Channel Myanmar

Eva Longoria

Aristotle and Dante Discover the Secrets of the Universe (2022) 7.1
Aristotle and Dante Discover the Secrets of the Universe (2022)  Aristotle and Dante Discover the secrets of the Universeဆိုတဲ့ရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ဆယ်ကျော်သက်LGBT အချစ်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကအလားတူနာမည်နဲ့ပဲနာမည်ကျော်ခဲ့တဲ့ဝတ္တုကို ဒါရိုက်တာ Aitch Alberto ကရိုက်ကူးပေးထားပြီး Max Pelayo နဲ့ Reese Gonzales တို့ကအဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ BL ပရိသတ်တွေအတွက်အချစ်ဇာတ်လမ်းချိုချိုလေးတစ်ပုဒ်အဖြစ် ချီးကျူးမှုရရှိထားတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း****************အချိန်ကာလအားဖြင့် ၁၉၈၇ ခုနှစ်နောက်ခံ မက္ကဆီကိုနိုင်ငံအယ်လ်ပါဆိုမြို့က ဆယ်ကျော်သက်ကောင်လေးအာရီဟာနွေရာသီတစ်ခုမှာ သမားရိုးကျမဟုတ်တဲ့ အမေရိကန်နွယ်ဖွားဒန်တီဆိုတဲ့ကောင်လေးနဲ့ တွေ့ဆုံရာကနေစတင်ခဲ့ပါတယ်။ မတူညီမှုတွေအများကြီးရှိတဲ့ကြားကပဲ အာရီနဲ့ဒန်တီဟာ အချိန်တိုအတွင်းအချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ ကားတိုက်ခံရတော့မယ့်ဒန်တီကို အာရီက အသက်နဲ့ရင်းကယ်တင်ခဲ့ပြီးတဲ့နောက် ဒန်တီဟာဖခင်ရဲ့အလုပ်ကြောင့် ချီကာဂိုမှာ တစ်နှစ်ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။အနေဝေးနေတဲ့သူငယ်ချင်းနှစ်ယောက်ကြားမှာ စာတွေအဆက်အသွယ်ရှိနေခဲ့ပြီး တစ်နှစ်နေလို့ ဒန်တီပြန်လာချိန်မှာတော့သူငယ်ချင်းသံယောဇဉ်တွေက အရောင်ပြောင်းနေခဲ့ပါပြီ။ ဒန်တီကအာရီအပေါ်ထားတဲ့သူ့ရင်တွင်းခံစားချက်တွေကိုထုတ်ပြောလိုက်ပြီးတဲ့နောက်အာရီကဘယ်လိုဆုံးဖြတ်မယ်ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.44GB / 662MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Drama Subtitle….Myanmar Subtitle ...
movie

Aristotle and Dante Discover the Secrets of the Universe (2022)

The Heartbreak Kid (2007) 5.8
The Heartbreak Kid (2007) The Heartbreak Kid (2007) ====================လူတိုင်းက အချစ်ရေးမှာ “Right person, right time” ဖြစ်ချင်ကြတဲ့သူတွေ ချည်းပဲမလား။ ကိုယ့်အတွက် right person မဟုတ်ရင်လည်း စိတ်ညစ်ရ၊ right person နဲ့တွေ့ပေမယ့် right time မဟုတ်ပြန်ရင်လည်း ခွဲခွါရ။ right timeမှာ right personနဲ့ စုံစည်းခွင့်ရသူက ကံကောင်းသူလို့ ဆိုရမလိုပဲ။ ဒီဇာတ်လမ်းလေး ကတော့ wrong personနဲ့ တွေ့ပြီး စိတ်ဆင်းရဲနေတဲ့အချိန်မှာ right personနဲ့ wrong time မှာ တွေ့မိတဲ့ ကံဆိုးရှာသူလေးအကြောင်းပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း လူပျိုကြီး အက်ဒီကို ရည်းစားထားဖို့ သူ့ဖခင်က တိုက်တွန်းနေရပါတယ်။ အက်ဒီရဲ့ သူငယ်ချင်းကလည်း သူ့ရဲ့အိမ်ထောင်သည်ဘဝက ပျော်စရာတဲ့အကြောင်း အက်ဒီ ကို အမြဲကြွားပြနေပါတယ်။ အက်ဒီကလည်း အက်ဒီပါပဲ။ ၅နှစ်လောက် စေ့စပ်ထား ခဲ့တဲ့ ကောင်မလေးနဲ့တောင် ပြတ်ခဲ့တယ်ဆိုပဲ။ အဲဒီတော့ ဇီဇာကြောင်၊ ရွေးရင်း လူပျို ကြီး ဖြစ်ကျန်ခဲ့တယ်ဆိုပါတော့။ တစ်နေ့တော့ ...
movie

