Channel Myanmar

Ethan S. Smith

Dark House (2014)
Dark House (2014)  Horror ဇာတ်ကားကိုမှ လျှို့ဝှက်ဆန်းကြယ်ရမယ် ကျောချမ်းစရာကောင်းရမယ်စိတ်ဝင်စားစရာလဲကောင်းရမယ်ဆိုရင် Dark House ဆိုတဲ့ဒီဇာတ်ကားကိုကြည့်သင့်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ လူတစ်ယောက်ယောက်ကို ထိကိုင်လိုက်တာနဲ့သူတို့ရဲ့အသေဆိုးနဲ့ သေဆုံးမှုတွေကိုမြင်နိုင်တဲ့ နစ်ခ်ဆိုတဲ့ကောင်လေးတစ်ယောက်ကိုတွေ့ရမှာပဲဖြစ်ပါတယ်။သူ့မှာရိုင်ယန်လို့ ခေါ်တဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိပါတယ်။ဘားမှာတွေ့ခဲ့တဲ့ အီဗီဆိုတဲ့ကောင်မလေးနဲ့ချစ်ကြိုက်ပြီး ကိုယ်ဝန်ရပြီးတဲ့အထိတောင် သူတို့သုံးယောက်က အတူတူနေနေကြတုန်းပါပဲ။တစ်နေ့မှာတော့ သူ့ရဲ့စိတ်ရောဂါဝေဒနာရှင် အမေကဆုံးပါးသွားခဲ့ပြီး သူ့အတွက်သေတမ်းစာထဲမှာ အိမ်တစ်လုံးချန်ထားပေးခဲ့ပါတယ်။အဲ့ဒီအိမ်က နစ်ခ်ငယ်ငယ်ကတည်းကနေ အခုအချိန်ထိ ဆွဲလာတဲ့အိမ်ပုံတွေနဲ့တစ်ပုံစံတည်းဖြစ်နေပါတယ်။ဒီလိုနဲ့ နစ်ခ်တို့ သုံးယောက် အဲ့ဒီအိမ်ရှိရာကိုသွားခဲ့ကြပါတယ်။ဒါပေမယ့် အဲ့ဒီအိမ်မှာ သူတို့သုံးယောက်ကို မမျှော်လင့်ထားတဲ့အရာတွေနဲ့ မမျှော်လင့်ထားတဲ့ လူတွေစောင့်နေခဲ့တဲ့အခါမှာတော့ဘာတွေဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် ဖြဲမခြောက်တဲ့Horror ကားပဲဖြစ်ပါတယ်။  File size…1.85GB / 887MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Dark House (2014)

I Love You, Man (2009) 7
I Love You, Man (2009) I Love You, Man (2009)~ IMDb - 7/10, Rotten Tomatoes - 83% ~ကျွန်တော်တို့ ယောက်ျားလေးတွေတိုင်းမှာ ဆိုးတူကောင်းဖက် ဘော်ဒါ တွေဆိုတာ ရှိတတ်ကြပါတယ်။ ကိုယ် ဘာကောင်ကြီးပဲဖြစ်နေနေ ကိုယ့်ကို အခင်အမင်မပျက်မယ့် "သားကြီး" တွေပေါ့ဗျာ။ဒီဇာတ်ကားလေးထဲမှာတော့ မင်းသားကြီး Paul Rudd က ကောင်မလေး မျက်နှာတစ်ချက် မညှိုးရအောင် လိုလေသေးမရှိထားတဲ့ Boyfriend Material ကြီး၊ မိန်းကလေးတိုင်းက ခင်မင်ရတဲ့ နားလည်တတ်သူကြီး ပီတာ အဖြစ် သရုပ်ဆောင်ထားပါတယ်။မကြာခင် ဇနီးလောင်းလေး ဇိုဝီနဲ့ လက်ထပ်ရတော့မှာမို့ စီစဉ်စရာ ရှိတာတွေ စီစဉ်ပြီး အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမဲ့ ပီတာမှာ အရေးကြီးဆုံးဖြစ်တဲ့ သတို့သားအရံ လုပ်ပေးမဲ့ အခင်ရဆုံး ယောက်ျားလေး သူငယ်ချင်း မရှိဘူး ဖြစ်နေပါတယ်။ ဒီတော့ လူရိုးလူဖြောင့်ကြီး ...
movie

I Love You, Man (2009)

2009