Channel Myanmar

Eva Ceja

4 Horsemen: Apocalypse (2022)
4 Horsemen: Apocalypse (2022) 4 Horsemen: Apocalypse (2022) ကမ္ဘာပျက်ကိန်းကားတွေ သဘာ၀ဘေးအန္တရာယ်ကားတွေ ကြိုက်ကြတယ်ဆိုတဲ့ လူတွေအတွက်ပါ။ Moonfallတို့၊ 2012တို့ဟာ တစ်ချို့အတွက် ပေါပေမဲ့ ဒီလိုကားကြိုက်တဲ့လူတွေအတွက် ကောင်းနေပြန်တာပါပဲ။ ဒီတစ်ခါ ရုပ်ရှင်ကတော့ အဲဒီရုပ်ရှင်တွေနဲ့ လုံး၀မတူပါဘူး။ ကမ္ဘာပျက်ကိန်းရဲ့ မြင်းသည်တော်လေးယောက်ဆိုတာ စူပါနေထရယ်ဖန်တွေ မစိမ်းဘူးမလား။ ဒီရုပ်ရှင်ဟာ အဲဒီ ကမ္ဘာပျက်ကိန်းရဲ့ မြင်းသည်တော်လေးယောက်ရဲ့ ကမ္ဘာပျက်မှာကို တားတဲ့ရုပ်ရှင်ပါပဲ။ ပင်တဂွန်၊ မှိုပညာရှင်(အတည်မှိုပါ)၊ မိုးလေ၀သပညာရှင်၊ မီးတောင်လေ့လာရေး ပညာရှင်၊ စစ်သားတွေ အစုံအလင်နဲ့ တားကြတာပါ။ဒီနေရာမှာ ပြောချင်တာက ဇာတ်ကောင်တွေအားလုံးဟာ သူမတူအောင် ထူးခြားပါတယ်။ သရုပ်ဆောင်မှန်းသိသာနေအောင် ရုပ်သေကြီး‌တွေနဲ့ ဟာ ငါတို့ ဘာလုပ်မှာဆိုပြီး ကိုယ်ကြွေနေတဲ့ကောင်လေးရှေ့ အသံပေးတဲ့ ဆယ်ကျော်သက်မလေးတွေလို ခဏခဏကို သူတို့ဘာလုပ်မယ့်အကြောင်းကို ဆယ်ခါလောက်ကိုပြောနေတာပါ။ ဥပမာဆို ထမင်းစားမယ်ဆိုပါစို့။ ငါတို့ထမင်းစားမှာကွ။ ဇွန်းနဲ့ပန်းကပ်ထဲ ခပ်ပြီး ပါးစပ်ထဲထိုးထည့် သွားနဲ့ဝါးတာလေလို့ ထိုင်ပြောနေသလိုပါပဲ။ အကြောင်းအရာတော့မတူဘူးပေါ့။။သရုပ်ဆောင်တွေဟာ ဒါတင်ပဲလားဆိုတော့ ...
movie

4 Horsemen: Apocalypse (2022)

2022
Newness (2017) 6.3
Newness (2017) အိမ်ထောင်ရေးပြိုကွဲသွားတာခြောက်လခန့်ရှိပြီဖြစ်တဲ့Martin တစ်ယောက် ဟာ sex partners ရှာဖွေနေကြတဲ့သူတွေအတွက်ဖွင့်ထားတဲ့Winx app ကိုအသုံးပြုပြီး အထီးကျန်နေတဲ့တစ်ကိုယ်ရည်ညတွေအတွက်ဖြတ်သန်းလေ့ရှိပါတယ်ထိုနည်းတူတစ်ဖက်မှာလည်း Gabi ဆိုတဲ့ကောင်မလေးဟာ winx ကိုအသုံးပြုပြီးတော့သူမရဲ့စိတ်ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မယ့်သူကို ရှာဖွေနေတယ်ဒီလိုသူတို့နှစ်ယောက်ဆုံဖြစ်သွားကြတယ် (ကြားထဲမှာ date ခဲ့သူတွေအများကြီးရှိကြပြီးသား)ဒီမှာဇတ်လမ်းကစတာပဲ အချစ်မပါပဲအသွေးအသားဆန္ဒအတွက်အဆင်ပြေတဲ့သူတွေရှာပြီးဖြစ်ချင်သလိုဖြစ်ကြတုန်းကအကောင်း (အထီးကျန်နေတယ်ဆိုတဲ့ ခံစားချက်ကလွဲလို့ပေါ့)Relationship တစ်ခုကိုအသေချာလေးတည်ဆောက်ပြီးကြတော့မှဆုံးရှုံးရမှာကြောက်တဲ့စိတ်တွေနဲ့ အချင်းချင်းနားလည်ပေးနိုင်ဖို့ကြိုးစားရင်းနားလည်မှုတွေလွဲပြီး မျက်ရည်တွေကိုဖန်တီးသွားစေခဲ့ရော သူတို့ရဲ့ relationship ကိုဘယ်လိုပြန်လည်တည်ဆောက်မလဲကြားထဲမှာရော သူတို့ဘာတွေခံစားရခဲ့ရတယ်ဆိုတာကိုယ်တိုင်လိုက်ပါစီးမျောကြည့်ရင်အဆုံးသတ်​ဟာ ဝမ်းနည်းဝမ်းသာနဲ့ Drama/Romance ရသတစ်ခုကိုရရှိစေမှာပါတော်ရုံ ရိုတာလောက်မကြိုက်တဲ့ကိုယ်ပါကြွေတယ် (ဇာတ်လမ်းအညွှန်းကိုတော့ Dave Harry ရဲ့ Facebook Account (https://www.facebook.com/profile.php?id=100010606993816) မှကူးယူဖော်ပြပါသည်။)  File Size : (900 MB) and (375 MB) Quality : WEB-DL 720p Running Time : 1hr 52min Format : Mp4 Genre :Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated ...
movie

Newness (2017)

2017