The Heartbreak Kid (2007)

2007
The Baytown Outlaws (2012) 6.3
The Baytown Outlaws (2012) IMDb rating -6.3/10 ဒီဇာတ်လမ်းကတော့ ဇာတ်အိမ်ခိုင်ခိုင် ဇာတ်လမ်းဇာတ်ကွက်မိမိရိုက်ကူးထားတင်ဆက်ထားပြီး Action Comedy ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ Action အခန်းတွေကို ထိထိမိမိရိုက်ကူးထားတဲ့အပြင် သရုပ်ဆောင်တွေရဲ့ ပိုင်နိုင်တဲ့သရုပ်ဆောင်မှုတွေကြောင့် Comedy scene တွေမှာဆိုရင် ဗိုက်နာအောင်ရယ်ရမယ့် ဇာတ်လမ်းဇာတ်ကွက်တွေပါကြည့်ရှူခံစားရမှာပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. ဒီရုပ်ရှင်ကိုတော့ Oodie boys သုံးယောက်ကိုအဓိကထားပြီးရိုက်ကူးထားပါတယ်အကြီးဆုံးက Brick အလတ်က Lincoln နဲ့ နောက်တစ်ယောက်ကတော့ McQueenပါ သူတို့ ၃ ယောက်က ဒေသခံရဲအရာရှိ ရှယ်ရစ်ဖ်ကနေ မြို့ထဲကတခြားရာဇဝတ်ကောင်တွေကို သတ်ဖို့ငှားထားတဲ့ အမည်မသိကြေးစားလူသတ်သမားတွေပေါ့ သူတို့ကြောင့်ပဲ Alabama မြိုလေးကပြစ်မှုအနည်းဆုံးမြို့တစ်ခုဖြစ်နေတော့ ရှယ်ရစ်ဖ်တစ်ယောက် သူတို့လုပ်သမျှကိုမျက်ကွယ်ပြုပေးနေခဲ့ပါတော့တယ် တစ်နေ့မှာတော့ Celeste ဆိုတဲ့အမျိုးသမီးတစ်ယောက်က အကြမ်းဖက်တတ်တဲ့ မွေးစားအဖေလက်ထဲကနေ သူ့မွေးစားသားလေးကိုကယ်တင်ပေးဖို့ ငွေအများကြီးကမ်းလှမ်းပြီးတောင်းဆိုလာခဲ့ပါတယ်။ ငွေရဲ့ဆွဲဆောင်မှုမှာမြောသွားတဲ့ သူတို့ညီအစ်ကို ၃ ယောက် ကလေးကိုပြန်ပေးဆွဲခဲ့တဲ့အခါမှာတော့.. ဘယ်လိုအရာတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှူခံစားရမှာပါ။ File size…(1.8 GB)/(1 ...
movie

The Baytown Outlaws (2012)

