိုမဟုတ်တာကို သိလိုက်ရ တဲ့နောက်မှာတော့ Draculaura တစ်ယောက် သူ့သူငယ်ချင်းတွေနဲ့အတူ စွန့်စားခန်းဖွင့်ဖို့ အကြောင်းဖန်လာပါတော့တယ်။ အမြင်ဆန်းဆန်းလေးနဲ့ ကြည့်ရှုရမယ့်ကာတွန်းကားလေးတစ်ကားဖြစ်ပြီး မိသားစုနဲ့ကြည့်ရှုလို့ ကောင်းမယ့် ကာတွန်းကားလေးတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zayar Maw ဖြစ်ပါတယ်)File Size..........(1.35 GB) / (665 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr ...
movie

Monster High: Frights, Camera, Action! (2014)

2014
Migration (2023) 6.8
Migration (2023) ချစ်စရာဇာတ်အိမ်လေးတွေ၊ ချစ်စရာဇာတ်ကောင်လေးတွေအမြဲတင်ဆက်တတ်တဲ့ Illumination Entertainment နဲ့ Universal Pictureတိုရဲ့ နောက်ထပ်ကာတွန်းကားကောင်းလေးတစ်ပုဒ်ကိုထပ်မံခံစားရဦးမှာပဲဖြစ်ပါတယ်...။ဇာတ်လမ်းအကြောင်းအရာလေးကတော့ ဘဲခေါင်းစိမ်းမိသားစုလေးတစ်ခုဆောင်းရာသီအတွက် ဆောင်းခိုဖို အသိုက်ပြောင်းကြတဲ့အကြောင်းအရာလေးပါ...။ဒီဘဲမိသားစု‌လေးဟာဆိုရင် အမေရိကန်မူးစ်ဟတ်ရေအိုင်လေးမှာပဲအမြဲအတည်တကျနေထိုင်ခဲ့ကြတာ သူတိုတစ်သက်တာပါပဲ...။ဘာလိုလည်းဆိုတော့ ရေအိုင်ရဲ့အပြင်မှာဆိုရင် ဘေးဒုက္ခတွေအပြည့်၊သားရဲတွေအပြည့်ဆိုတာကို ကာကွယ်တတ်လွန်းတဲ့ဘဲဖေဖေကြီးကပုံပြင်တွေပြောပြရင်းအမြဲခြောက်လှန့်ထားလိုပါ။သိုပေမဲ့ စူးစမ်းချင်တဲ့ ဘဲပေါက်လေးနှစ်ကောင်က ငယ်ရွယ်သူတိုသဘာဝအတိုင်း အပြင်လောကကိုစူးစမ်းချင်ကြောင်း ပူဆာတယ်...။ဘဲမေမေကြီးကလည်း အခြားဘဲခေါင်းစိမ်းတွေ အသိုက်ပြောင်းတာ၊လောကကြီးထဲခြေဆန့်တာမြင်တော့ စွန့်စားခန်းတွေအားကျမိပြန်ပါတယ်။သားအမိသုံးယောက် အသိုက်ပြောင်းဖိုဝိုင်းပူဆာတော့ ဘဲဖေဖေကြီးလည်းမလွန်ဆန်နိုင်တော့ဘဲ လက်ခံလိုက်ပါတယ်...။ဒီလိုနဲ့ ဘဲခေါင်းစိမ်းမိသားစုလေးတစ်ခု အသိုက်ပြောင်းဖိုထွက်အလာလမ်းမှာ ဘယ်လိုအသစ်အဆန်းတွေကြုံတွေရမလဲ၊ ဘယ်လိုစွန့်စားခန်းတွေမြင်တွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရဦးမယ့် ကားကောင်းလေးပဲဖြစ်ပါတယ်...။ File size…(4.6 GB)/ (1.54 GB) / 763 MB Quality…WEB-DL 4K HEVC/1080p 5.1CH  /   720p Format…mp4 Duration….1h 48m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai,Ka Naung Translated by Themes & TD
movie

Migration (2023)

