Channel Myanmar

Ersin Arıcı

Paper Lives (2022) 6.6
Paper Lives (2022)  တူရကီရုပ်ရှင်တွေထဲက Netflixမှာ လူကြည့်အများဆုံးနဲ့နိုင်ငံတကာရုပ်ရှင်ဝေဖန်ရေးသမားတွေကအစ ချီးကျူးထားတဲ့ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။iMDbကိုယ်တိုင်ကိုက အော်စကာနဲ့ထိုက်တန်တဲ့ရုပ်ရှင်ကားလို့ညွှန်းထားပြန်ပါတယ်။လူတွေဟာ ကိုယ်မရခဲ့တဲ့အရာဆို သူများအတွက်ဖြည့်ပေးချင်ကြတာချည်းပါပဲ။Mehmetဟာ အစ္စတန်ဘူးဆင်းရဲသားရပ်ကွက်မှာ ဘူးခွံပလုံးခွံတွေကတ်ထူစက္ကူတွေကို အမှိုက်ပုံးထဲကလိုက်ကောက်ရင်း ပိုက်ဆံစုကာကျောက်ကပ်အစားထိုးဖို့ အလှူရှင်ကိုစောင့်ဆိုင်းနေသူပေါ့။ တွယ်တာစရာသိပ်မရှိလှပေမဲ့ ဘဝတူဆင်းရဲသားတွေနဲ့ ညီအစ်ကိုလိုနေရင်း ပတ်ဝန်းကျင်ကိုကူညီတတ်သူဖြစ်ပြီး အသက်ရှင်နေဖို့ သိပ်စိတ်ပါလှတယ်တော့မဟုတ်ပါဘူး။တစ်နေ့တော့ ဆာလာအိတ်ထဲမှာ ၈နှစ်အရွယ်ကောင်လေးတစ်ယောက်ပါလာပါတယ်။ ကောင်လေးကို ဘယ်ကလာလဲ မင်းအိမ်ဘယ်မှာလဲမေးပေမဲ့ခေါင်းတွင်တွင်ခါရင်း ကျွန်တော်ပိုက်ဆံရှာချင်တယ် အမေ့ကိုကယ်မယ်ပဲပြောနေပါတယ်။ Mehmetလည်း ကောင်လေးကို ခဏခေါ်ထားပြီး နောက်မှသူ့အမေဆီပြန်ပို့မယ်ဆိုတဲ့အကြံနဲ့ ခဏတာလက်ခံထားပြီးနောက်မှာသူ့ဘဝဟာ ပြောင်းလဲသွားပါတော့တယ်။ Spoilerမမိစေချင်တာကြောင့်ဒီအထိပဲပြောပြပါရစေ။ငယ်ဘဝစိတ်ဒဏ်ရာတွေ၊ ဆေးသုံးစွဲမှုတွေ၊ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ စိတ်အခြေအနေတွေ၊ ဆင်းရဲနွမ်းပါးမှုတွေနဲ့ပုံဖော်လို့သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စွမ်းရည်တင်မက ရုပ်ရှင်ဓာတ်ပုံပိုင်းကပါဒီဇာတ်ကားကို အပြည့်ဖြည့်ပေးထားပါတယ်။ ပြောစရာတစ်ခုရှိတာကတော့သီချင်းတစ်ပုဒ်ကို စောစီးစွာအသုံးပြုထားခြင်းပါပဲ။ ဒါပေမဲ့ ဒီဇာတ်လမ်းကိုဆုံးအောင်ကြည့်မယ်ဆိုရင် ဒီသီချင်းကို ဘာလို့သုံးခဲ့လဲဆိုတာကို နားလည်ပေးနိုင်မယ်ထင်ပါရဲ့။ ရုပ်ရှင်အဆုံးဟာ လုံးဝကိုခမ်းနားပြီး အစပိုင်းမှာနားမလည်နိုင်ခဲ့တဲ့သရုပ်ဆောင်မှုတွေကို ဒါကဒီလိုပါလာဆိုပြီး စေ့စေ့တွေးရေးရေးပေါ်စေပါလိမ့်မယ်။ဒီ ၁ နာရီနဲ့ ၃၇ မိနစ်ဟာ လုံးဝနောင်တမရစေမယ့်အချိန်လို့ အာမခံပါတယ်ခင်ဗျာ။  File size…1.47GB / ...
movie

Paper Lives (2022)