A Dark Truth (2012) 5.6
A Dark Truth (2012) ဒီဇာတ်ကားလေးကတော့ တောင်အမေရိကမှာရှိတဲ့ အီကွေဒေါနိုင်ငံက ရွာလေးတစ်ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ချို့ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ အတိတ်ကပြုလုပ်မိခဲ့တဲ့ အပြစ်တွေအတွက် ဖြေဆယ်လို့မရနိုင်ဖြစ်နေတာကြောင့် အလုပ်ကနေအနားယူပြီး လက်ရှ်ိမှာ ရေဒီယိုချန်နယ်တစ်ခုမှာ နိုင်ငံရေးစကားဝိုင်း အစီအစဉ်မှူးအဖြစ် လုပ်ကိုင်နေပြီး မိသားစုနဲ့ ဘ၀ကိုအေးအေးချမ်းချမ်းဖြတ်သန်းဖို့ ကြိုးစားနေတဲ့ စီအိုင်အေ အေးဂျင့်ဟောင်း ဂျက်ဘီဂိုစီယန် ... ကလီယာဘက်ခ် ရေကုမ္ပဏီရဲ့ အတောမသတ်နိုင်တဲ့ လောဘတွေကြောင့် တောင်အမေရိက အီကွေဒေါမှာဖြစ်ပွားခဲ့ရတဲ့ အကျည်းတန်တဲ့ဖြစ်ရပ်တွေကို သွားရောက်စုံစမ်းစစ်ဆေး‌ပေးဖို့ ကလီယာဘက်ခ်ရဲ့ ထိပ်သီးရှယ်ယာရှင်တစ်ယောက်က ဂျက်ဘီဂိုစီယန်ကို ငှားရမ်းလာတဲ့အခါ... ဆိုးယုတ်တဲ့အဖြစ်အပျက်တွေရဲ့ နောက်ကွယ်က ခါးသီးလှတဲ့အမှန်တရားကဘာလဲ? ဂျက်ဘီဂိုစီယန်ကရော အတားအဆီးတွေကြားကနေ အမှန်တရားကိုဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမှာပါ File size…(2.2 GB)/(1.2 GB)/(640 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:46:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant ...
movie

A Dark Truth (2012)

Tell It Like a Woman (2022)
Tell It Like a Woman (2022) Tell It Like A Woman (2022)Tell it Like A Woman က အမျိုးသမီးတွေအကြောင်း အမျိုးသမီးတွေကပြောပြထားတဲ့ဇာတ်လမ်းတိုခုနှစ်ခုပေါင်းစပ်ထားတဲ့ဇာတ်ကားပါ။ အမျိုးသမီးတွေပြောပြထားပေမယ့် အမျိုးသမီးတွေအတွက်ချည်းမဟုတ်ပဲ ခံစားနိုင်လည်နိုင်သူအားလုံးအတွက်ရည်ရွယ်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ကမ္ဘာအဝှမ်းက အမျိုးသမီးဒါရိုက်တာတွေပူးပေါင်းထားပြီး ဂျပန် အီတလီ အိန္ဒိယ အမေရိကန်တို့မှာရိုက်ကူးထားပါတယ်။ မင်းသမီးတွေကလဲဒီနိုင်ငံတွေကအစုံပါဝင်ပါတယ်။ အဓိကဖော်ပြချင်တာကတော့ နိုင်ငံအစုံက အလွှာအစုံကအမျိုးသမီးတွေရင်ဆိုင်ရတဲ့အခက်အခဲတွေ ဘဝအမောတွေ သဘာဝအရရင်ဆိုင်ရတဲ့ဒဏ်တွေ အမျိုးသမီးဖြစ်နေလို့ရင်ဆိုင်ရတဲ့ဒဏ်တွေ သူတို့ရဲ့ဒီအခက်အခဲတွေကိုကျော်လွှားပုံတွေကို ဇာတ်လမ်းရှည်ကြီးနဲ့ဇာတ်နာပြမနေပဲ ဇာတ်လမ်းတိုလေးတွေနဲ့ထိထိမိမိဖော်ကျူးထားပါတယ်။ဒီလိုဇာတ်လမ်းတိုညွှန့်ပေါင်းဇာတ်ကားတွေမှာ ဇာတ်လမ်းသွားတစ်ခုစီဖြစ်နေတဲ့ဇာတ်လမ်းတွေကို မရရအောင်ချိတ်ဆက်ပေးနိုင်တာက အသက်ပဲလို့ထင်ပါတယ်။ ဇာတ်လမ်းတိုတစ်ပုဒ်ကနေ နောက်တစ်ပုဒ်ပြောင်းသွားတာကို ပရိသတ်ကမသိလောက်အောင်လိုက်ပါစီးမြောသွားဖို့ကအခရာပါပဲ။ဒီ Tell It Like A Woman မှာတော့ ဇာတ်လမ်းတစ်ခုနဲ့တစ်ခုအကူးအပြောင်းတွေက ကြမ်းလွန်းတာ ရုတ်တရက်ဖြစ်လွန်းတာတွေရှိပေမယ့် ဇာတ်လမ်းတိုခုနှစ်ပုဒ်ထဲမှာ တစ်ချို့ဇာတ်လမ်းတွေက ထိမိလွန်းပြီး ပေးချင်တဲ့မက်ဆေ့ချ်ကလဲ ထင်းလွန်းပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေလဲပါဝင်ပါသေးတယ်။ ဘယ်ဇာတ်လမ်းကို ကိုယ်က ပိုသဘောကျတယ်နားလည်စာနာနိုင်တယ်ဆိုတာတော့ ပရိသတ်တစ်ဦးချင်းစီရဲ့အမြင် အတွေ့အကြုံတွေနဲ့သက်ဆိုင်မယ်လို့ထင်ပါတယ်။ Bonus အနေနဲ့ ဒီဇာတ်ကားထဲက ဘောလိဝုဒ်မင်းသမီး ဂျက်ကလင်းပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ဆုံးဇာတ်လမ်းတိုမှာပါဝင်တဲ့ "Applause" သီချင်းဟာ အော်စကာမှာ "Best original Song" အဖြစ် ...
movie

