Channel Myanmar

Esai Morales

Master Gardener (2022) 6.3
Master Gardener (2022) Master Gardener (2022)~ IMDb - 6.3/10, Rotten Tomatoes - 70% ~"God's Lonely Man" ဘုရားသခင်ရဲ့အထီးကျန်လူ တနည်းအားဖြင့် သင်းကွဲလူ ဆိုတာကို ဒါရိုက်တာကြီး Martin Scorsese ရဲ့ Taxi Driver ထဲမှာလည်းကြားဖူးခဲ့မှာပါ။ လူ့အဖွဲ့အစည်းနဲ့သိပ်မရော မအပ်စပ်ဘဲ တစ်ယောက်တည်း နေ့စဉ်ဓူဝ ကိုယ့်အတွေးနဲ့ကိုယ်ချာချာလည်ရင်း သင်းကွဲတစ်ယောက်လိုအထီးကျန်နေတဲ့ ဇာတ်‌ကောင်မျိုးတွေပေါ့။ အဲဒီလိုဇာတ်ကောင်တွေက တစ်နေ့မှာ လှုပ်နှိုးခံလိုက်ရတဲ့အချိန် ပရိသတ်တွေကို " ဒီကောင်ဘာတွေလုပ်မလဲမသိဘူး" ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာက ဒီလိုရုပ်ရှင်ဇာတ်ကားတွေရဲ့ အရသာတစ်ခုပါပဲ။ဒီရုပ်ရှင်က ဇာတ်ကောင်ကလည်း အဲဒီလို သာမန်ဥယျာဉ်မှူး။ လတ်တလောမှာတော့ သာမန်ဥယျာဉ်မှူးပေါ့။ သူ့မှာလည်း အတိတ်ကစိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေ၊ နောင်တတွေကျန်နေပေမဲ့ သာမန်ဥယျာဉ်မှူးတစ်ယောက်လို ဂရေ့စ်ဝုဒ်ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ ‌ဘဝကိုဖြတ်သန်းနေတာမျိုးပါ။ ဒါပေမဲ့ တစ်နေ့မှာ ဂရေ့စ်ဝုဒ်ပိုင်ရှင် နော်မာရဲ့ မြေးတူမ ...
movie

Master Gardener (2022)

2022
Never Back Down: No Surrender(2016) 6.3
Never Back Down: No Surrender(2016)  Never Back Down ဇာတ်ကားတွေရဲ့ 2016 ကနောက်ဆုံးထွက်ထားတဲ့ ဇာတ်ကား‌လာပါပြီ။ 2008 နဲ့ 2011 တို့မှာထွက်ရှိခဲ့တဲ့ Never Back Down တွေရဲ့အဆက်ဖြစ်သလို R-rated လည်းဖြစ်ပြီး တိုက်ခိုက်ခန်းတွေလည်းပိုပြီးကောင်းလာတဲ့ ဇာတ်ကားတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ MMA လက်ဝှေ့ချန်ပီယံဟောင်း ကေ့စ် ဝေါကာ ဟာ သူရဲ့သူငယ်ချင်း ဘရိုဒီ ဂျိမ်းစ်နဲ့ ရှုံးပွဲမရှိသေးတဲ့အပြင် အန္တရာယ်လည်းများတဲ့ ဆီဆာ ဘရာဂါတို့ရဲ့ ထိုင်းနိုင်ငံမှာ ထိုးသတ်မဲ့ပွဲစဉ်အတွက် လေ့ကျင့်ဖို့ဘန်ကောက်ကို လိုက်ပါလာခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲစခါနီးတစ်ပတ်အလိုမှာ ဘရိုဒီက ခြေထောက်ဒဏ်ရာရသွားတဲ့ အတွက် ဘရိုဒီရဲ့အစား ကေ့စ်က ဝင်ထိုးပေးဖို့ဖြစ်လာတဲ့အခါမှာ ကေ့စ်တစ်ယောက် ဘယ်လိုဆက်ပြီးဖြေရှင်းမလဲ၊ သူနိုင်အောင်ရောထိုးနိုင်မှာလား၊ နောက်ကွယ်မှာရောဘယ်လိုအရှုပ်တော်ပုံတွေရှိနေမလဲဆိုတာကို အကြမ်းပတမ်းတိုက်ခိုက်ခန်းတွေနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျ။ File size…2.3 GB / 961.6 MB Quality…WEB-DL 1080p 5.1CH/ 720p Format…mp4 Duration….1h 41m Genre ..... Action ,  Sport Subtitle….Myanmar ...
movie

Never Back Down: No Surrender(2016)