4K HEVC
Trick or Treat Scooby-Doo! 5.5
Trick or Treat Scooby-Doo! Trick or Treat Scooby Doo(2022) ====================== Comedy , Horrorစကူဘီဒူးရဲ့ မူလလက်ရာနဲ့ animation လေးထွက်လာပါတယ်။ ဟော်လိုးဝင်းရာသီဖြစ်တာကြောင့် စကူဘီဒူးတို့ အရင်ဖြေရှင်းခဲ့တဲ့အမှုတွေနဲ့ မတူဘဲ ပိုမိုထူးခြားစေမှာပါ... ပြီးတော့ အားလုံးဝေဖန်နေကြတဲ့ Velma Character ကိုလည်း Lesbian တစ်ယောက်အနေနဲ့ စတင်မြင်တွေ့ရမှာပါဇာတ်လမ်းအကျဉ်းကတော့ စကူဘီဒူးတို့ဟာ လူဆိုးတွေအားလုံးကို နောက်ကွယ်ကနေ ဝတ်စုံတွေလုပ်ပြီး ကြိုးကိုင်နေတဲ့ ဉာဏ်ကြီးရှင် ဒုစရိုက်သမားကြီး ကိုကိုဒီရာဘလိုကို ဖမ်းဆီးအပြီးမှာ ဖြေရှင်းစရာအမှုတွေ မရှိတော့တဲ့အတွက် စိတ်ပျက်လက်ပျက်ဖြစ်နေကြပါတယ်... ဒီလိုနဲ့ သူတို့အတွက် ဟော်လိုးဝင်းမှာ အရင် Villain တွေနဲ့မတူတဲ့ ဖြေရှင်းစရာ အမှုအသစ်ကြီးတစ်ခုပေါ်လာတဲ့အခါမှာတော့ စကူဘီနဲ့ရှက်ဂီတို့ရဲ့ အလွဲလွဲ အချော်ချော်တွေနဲ့အတူ Mystery Inc အဖွဲ့ ဘယ်လို ဖြေရှင်းသွားမလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)Genre..... Adventure , Animation, Comedy Quality…. 1080p | 720p | 480p File size… ...
movie

Trick or Treat Scooby-Doo!

2022
We Bare Bears: The Movie(2020) 7.0
We Bare Bears: The Movie(2020) We Bare Bears: The Movie(2020)ဘာတွေပဲဖြစ်နေ ဖြစ်နေ တစ်ယောက်အတွက် တစ်ယောက်ရှိနေပေးမယ်... စခင်ကထဲက ပေးတဲ့ဒီကတိကိုအဆုံးထိတိုင်မြဲစေတဲ့ ဝက်ဝံညီနောင်...သူတို့ (၃)ကောင်လုံးက စရိုက်တွေမတူညီပေမဲ့နားလည်ခွင့်လွှတ်ပြီး အရမ်းချစ်ခင်ကြတဲ့ ဂရစ်ဇ်ရယ် ပန်ဒါရယ် ပိုလာဝက်ဝံရယ်ကို အားလုံးသိထားပြီးဖြစ်မှာပါ...Cartoon Network Studio ကနေ ထုတ်လုပ်ဖြန့်ချီလိုက်တဲ့ We Bare Bears annimationလေးဟာ အခုတော့ Movie အနေနဲ့ ထွက်ရှိလာပါပြီ။CM ပရိသတ်ကြီးအနေနဲ့လည်း တစ်ဝကြီး ကြည့်ရှူခံစားလို့ရပါပြီ။ဇာတ်လမ်းအကျဥ်းလေးကိုလည်း အနည်းငယ်တင်ပြလိုပါသေးတယ်။အားလုံးသိထားတဲ့ အတိုင်းပဲ ဒီဝက်ဝံသုံးကောင်ဟာအလွဲများစွာနဲ့ လူသားတေွကြားမှာနေထိုင်သူတွေပေါ့။သူတို့ကိုချစ်ခင်သူတေွလည်းရှိသလို မနှစ်မြို့သူတွေကလည်းရှိပါတယ်။တစ်နေ့မှာတော့ ဝက်ဝံညီနောင် လုပ်ထားတဲ့အမှားအတွက် မြို့ကနေနှင်ထုတ်ပါတော့တယ်။လူသားတွေနဲ့ အသားကျနေတဲ့ ဝက်ဝံညီနောင် ဘာဆက်လုပ်ကြမလဲ?သူတို့ကိုလက်ခံပေးနိုင်တဲ့ အိမ်အသစ်ကိုေရာ ရှာတေွ့သွားမလားဆိုတာစိတ်ဝင်စားစရာပါ။အရမ်းချစ်ဖို့ေကာင်းတဲ့ ဝက်ဝံသံုးကောင်ကို တစ်ဝကြီး ကြည့်ရှုရမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်....File Size : (850 MB) and (306MB) Quality :  ...
movie

We Bare Bears: The Movie(2020)