Tell It Like a Woman (2022)

2022
The Sentinel(2006) 6.1
The Sentinel(2006) ဒီဇာတ်ကားက ဂန္ဓ၀င်မင်းသားကြီး Michael Douglas ရဲ့ဇာတ်ကားလေးပါ။ ပိထ်ဂါရစ်ဆန် နဲ့ ဘရက်ကင်ရစ်ခ်ျ တို့ဟာ သမ္မတ လုံခြုံရေးတပ်ဖွဲ့မှာ တာ၀န်ထမ်းဆောင်လာခဲ့တာ နှစ်ပေါင်းများစွာရှိနေပါပြီ။ သူတို့နှစ်ယောက်ဟာ ခင်မင်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေးကိစ္စကြောင့် စိတ်၀မ်းကွဲနေကြတဲ့သူတွေဖြစ်ပါတယ်။ တစ်ရက်မှာတော့ လုံခြုံရေးအဖွဲ့ရဲ့ အဖွဲ့၀င်တစ်ဦးဟာ သမ္မတကိုလုပ်ကြံဖို့စီစဉ်‌နေတာသိလိုက်ရတော့ လုံခြုံရေးအဖွဲ့တစ်ခုလုံး သို့လော သို့လော ဖြစ်ကုန်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံမရတော့တဲ့အနေအထားကြောင့် မုသားဖော်စက်နဲ့ တစ်ဦးချင်းစစ်ဆေးရာမှာ ပိထ် လိမ်နေတယ်လို့သိလိုက်ရပါတယ်။ ဒါပေမယ့် ပိထ်ကအဖမ်းမခံဘဲ အကွက်ချခံရကြောင်းပြောပြီး တရားခံအစစ်ကိုရှာဖို့ကြိုးစားပါတော့တယ်။ ပိထ်ဟာ သူပြောသလို အကွက်ချခံရတာလား ကိုယ်တိုင်ကပဲလုပ်ကြံရေးသမားဖြစ်နေတာလား.... File size…1.69GB / 708.9MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

The Sentinel(2006)