Cherry(2010) 6.7
Cherry(2010) Cherry (2010)=============IMDb 6.7 / Rotten Tomatoes 64%စိတ်အပန်းပြေချင်လို့ ဇာတ်ကားလေးညွှန်းပါဦးဆိုတဲ့သူတွေ ပျင်းနေလို့ ကြည့်စရာမရှိတော့လို့ဟာသကားလေးကြည့်လို့ လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးဇာတ်ကားလေးကြည့်ချင်လို့ပါဆိုတဲ့သူတွေအတွက် 2010 ကထွက်ရှိခဲ့တဲ့ AmericanComedy ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေဟာသကားဆိုလို့ ပေါချောင်ကောင်းလို့တော့ မထင်လိုက်ပါနဲ့ဆယ်ကျော်သက်လူငယ်တိုင်း တွေ့ကြုံရလေ့ရှိတဲ့ဘဝအချိုးအကွေ့တစ်ခုကို ရသမြောက်စွာရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်ပန်းချီဆွဲရတာကို စိတ်အားထက်သန်တဲ့ အယ်ရွန်တစ်ယောက်မိခင်ရဲ့ အတင်းအကြပ်စီမံမှုကြောင့်တက္ကသိုလ်မှာ အင်ဂျင်နီယာဘာသာရပ်ကိုယူခဲ့ရပါတယ်ဝါသနာမပါတဲ့ပညာကိုစိတ်မပါလက်မပါ သင်ယူနေရတဲ့ အယ်ရွန်ဟာတစ်နေ့မှာတော့ ကျောင်းကဖွင့်တဲ့ ပန်းချီသင်တန်းကို သွားတက်ပါတော့တယ်သင်တန်းမှာ သူ့ရဲ့ပန်းချီပါရမီကို အားပေးအားမြှောက်ပြုတဲ့ မမလှလှလင်ဒါကို ချစ်မိသွားပါတော့တယ် ကံဆိုးချင်တော့ တစ်ဆယ့်လေးနှစ်အရွယ်သမီးတစ်ယောက်နဲ့ ချစ်သူပါရှိနေတဲ့ လင်ဒါဟာအယ်ရွန့်ကို ဖရန့်ဇုန်ထဲ ပစ်သွင်းလိုက်ပါတော့တယ်တစ်ဖန် လင်ဒါရဲ့သမီးဖြစ်သူ ဘတ်သ် က အယ်ရွန့်ကိုတစ်ဖက်သတ်ချစ်နေတဲ့အခါအယ်ရွန်တစ်ယောက်သမီးနဲ့ အမေကြား၊မိမိဝါသနာနဲ့ မိဘစေတနာကြားမှာဗျာများရင်း...ဘဝရဲ့ အချိုးအကွေ့တစ်ခုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ...စိတ်ဝင်စားဖွယ် ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့်Comedy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…1.41GB / 673MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 39m Genre .....Comedy ...
movie

Cherry(2010)

Art of Love (2022) 5
Art of Love (2022) Art of Love (2022)တက္ကသိုလ်ပရော်ဖက်ဆာတစ်ဖြစ်၊ စာရေးဆရာအဖြစ် ကျင်လည်နေတဲ့လူတစ်ယောက်ဟာ လူမှုပတ်ဝန်းကျင်မှာ ဝင်ဆံ့ဖို့မလွယ်တဲ့ပြဿနာနဲ့ ကြုံတွေ့နေခဲ့ရပါတယ်။အိမ်နီးချင်းတွေနဲ့လည်း အဆက်ဆံမလုပ်တတ်တဲ့ တစ်ကိုယ်တည်းသမားကြီးတစ်ယောက် တစ်နေ့မှာတော့ စာအပိုင်းအစလေးတွေနဲ့ နောက်‌ယောင်ခံဆက်သွယ်မှုကို ကြုံလာရပါတော့တယ်။ ပဟေဠိဆန်ဆန် လှည့်ကွက်တွေနဲ့ နောက်ကွယ်ကလူကို တဖြည်းဖြည်း စွဲလမ်းမိလာပြီးနောက်မှာ ဘယ်လိုတွေ ရှေ့ဆက်ကြမလဲ? မထင်မှတ်ထားတဲ့ ဇာတ်လမ်းအပြောင်းအလဲတွေနဲ့ ဘယ်လို အဆုံးသတ်သွားကြမလဲ? ဆိုတာကို ဆက်လက် ရှုစားလိုက်ကြပါဦး။(ဇာတ်လမ်းအညွှန်းကိုတော့ Hae Areum က ရေးထားတာပါ။)File Size : 797MB, 376MB Quality : 720p WEB-DL, 480p Format : mp4 Duration : 1hr & 56min Genre : Romance, Thriller Translated by Hae Areum Encoded by Kinnov
movie

