Channel Myanmar

Erland Josephson

The Unbearable Lightness of Being (1988) 7.3
The Unbearable Lightness of Being (1988) The Unbearable Lightness of Being (1988)=============================အချစ်နဲ့ရာဂ ဒီနှစ်မျိုးကိုခွဲခြားနိုင်တာကတော့ယုံကြည်မှုနဲ့သစ္စာရှိမှုတို့ပဲ။သစ္စာမရှိတဲ့အချစ်ဟာ ဆားမပါတဲ့ဟင်းတခွက်လိုပဲဖြစ်နေသလိုရာဂသက်သက်ဟာလည်းပူလောင်မှုတွေပဲရကြတယ် တိုမတ်စ်ဟာချက်နိုင်ငံ ပါရာဂွေးမှာ အထူးကုဆရာ၀န်လေးတယောက်။ပညာမှာတဖတ်ကမ်းခတ်တော်သလိုတဖက်မှာလည်းမိန်းမကျမ်းကျေအရမ်း‌ပွေတဲ့သူ။ဆာဘီနာဆိုတာကတော့ယောကျာ်းတိုင်း‌ငေးရတဲ့အလှအပတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ ပန်းချီဆရာမလေး။သူ့အတွက်ယောကျာ်းတွေဆိုတာခေါင်းခေါက်ယူလို့ရပေမယ့်တိုမက်စ်ကိုပဲစွဲလမ်းနေမိတဲ့သူ။ တယ်ရီဇာကတော့ အရမ်းချစ်တတ်တဲ့ဇနပုဒ်က စာကြမ်းပိုးဓာတ်ပုံဆရာမလေး။ အမြဲငိုငိုရီရီနဲ့တိုမတ်စ်လိုလူရဲ့ရင်ထဲမှာတောင်အမြဲပူပန်နေရအောင်နုံခြာသူလေးပေါ့။ဒီ၃ယောက်အတွက် ဒီလိုမျိုးခံစားချက်တွေကြားမှာဘယ်လိုဆက်ဖြစ်သွားကြမလဲ။ နိုင်ငံရေးတွေလူမှုရေးတွေကြားထဲမှာတိုမတ်စ်အတွက်ဘယ်သူ့ကိုရွေးချယ်ရမလဲ။  တိုမက်စ်တယောက်ကြောင့်ဆာဘီနာ နဲ့တယ်ရီဇာကြားကရောဘာတွေဆက်ဖြစ်ကြမလဲအဆုံးသတ်မှာရောသူတို့အတွက်ပျော်ရွှင်စရာဘ၀တွေရနိုင်ကြမလားဆိုတာကို The Unbearable lightness of beingဆိုတဲ့အချစ်ဒရာမာကားလေးမှာ ရှုစားပေးကြပါဦးခင်ဗျ....File size…2.89GB / 1.25GB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….2h 51m Genre .....  Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

The Unbearable Lightness of Being (1988)

Nostalgia (1983) 8.1
Nostalgia (1983) [Unicode]Nostalgia (1986) ============= IMDb Rating = 8.1 out of 10 Directed By Andrei Tarkovsky၁ + ၁ = ၁ ဘယ်လောက်အထိဝေးလာခဲ့လဲ ငါမသိဘူး ပြန်မရောက်တော့တဲ့နေရာတစ်ခုရဲ့ နှိက်စက်သမှုကို အလူးအလဲခံနေရတဲ့ ငါတို့အမှားတွေကို ငါတို့အမှား ဟုတ်ဟုတ်မဟုတ် ရထားပေါ်တင် ဘုဇပတ်ပင်တွေရှိတဲ့မြို့ဆီ ချစ်ခြင်းနဲ့တွဲတဲ့နောင်တဆိုတဲ့ အကြီးဆုံးဝေဒနာကို ပြန်ပို့လိုက်ကြတယ်။ ရေတစ်စက်နဲ့ ရေတစ်စက်ပေါင်းတော့လည်း ရေတစ်စက်ပဲ ပြန်ရတာပါပဲ။ ဖွင့်ပြောမထားတဲ့ ခံစားချက်တွေဟာ မမေ့ရက်နိုင်စရာကောင်းလွန်းတယ်။ ရုပ်ရှင်သမိုင်းတစ်လျှောက်က အကြီးကျယ်ဆုံး လူတွေကို ရွတ်ပြရရင် တာကော့စကီးဟာ ထိပ်ဆုံးကပါနေရမယ့် နာမည်မျိုးပဲ။ ရုပ်ရှင်သမိုင်းရဲ့ အကျော်ဇေယျတွေထဲက တစ်ယောက်ဖြစ်တဲ့ Ingmar Bergman ကိုယ်တိုင်ကိုက တာကော့စကီးကို "Greatest of us all"လို့ ထောပနာပြုထားခဲ့ဖူးတယ်။ Poetic Cinemaဆိုတဲ့စကားလုံးကို ပြောလိုက်ရင် တာကော့စကီးဆိုတာ အဲ့ဒီစကားလုံးနဲ့ တစ်သားတည်း ရပ်တည်နေမယ့် သူ။ တာကော့စကီးဟာ ဝေဝါးသိပ်သည်းတဲ့ ခံစားမှုအစိုင်အခဲ တစ်ခုကို ခင်ဗျားရင်ထဲထည့်ပေးရုံကလွဲ ဘာမှပေးစွမ်းမှာမဟုတ်ဘူး။ ဒါကြောင့်လည်း တာကော့စကီးရုပ်ရှင်တွေဟာ ကြည့်ရှုဖို့ မဟုတ်တဲ့ ခံစားဖို့သက်သက် ရုပ်ရှင်တွေလို့ တစ်ချို့ကပြောကြတယ်။ သူ့ရုပ်ရှင်တွေကို ဘယ်လိုရုပ်ရှင်မျိုးတွေ ပါလို့တော့ ဓာတ်ခွဲမပြတတ်ဘူး။ သေချာတာတော့ သူ့ရုပ်ရှင်ဟာ ဒီနေ့ခေတ်ရုပ်ရှင်တွေထက်တောင် ပိုသစ်လွင်နေတယ်။ တာကော့စကီးရဲ့ ရုပ်ရှင်ဟာ ရုပ်ရှင်မဟုတ်ဘူး မှော်ပညာပါပဲ။ အချိန်အတော်ကြာပြီးတဲ့အခါမှာ ခင်ဗျား ဒီရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေ ပုံရိပ်တွေ စကားလုံးတွေကို ဘာတစ်ခုမှ ရေရေရာရာ မမှတ်မိတော့တဲ့ အခြေအနေတစ်ခု ဖြစ်ကောင်းဖြစ်လာလိမ့်မယ်။ မတော်လို့ဒီရုပ်ရှင်ကို ...
movie

Nostalgia (1983)