Unplugging (2022) 4.1
Unplugging (2022) Unplugging (2022)ဒီနေ့ခေတ်မှာ electronic devices တွေကတော့ ဘယ်သူနဲ့မှမကင်းတဲ့အရာပါပဲ။ အားလုံးထဲမှာမှ phone နဲ့ laptop ကတော့ အဆိုးဆုံးပေါ့။ ကျောင်းသားအရွယ်လူငယ်တွေကလည်း ဒီ phone တွေ laptop တွေကနေပညာရှာရတယ်။ အလုပ်လုပ်နေတဲ့ လူရွယ်တွေ လူကြီးတွေလည်း အလားတူ ဖုန်းနဲ့လူ ကွာတယ်ရယ်မရှိကြပါဘူး။ တစ်နေ့တစ်နေ့ ဒီပစ္စည်းတွေ social media ပေါ်က အကြောင်းအရာတွေနဲ့ပဲအချိန်ကုန်နေပြီး ကိုယ့်မိသားစု၊ ကိုယ့်အနီးနားက အရင်းနှီးဆုံးသူတွေကို အချိန်ပေးဖို့မေ့နေမိတယ်လို့ရော ထင်မိကြဖူးလား .. နေ့စဉ်ဘဝနဲ့ဝေးရာကို ကိုယ်ချစ်တဲ့သူတွေနဲ့အတူသွားပြီး သူတို့ကိုအချိန်ပေးမယ်လို့ရော တွေးမိကြဖူးလား ..?အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းတစ်ခုမှာ ဒါရိုက်တာတာဝန်ထမ်းဆောင်နေတဲ့ Jeanine က အလုပ်လောဘကြီးပြီး နေ့နေ့ညညအလုပ်မှအလုပ်ဖြစ်နေတဲ့သူပါ။ ကိစ္စတချို့ကြောင့် သူ့အရင်အလုပ်ကိုနားထားရတဲ့ ခင်ပွန်းဖြစ်သူ Dan က ဝါသနာပါရာ ဆော့စ်အစပ်လည်းလုပ်ရောင်းရင်း အိမ်မှုကိစ္စလည်းလုပ်ရင်း သမီးဖြစ်သူ Lizzy ကိုလည်းထိန်းကျောင်းရပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ Dan ရဲ့ဆော့စ်အစပ်တွေကို လိုက်ပို့ပေးနေကျ Juan ဆုံးသွားရာကနေ Dan တစ်ယောက် တစ်ခုခုကိုတွေးမိသွားပါတော့တယ်။ အဲဒါကတော့ မိုးလင်းကမိုးချုပ် ဖုန်းနဲ့လူမခွာဘဲ အလုပ်ထဲမှာပဲနစ်မြောနေတဲ့သူ့မိန်းမကို ဖုန်း၊ အင်တာနက် တစ်ခုမှသုံးမရတဲ့နေရာကိုခေါ်သွားပြီး နှစ်ယောက်တည်း ...
movie

Unplugging (2022)

2022
Harsh Times (2005) 6.8
Harsh Times (2005) Harsh Times (2005)Christian Bale ကိုယ်တိုင် ပရိုဂျူဆာအနေနဲ့ရော အဓိကဇာတ်ကောင် ဂျင်မ်အဖြစ်နဲ့ပါ ပါဝင်သရုပ်ဆောင်ထားပြီး သူ့သရုပ်ဆောင်ချက်တွေဟာ လက်ဖျားခါလောက်တယ်ဆိုတဲ့ မှတ်ချက်တွေ တပုံတပင်ရရှိထားတဲ့ကားပါ။ဂျင်မ်နဲ့ မိုက်ခ်က သိပ်ကိုချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ညီအစ်ကိုတွေလိုတောင်ဖြစ်နေကြပါပြီ။ မိုက်ခ်က လက်ရှိမှာ အလုပ်လက်မဲ့၊ သူ့ဇနီးဖြစ်သူက ငြိုငြင်လာပြီး အလုပ်ထွက်ရှာဖို့ပဲ တတွတ်တွတ်တိုက်တွန်းနေတော့ စိတ်ညစ်နေတဲ့သူ။ ဂျင်မ်က စစ်ပြန်ရိန်းဂျားတစ်ယောက်ပေါ့။ သူတာဝန်ထမ်းဆောင်ခဲ့တာက အာဖရန်နစ္စကန်မှာ။ စစ်ပွဲဆိုတော့ သိတဲ့အတိုင်း သေကြကြေကြ သတ်ကြဖြတ်ကြပါပဲ။လူသတ်ရတာ ဘယ်လိုနေလဲလို့ မိုက်ခ်က မေးတိုင်း ဂျင်မ် အဲဒီမှာဖြစ်ခဲ့သမျှဟာ သူ့အတွက် ဘာသက်ရောက်မှုမှမရှိပါဘူးလို့ ကြွေးကြော်တတ်တယ်။ အခုဆို သူ့မှာ ချစ်ရတဲ့မက်ဆီကန်မလေး မာတာလည်းရှိနေပြီလေ။ သူ အယ်လ်အေရဲတပ်ဖွဲ့မှာ အလုပ်ရတာနဲ့ အမေရိကားကိုခေါ်ပြီး သူတို့ယူကြတော့မှာ မဟုတ်လား။ ဒီလိုသာမန်အေးချမ်းတဲ့ဘဝမျိုးရခါနီး ဂျင်မ်နောက်ကို သူ့အတိတ်ဆိုးက လိုက်လာတဲ့အခါမှာ သူဘာတွေကြုံရမှာလဲ?မိုက်ခ်ကရော သူ့အချစ်ဆုံးသူငယ်ချင်း ဂျင်မ်နောက်ကိုလိုက်ရင်း ဘာတွေဘယ်လိုကြားညပ်မိမလဲ?ကိုယ်တိုင်ပဲ ကြည့်ရှူခံစားလိုက်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May ...
movie

