Channel Myanmar

Erin Krakow

Blind Date Book Club (2024) 6.8
Blind Date Book Club (2024) Blind Date Book Club (2024) ====================== IMDb Rating - 6.8/10ပူပြင်းလွန်းတဲ့ကာလမှာ လောင်စရာ စိတ်ရှုပ်စရာမလိုဘဲ ပေါ့ပေါ့ ပါးပါးကြည့်ရမဲ့ ရိုးရိုးရှင်းရှင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ် ဆက်ပေးချင်ပါတယ်။ တစ်ခါတလေတော့လည်း အရိုးရှင်းဆုံးက အကောင်းဆုံးဖြစ်နေတတ်တယ် မဟုတ်ပါလား။ဇာတ်လမ်းအကျဉ်းကတော့- အိမ်ခြံမြေအေးဂျင့်ဘ၀ကနေ မိခင်ရဲ့စာအုပ်ဆိုင်လေးကို ဆက်ခံရင်း နယ်မြိုလေးမှာ စာအုပ်ဆိုင်ပိုင်ရှင်ဖြစ်လာတဲ့ အမျိုးသမီးလေး မက်ဂ်။ ဆယ်ကျော်သက်လူငယ်ကြိုက်၀တ္ထုတွေနဲ့ နာမည်ကြီးလာပေမဲ့ ဂန္ထ၀င် ၀တ္ထုမျိုးကိုရေးကြည့်ဖို စိတ်ကူးယဉ်နေတဲ့ နာမည်ကျော်စာရေးဆရာ ဂရေဟမ်။ Blind Date Book Club ဆိုတဲ့ နာမည်ကြောင့် လူအများ အာရုံစိုက်စရာဖြစ်လာတဲ့ နယ်မြိုလေးက မီမီစာအုပ်ဆိုင်လေးဟာ သူတို့ နှစ်ဦးရဲ့ဆုံမှတ်ဖြစ်လာတဲ့အခါ။ မက်ဂ်နဲ့ဂရေဟမ်တို့ ဘယ်လိုစတင်ဆုံ ဆည်းကြမလဲ၊ သူတို့နှစ်ဦးတွေ့ဆုံရာ မြို့ငယ်လေးမှာ ဘယ်လိုအဖြစ် လေးတွေ ကြုံရမလဲဆိုတာ ရယ်တစ်ခါ ပြုံးတစ်လှည့်နဲ့ ကြည်ကြည်နူးနူး ပေါ့ပေါ့ပါးပါးလေး ကြည့်ရှုလိုက်ရအောင်နော်...။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.47 GB) / (715 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......C'mon Encoder..........SWM
movie

Blind Date Book Club (2024)

2024
The Wedding Cottage (2023) 7.1
The Wedding Cottage (2023)  မင်္ဂလာပွဲစီစဉ်သူတစ်‌ ယောက်ဖြစ်တဲ့ ဗန်နက်ဆာ ဒွိုင်းကတော့ မင်္ဂလာပွဲစီစဉ်ပေးရတဲ့ အလုပ်ကိုမလုပ်တော့ပဲ အမေရိကန်တစ်နိုင်ငံလုံးမှာ မင်္ဂလာပွဲနဲ့ပတ်သတ်ရင် အကုန်ဖြည့်ဆည်းပေးနိုင်နဲ့ Tying the Knot ဆိုတဲ့ လုပ်ငန်းကိုစပြီး လုပ်ခဲ့ပါတယ်။ သူ့ရဲ့ လုပ်ငန်းအသစ်လေး လူသိများဖို့အတွက်ရော၊ သူ့နောက်ဆုံး စီစဉ်ပေးရတဲ့ မင်္ဂလာပွဲလေးပါဖြစ်ဖို့အတွက် ပြိုင်ပွဲတစ်ခုလုပ်ပြီး ကိုက်ညီတဲ့ စုံတွဲကိုရွေးချယ်ခဲ့ရာမှာ၊ သတို့သားဖြစ်သူက စစ်သားဖြစ်နေတာကြောင့် နိုင်ငံခြားကို နှစ်လအတွင်းသွားရတော့မှာဖြစ်လို့ မင်္ဂလာပွဲကိုလည်း ငါးပတ်အတွင်းအပြီးစီစဉ်ရဖို့ဖြစ်လာခဲ့ပါတယ်။ရွေးချယ်ခံရတဲ့စုံတွဲရဲ့ ဆုံးဖြတ်ချက်အတိုင်း မင်္ဂလာနေရာကို ဗာမွန့်မြို့က မင်္ဂလာဆောင်အိမ်လေးမှာ မင်္ဂလာပွဲ စီစဉ်ပေးရတော့မှာဖြစ်ပေမဲ့ အိမ်လေးကပိတ်သွားခဲ့တာ ငါးနှစ်ကျော်နေခဲ့ပါပြီ။ ဒီလိုနဲ့ ဗန်နက်ဆာကိုယ်တိုင် ဗာမွန့်ကိုလိုက်သွားပြီး အိမ်ပိုင်ရှင်တစ်ဖြစ်လည်း၊ နာမည်ကြီးပန်းပုပညာရှင် အီဗန် စတန်းဖို့ကို အိမ်လေးပြင်ဆင်ခွင့်ပေးပြီး မင်္ဂလာပွဲလုပ်ခွင့်‌ပေးဖို့ တောင်းဆိုပါတော့တယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာ‌မှာ အေးအေးချမ်းချမ်းအလုပ်လာလုပ်တဲ့ အီဗန်ကတော့ အစပိုင်းမှာငြင်းပေမဲ့ ဇွဲအရမ်းကောင်းတဲ့ ဗန်နက်ဆာကြောင့် နောက်ဆုံးမှာ အိမ်ပြင်ခွင့်ပေးလိုက်ရပါတော့တယ်။ဒီလိုနဲ့ ဗန်နက်ဆာနဲ့ အီဗန်တို့နှစ်ယောက် တဖြည်းဖြည်းနီးစပ်လာခဲ့ကြပြီး မင်္ဂလာပွဲစီစဉိပေးရတဲ့သူနဲ့ အကြံအိုက်နေတဲ့ ...
movie

The Wedding Cottage (2023)