Channel Myanmar
Eugene Simon
The Fence (2022) 6.9
The Fence (2022)  စတိဗ်ဆိုတဲ့ ကောင်လေးကသူရှာထားတဲ့ပိုက်ဆံတွေစုပြီးဆိုင်ကယ်လေးတစ်စီးကိုဝယ်ခဲ့ပါတယ်။ဝယ်ပြီးသိပ်မကြာခင်မှာပဲအိမ်ရှေ့မှာရပ်ထားတုန်းအခိုးခံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ရဲသွားတိုင်တော့သူက သူ့အစ်ကိုအန်ဒရူးရဲ့ညီဖြစ်နေတာကိုသိသွားတော့ ရဲတွေကမကူညီချင်သလိုထုံးစံအတိုင်းအင်တင်တင်လုပ်ပါတော့တယ်။သူ့အစ်ကိုအန်ဒရူးဆိုတာက အမြဲတမ်းထိုးလိုက်ကြိတ်လိုက်နဲ့လူကြမ်းတစ်ယောက်မလို့ အခုလဲခံဝန်နဲ့လွတ်လာတာဖြစ်ပါတယ်။ ဒီလိုနဲ့စတိဗ်တစ်ယောက် သူ့ဆိုင်ကယ်လေးကိုဘယ်သူခိုးသွားတယ်ဆိုတာကိုလိုက်စုံစမ်းရင်းနဲ့ သတင်းအတိအကျရလာတဲ့အခါ သူ့အသက်အရွယ်နဲ့ ဘာမှလုပ်မရတဲ့အတွက်သူ့အစ်ကိုကိုပဲ လူမိုက်ငှားပြီးခေါ်သွားခဲ့ပါတော့တယ်။သူ့အစ်ကိုကလဲမဆီမဆိုင်နဲ့ရဲတွေနဲ့ သူ့ကြားမှာပဲကြီးလှော်ဆားညှပ်နေတဲ့သူ့ ညီကိုသနားပြီးအတတ်နိုင်ဆုံးလိုက်ကူညီပေးခဲ့ပါတယ်။ဒီလိုနဲ့ဆိုင်ကယ်တော့ပြန်မရခဲ့ပေမဲ့လျော်ကြေးတော့ပြန်ရခဲ့ပါတယ်။ဒါပေမယ့်တကယ်တမ်းအပြစ်ရှိတဲ့လူကဆိုင်ကယ်သူခိုးမဟုတ်ပဲ နဲ့ ညီအစ်ကိုနှစ်ယောက်လုံးနဲ့ရန်စရှိနေတဲ့လူတွေဖြစ်တဲ့အခါမှာတော့ဘာတွေဖြစ်မယ်ဆိုတာကိုစိတ်ဝင်စားစွာနဲ့ကြည့်ရှုရမဲ့အက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။  File size…2.45GB / 744MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Soe Lay
movie
The Fence (2022)
Casanova(2005) 7.0
Casanova(2005) Casanova(2005)**************Heath Ledger ပါဝင်ပြီး ဆုကြီး ၅ ဆုတောင်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်..ညှို့ဓာတ်ပြင်းလွန်းပြီး မိန်းကလေးတိုင်းလိုလိုကိုဆွဲဆောင်နိုင်တဲ့ ကာဆာနိုဗာ.. အမျိုးသမီးငယ်၊ အပျိုစင်တွေ၊ အိမ်ထောင်ရှိအမျိုးသမီးတွေသာမက မယ်သီလရှင်တွေကိုပါဆွဲဆောင်ပြီးအိပ်ရာထဲခေါ်နိုင်တဲ့အတွက် တရားရုံးကပါကြိုးပေးသတ်ချင်နေတဲ့သူ.. အဲဒီလိုလူတစ်ယောက် တစ်နေ့မှာတော့ အရာရှိတွေလိုက်ဖမ်းလို့ပြေးရင်းအမျိုးသမီးတစ်ယောက်ကို အချစ်စစ်နဲ့ချစ်မိသွားပါတော့တယ်.. ထို "ဖရန်ချက်စ်ကာ"ဆိုတဲ့အမျိုးသမီးလေးမှာလည်း စေ့စပ်ထားတဲ့သူရှိတဲ့အခါ.. ကာဆာနိုဗာတစ်ယောက် ဖရန်ချက်စ်ကာ့စေ့စပ်ထားတဲ့သူနေရာက ဟန်ဆောင်ပါတော့တယ်။ ပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်ပေမယ့် ဒီတစ်ခါမှာတော့ တခြားမိန်းကလေးတွေနဲ့မတူထူးခြားတဲ့သူတကယ်ချစ်တဲ့ဖရန်ချက်စ်ကာရဲ့အချစ်ကို ရနိုင်ပါ့မလား.. အလိမ်တွေရောဘယ်လိုပေါ်ကုန်မလဲ..File Size :(2.04GB)(1.04 GB) and (293 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:52:00 Genre : Adventure, Comedy ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae
movie
Casanova(2005)
Kill Ben Lyk(2018)
movie
Kill Ben Lyk(2018)
The Lodgers 5.2
The Lodgers The Lodgers (2017) ကို ဒါရိုက်တာ Brian O'Malley ရိုက်ကူးထားပြီး IMDb 5.2 ရရှိထားပါတယ် Drama in Horror နဲ့ Horror in Drama ကို အဓိကထားပြီး နှိုင်းယှဉ်ဖော်ပြထားတာပါ ဇာတ်လမ်းအကျဉ်းကို note ထုတ်ကြည့်တဲ့အခါ -1920 ပထမကမ္ဘာစစ်ကြီး ပြီးခါစအချိန် -အိုင်ယာလန်ဆင်ခြေဖုံးရွာလေးတစ်ရွာ - အထည်ကြီးပျက်အင်္ဂလိပ်မိသားစုရဲ့အိမ်အိုကြီး - အမွှာမောင်နှမများဖြစ်တဲ့ ရေချယ်နဲ့အက်ဒ်ဝပ် - မျိုးရိုးစဉ်ဆက်လိုက်နာခဲ့တဲ့ စည်းကမ်း ၃ ချက် *ညသန်းခေါင်ချိန် အခန်းထဲမှာနေရန် *သူစိမ်းတွေအိမ်ထဲ ပေးမဝင်ရန် * *တစ်ယောက်နဲ့တစ်ယောက် ခွဲခွာမသွားကြရန်* စည်းကမ်းချက်တွေက ကလေးဘဝတလျှောက် အဆင်ပြေခဲ့ပေမယ့် အရွယ်ရောက်လာတော့ အဆင်မပြေဖြစ်လာကြတယ် စည်းကမ်းချက်တွေက ဘယ်ကိုတွန်းပို့နေသလဲ ဆိုတာ နှစ်ဦးစလုံးသဘောပေါက်လာကြတယ် တစ်ဦးကကျိန်စာလို့မြင်ပြီး ရုန်းထွက်ချင်သူ နောက်တစ်ဦးကဆုလာဘ်လို့မြင်ပြီး မိဘတို့လမ်းစဉ်လိုက်လိုသူ အပျိုဖြန်းကလေး ရေချယ် မြင်မြင်ချင်း တွေကနဲငေးကြည့်မိတဲ့ စစ်ပြန်ဒုက္ခိတကိုလူချော ရေချယ့်နှလုံးသားထဲ ထိုသူဝင်ရောက်လာတဲ့ အခါမှာတော့....... ဝုန်း ဒိုင်း ...
movie
The Lodgers
2017