Harsh Times (2005)

2005
The Boss Baby: Family Business (2021) 5.8
The Boss Baby: Family Business (2021) The Boss Baby: Family Business (2021)=============================IMDb Rating - 5.8/102017 လောက်တုန်းက အားလုံးကို အမွှေစိန်လုပ်သွားတဲ့ boss baby လေးကို မှတ်မိကြဦးမယ်ထင်ပါတယ်၊သူအခု အရွယ်ရောက်သွားပြီဗျ အရွယ်ရောက်တဲ့အပြင် တူမ ၂ ယောက်တောင်ရပြီး အလုပ်ကြိုးစားတဲ့ အချစ်တော်အန်ကယ်ဖြစ်နေပါပြီ။သို့ပေမယ့် ကျွန်တော်တို့ရဲ့ ကလေးသူဌေးကြီး ဒီဇာတ်လမ်းမှာ သူငယ်ပြန်ရပါဦးမယ်ဖြစ်စဉ်ကဒီလိုရယ်ပါ . သူကလေးဘ၀က လာခဲ့တဲ့ BabyCorp ဆိုတဲ့ အဖွဲ့အစည်းမှာ ပြဿနာတစ်ခု ပေါ်ပေါက်လာပါတယ်၊ ပြဿနာကတော့ ဒေါက်တာတစ်ယောက်ဟာ ကလေးတွေရဲ့ ခေါင်းထဲကို အတွေးမှားတွေ ရိုက်ထည့်ပေးနေပြီးကလေးတွေက မိဘတွေအပေါ် သွေးအေးလာတာပါ။ ဒီ ပြဿနာကို ဖြေရှင်းဖို့ရာ Boss Baby တို့ ညီအစ်ကို ၂ ယောက်အသက်ငယ်ဆေး ဖော်မြူလာကို သောက်ပြီး ကလေးဘ၀ကို ပြန်ရောက်သွားချိန်မှာတော့ ...........ဘာတွေဆက်ဖြစ်မလဲ အဖြေရှာရင်း ဘယ်ပြဿနာတွေ ထပ်တက်ဦးမလဲ ...
movie

The Boss Baby: Family Business (2021)