Art of Love (2022)

2022
The Wall of Mexico(2019) 6.0
The Wall of Mexico(2019) The Wall of Mexico(2019)ချမ်းသာတဲ့ အမေရိကန်နဲ့ မက္ကဆီကန်စပ် Arista မိသားစုဟာ ခြံထိန်းသိမ်းဖို့အတွက် Don ဆိုတဲ့ ကောင်လေးကိုအလုပ်ခန့်ခဲ့ပါတယ် ...အရင်အလုပ်သမားဟောင်း Mike ဆီကနေ အလုပ်အကြောင်းတွေသင်ယူရင်း ပုံမှန်မဟုတ်တဲ့ Aristaမိသားစုရဲ့အကြောင်းတွေ သိခဲ့ရပါတော့တယ် .... Arista မိသားစုမှာ မျိုးရိးစဥ်ဆက်ပိုင်ဆိုင်လာတဲ့ ရေတွင်းတစ်ခုရှိပြီး သူတို့မိသားစုဟာ အဲ့ရေတွင်းကရေကိုပဲ သောက်သုံးကြပါတယ် ... ထိုရေတွင်းကရေဟာ လူကိုနုပျိုစေတယ်ဆိုပြီး ပြောစမှတ်လည်းတွင်ကြပါသေးတယ်.... ဒါကြောင့်ပဲ သူ့ရေတွင်းကိုလိုချင်ကြတဲ့လူတွေ များနေတာပေါ့ တစ်နေ့မှာ ရေတွင်းကရေကိုခိုးထုတ်တဲ့လူတွေနောက်လိုက်ရင်း Don ဟာ အဲ့ရေတွင်းရဲ့ ထူးဆန်းမှုတွေကို စပြီးခံစားလာရပါတော့တယ် ....Arista  မိသားစုဟာ နောက်ပိုင်း အပြောင်းအလဲကြီးတစ်ခု ရေတွင်းကိုပြုလုပ်ခဲ့တဲ့အခိျန်ကစလို့ပြဿနာမျိုးစတက်ပါတော့တယ်... File Size :(903 MB) and (416 MB) Quality : WEB-DL 720p Format…mp4 Duration…01:50:00 Genre : Comedy  , Drama Subtitle : Myanmar Subtitle (Hard ...
movie

The Wall of Mexico(2019)

SuperFly (2018) 5.1
SuperFly (2018) SuperFly (2018)_______IMDb - 5.1/10    အတ္တလန်တာမြို့မှာမူးယစ်ဆေးဝါးရောင်းတဲ့ ပရိစ်ဆိုတဲ့သူဟာသူများတွေထက်အကွက်မြင်ပြီးတစ်ခါမှရဲမှတ်တမ်းမရှိဘူးတဲ့ ဘီးကျဲတစ်ယောက်ပေါ့ သူဟာ မမျှော်လင့်တဲ့တိုက်ခိုက်မှုတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီးအဲ့ဒီလောကထဲကနေထွက်သွားဖို့အတွက်စီစဉ်ခဲ့တယ်။ အဲ့ဒီလိုနဲ့သူ့သူငယ်ချင်းအက်ဒီနဲ့ပေါင်းပြီးနောက်ဆုံးတစ်ခေါက်အချီကြီးရနိုင်မဲ့အကြံကိုအကောင်အထည်ဖော်ခဲ့တယ်။ သူ့ရဲ့ဘောစ့်ကိုကွက်ကျော်ရိုက်ပြီးသူ့ကိုမူးယစ်ဆေးများများထောက်ပံ့ပေးနိုင်မဲ့ မက်ဆီကိုမူးယစ်ရာဇာတွေနဲ့ချိတ်ဆက်ဖြစ်ခဲ့တာပေါ့။ အဲ့ဒီလိုနဲ့တစ်ဖက်ကမူးယစ်ရာဇာတွေ အတ္တလန်တာမြို့ထဲက သူ့ကိုမကြည်တဲ့မူးယစ်ဂိုဏ်းတွေ လာဘ်စားတဲ့ရဲတွေနဲ့ပြသနာတွေရင်ဆိုင်လာတဲ့အခါသူဘယ်လိုတွေဖြေရှင်းမလဲဆိုတာကိုတင်ဆက်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Box officeမှာUS $20millions ကျော်ရရှိထားတဲ့Actionကားကောင်းတစ်ကားဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  ကိုမျိုးခန့် ပါ) File Size : (850 MB) Quality : Blu-Ray 720p Running Time : 1hr 56min Format : Mp4 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-Replica Translated by Myo Khant Encoded by Thanhtike Zaw  
movie

SuperFly (2018)

2018