Channel Myanmar

Ernest Wells

Terminator Genisys (2015) 6.3
Terminator Genisys (2015) ပထမဆုံးဖြစ်တဲ့ The Terminator နဲ့ ဒုတိယကားဖြစ်တဲ့ Terminator 2 The Judgement Day ကို ကျောရိုးယူပြီး ဆန်းသစ်တဲ့ အိုင်ဒီယာတွေထည့်ပေါင်းထားတဲ့ နံပါတ် ၅ ဇာတ်ကားဖြစ်ပါတယ်။ဝေဖန်သူတွေဆီမှာ မျက်နှာပန်းမလှခဲ့ပေမဲ့ ဝင်ငွေအရတော့ ဒုတိယဇာတ်ကား Terminator 2 The Judgement Day ပြီးရင် ဝင်ငွေအကြမ်းဆုံးဖြစ်ခဲ့ပါတယ်။ အာနိုး ကြီး Terminator အဖြစ် ပြန်ပါဝင်လာတဲ့အပေါ် ချီးကျူးကြိုဆိုကြပေမဲ့ ကျန်သူတွေရဲ့ သရုပ်ဆောင်အပေါ်မှာတော့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခဲ့ကြတာပါ။ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခြင်းဆိုတာ ငွေရှာတဲ့စီးပွားရေးလုပ်ငန်းပဲဖြစ်လို့ ဝင်ငွေကြမ်းရင် အောင်မြင်တယ်ပဲ သက်မှတ်ကြပါစို့ရဲ့။နောက်ပြီး ကွမ်တန်ရူပဗေဒသီအိုရီတွေ ခေတ်ထလာတဲ့အချိန်မှာ ပေါ်ပင်လိုက်ပြီး ကွမ်တန်သံလိုက်စက်ကွင်းတွေ၊ အချိန်စက်ဝန်းကွဲပြားမှုတွေ၊ အချိန်စက်ဝန်းနှစ်ခုကြားက ဆုံမှတ်၊ အဲဒီဆုံမှတ်ကနေပြီး အချိန်စက်ဝန်းနှစ်ခုကြား ကူးလူးသွားလာပြီး အနာဂတ်ကို ပြုပြင်ပြောင်းလဲပုံတွေနဲ့ ဝေဝေဆာဆာဖြစ်လွန်းတော့ ဇာတ်ကားရဲ့ မူလကျောရိုးဖြစ်တဲ့ Terminator တွေရဲ့ အခန်းကဏ္ဍတောင် ...
movie

Terminator Genisys (2015)

2015
Jack Reacher 2: Never Go Back (2016) 6.3
Jack Reacher 2: Never Go Back (2016) Jack Reacher 2: Never Go Back (2016)IMDb Rating (6.1) ဂျက် ရီချာ ပြန်လာပါပြီ။ ဒီကားမှာတော့ မေဂျာဘဝကနေ အနားယူသွားတဲ့ ဂျက်ဟာ ဒီစီကို ပြန်လာရင်း သူ့မိတ်ဆွေ ဗိုလ်မှုးမလေး တန်နာ မတရားစွပ်စွဲခံရပြီး ဖမ်းထားခံထားရတာကို လိုက်ရင်း အစိုးရကန်ထရိုက်တာကြီးတစ်ခုရဲ့ မသမာမှုတွေကို ဖော်ထုတ်ပေးရပါတော့တယ်။ ကုမ္မဏီဘက်က ကြေးစားတွေက သူ့ရဲ့ သမီးလို့ထင်ရတဲ့ ဆမ် ဆိုတဲ့ မိန်းကလေးနောက်ကိုပါ လိုက်လာတဲ့အတွက် ဂျက်ဟာ တန်နာ ဆမ်တို့ကို ကာကွယ်ရင်း စွန့်စားခန်းထပ်ဖွင့်ဖို့လိုလာတဲ့အခါ.....။ Tom Cruise, Cobie Smulders, Danika Yarosh သရုပ်ဆောင် ၃ ယောက်လုံးဟာ အတွဲညီနေတော့ ဒီကားကတော့ အတော်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်လာတာပါပဲ။File size…(5.1 GB)/(1.9 GB)/(1 GB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 ...
movie

Jack Reacher 2: Never Go Back (2016)

2016
4K HEVC
Black or White (2014) 6.6
Black or White (2014)   ဒီဇာတ်လမ်းလေးမှာ ဇနီးဖြစ်သူ ဆုံးပါးသွားတဲ့အခါအဲလီရော့တ်အန်ဒါဆန်ဟာ သူ့မြေးမလေး အဲလူဝီးစ်ကိုတစ်ယောက်တည်း ပြုစုပျိုးထောင်ပေးဖို့ ဖြစ်လာပါတယ်။အဲလူဝီးစ်ရဲ့ အမေ၊ အဲလီရော့တ်ရဲ့သမီးကတော့ နှလုံး‌ရောဂါအခံနဲ့ ကလေးမွေးဖွားစဉ်က ဆုံးပါးသွားခဲ့တာဖြစ်ပြီးအဖေဖြစ်သူကတော့ မူးယစ်ဆေးမှုတွေနဲ့ ပြစ်မှုမှတ်တမ်းတွေရှိပြီး သတင်းအစအနတောင် မကြားရတဲ့သူပါ။အဲလီရော့တ်က သမီးဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့အပြင်ဇနီးဖြစ်သူကိုပါ ဆုံးရှုံးရပြန်တော့ အရက်သောက်‌နေတဲ့အရက်သမားကြီးလို ဖြစ်နေပေမယ့် သူ့မြေးမလေးကိုတော့ဘယ်နေရာမှလစ်ဟင်းမှုမရှိအောင် ချစ်ခြင်းမေတ္တာအပြည့်နဲ့ဂရုစိုက်ပေးပါတယ်။ ဒါပေမဲ့ အဲလူဝီးစ်လေးရဲ့ တစ်ဖက်ကအဘွား ရိုဝီနာကတော့ သူ့မြေးမလေးကို အဘိုးဖြစ်သူအဲလီရော့တ် စောင့်ရှောက်တာကို စိတ်မချဖြစ်ပါတယ်။ဒီလိုနဲ့ ရိုဝီနာက သူ့မောင် ရှေ့နေနဲ့အတူ ကလေးအုပ်ထိန်းစောင့်ရှောက်ခွင့်အတွက် တရားရင်ဆိုင်ပါတော့တယ်။ဒီနေရာမှာ ပြဿနာကတော့ အဲလူဝီးစ်လေးရဲ့ အဘိုးအဲလီ‌ရော့တ်ကလူဖြူဖြစ်ပြီး အဖေဘက်၊ အဘွားဝီဝီဘက်ကတော့ လူမဲတွေဖြစ်နေတာပါ။ ကလေး အုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင်ကြတဲ့အခါ အဘိုးဖြစ်သူ အဲလီရော့တ်ကပဲ အုပ်ထိန်းခွင့်ရသွားမလား၊အဘွားဝီဝီကပဲ အုပ်ထိန်းခွင့်ရသွားမလားဆိုတာတော့ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ ဒီဇာတ်လမ်းလေးဟာ မိသားစုချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့အပြင် လူမဲ လူဖြူဆိုတာ အသားအရောင်သာကွာခြားတဲ့လူသားအချင်းချင်းပါပဲ ဆိုတဲ့ မက်ဆေ့ခ်ျလေးကို ရိုက်ပြထားတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက ...
movie

Black or White (2014)