Channel Myanmar

Eunice Cho

Ice Age: Dawn of the Dinosaurs (2009) 6.9
Ice Age: Dawn of the Dinosaurs (2009) ဒီဇာတ်ကားက Ice age franchiseရဲ့ တတိယဇာတ်ကား ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီကားရဲ့အဓိကဇာတ်​ဆောင်က အချစ်​တော် ဆ​လော့တ် ဆစ်ဒနီပဲဖြစ်ပါတယ်။ ကမ္ဘာဦး​ရေခဲ​ခေတ် မှာ သူတို့မသိထားတဲ့ ​မြေ​အောက်ကမ္ဘာတစ်ခု ရှိ​နေခဲ့ပြီး တစ်​နေ့မှာ အဲဒီကမ္ဘာကို သွားတဲ့ဝင်​ပေါက်တစ်ခုကို ဆစ်ဒ်က ကံ​အား​လျော်စွာ ရှာ​တွေ့သွားခဲ့ပါတယ်။ မိသားစုရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ဆစ်ဒ်ဟာ သူငယ်ချင်း မန်နီရဲ့မိသားစုဘဝကို အားကျ​တာ​ကြောင့် ကိုယ်ပိုင် မိသားစုတစ်ခုကို လိုချင်​နေခဲ့တာပါ။ ဒါ​ကြောင့် မြေ​အောက်ကမ္ဘာ မှာ​ ​တွေ့ခဲ့တဲ့ဥသုံးလုံးကို ဘူမသိကိုးမသိ ​မြေ​ပေါ်ကမ္ဘာကိုယူလာပြီး သူ့က​လေး​တွေလို ​ပျိုး​ထောင်ဖို့ လုပ်ခဲ့ပါတယ်။ဖြစ်ချင်​တော့ အဲဒီဥ​တွေဟာ ဒိုင်နို​ဆောဥ​တွေဖြစ်​နေပြီး မိခင်ရင်း ဖြစ်သူ ဒိုင်နို​ဆောမကြီးက ​မြေ​ပေါ်အထိ တက်လာပြီး သူ့က​လေး​ ​တွေကို ပြန်လာ​ခေါ်ရင်း ဥ​တွေကိုယူသွားတဲ့ ဆစ်ဒ်ကိုပါ ဖမ်းသွား လို့ မန်နီ ဒီ​ယေဂိုနဲ့ ကိုယ်ဝန်အရင့်အမာကြီး ဖြစ်​နေတဲ့ အယ်လီတို့ တစ်သိုက်ခမျာ သူတို့မကျွမ်းဝင်တဲ့ ​မြေ​အောက် ဒိုင်နို​ဆောကမ္ဘာ အထိလိုက်ပြီး ဆစ်ဒ်ကိုကယ်ဖို့ ကြိုးစားရပါ​တော့တယ်။ File size…    7.3 GB /   2.4 GB ...
movie

Ice Age: Dawn of the Dinosaurs (2009)

2009
4K HEVCHDR