2021
Sylvie’s Love(2020) 6.5
Sylvie’s Love(2020) Sylvie's Love(2020)Sylvieဆိုတဲ့ မိန်းကလေးက တီဗွီအစီအစဉ်ထုတ်လုပ်ရေးဖြစ်ချင်သူပါ.....Robertကတော့ ဝါသနာကိုအရင်းခံပြီး ဆက်ဆိုဖုန်းမှုတ်နေတဲ့နာမည်မကြီးတဲ့ သာမန်ကောင်လေးပါ....တစ်နေ့မှာ Robertတစ်ယောက် သီချင်းခွေဝယ်ရင်း Sylvieအဖေ့ရဲ့ ခွေဆိုင်လေးကိုရောက်လာပါတယ်.....Sylvieအဖေ Herbetက Robertကို ဆိုင်မှာအလုပ်ခန့်ရာကနေSylvieနဲ့ Robertတို့အနေချင်း နီးလာခဲ့ပါတယ်.....အဲ့ဒီနောက်သူတို့မမျှော်လင့်တဲ့အရာတွေဆက်တိုက်ဖြစ်လာခဲ့ပါတော့တယ်...ဒီကားက Thor: Ragnarok နဲ့ လူသိများလာတဲ့ မင်းသမီး Tessa Thompson အဓိကသရုပ်ဆောင်ထားပြီးတော်တော်လေးမိုက်တဲ့ဇာတ်လမ်းလေးမို့ ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Khine Khine Wai ပဲဖြစ်ပါတယ်.... File Size :(1.1GB) and (358MB) Quality : WEB-DL 720p Format…mp4 Duration…01:54:00 Genre :  Drama, Music, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai Encoded by Phyo Pyae 
movie

Sylvie’s Love(2020)

Dora and the Lost City of Gold (2019) 6.1
Dora and the Lost City of Gold (2019) 2019 ရုံတင်ကား အသစ်လေးတင်ပေးထားပါတယ်။စွန့်စားခန်း ဟာသ ကလေးရုပ်ရှင်မျိုးပါပဲ။ဒိုရာဟာ ကာတွန်းတွေရော ဂိမ်းတွေရော ထွက်ထားခဲ့ပြီးသား ဇာတ်ကောင်တစ်ခုပါ။အဓိကကတော့ စွန့်စားခန်းတွေပဟေဠိတွေ စူးစမ်းရှာဖွေတာတွေကို လုပ်တဲ့ ကောင်မလေးပေါ့။ဒီဇာတ်ကားမှာလည်း ဒိုရာရဲ့မိဘတွေဟာ ဒိုရာနဲ့အတူ တောထဲမှာနေပြီးလေ့လာရေးလုပ်ကြပါတယ်။ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ ပါရာပါတာ ကို ရှာဖို့ပါပဲ။တစ်ရက်မှာ ဒိုရာကြောင့် ပါရာပါတာရဲ့ မြေပုံရသွားပြီးသူတို့ ၂ ယောက် မြို့တော်ကို ရှာဖို့ ခရီးထွက်ပါတော့တယ်။ဒိုရာကိုတော့ မြို့ပေါ်ကကျောင်းကိုပို့ထားပြီး စောင့်နေခိုင်းတာပေါ့။ဒါပေမယ့် ရတနာမုဆိုးတွေက ဒိုရာနဲ့ သူ့မိဘတွေနောက်ကို လိုက်လာတဲ့အခါမှဒိုရာ နဲ့ သူငယ်ချင်းတစ်သိုက် စွန့်စားခန်းတွေ ဖွင့်ရပါတော့တယ်။ဒိုရာ သရုပ်ဆောင်မင်းသမီး အစ်ဇ်ဘယ်လာမွန်နာဟာ၂၀၀၁ မွေးတာ ဖြစ်တာဖြစ်တာကြောင့် ဒီနှစ်ထဲမှာပဲ ၁၈ နှစ်ပြည့်သွားပါပြီ။သိချင်မလားလို့ ထည့်ရေးပေးထားတာပါ။ File ...
movie


2019
Overboard (2018) 5.6
Overboard (2018)  ဒီရုပ်ရှင်ကားဟာ ၁၉၈၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Overboard ဆိုတဲ့ ရုပ်ရှင်ကားကို ပြန်လည် ဆန်းသစ်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ် ဇတ်လမ်းပုံစံလေးက Drama , Comedy အမျိုးအစားလေးပါ ကျနော်တို့ သိတဲ့ စင်ဒရဲလား ပုံပြင်လေးလိုပါပဲ အတိဆင်းရဲ ဒုက္ခရောက်နေတဲ့ မင်းသမီးလေးဆီကို ရွှေမင်းသားလေးက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသလိုပေါ့ ယုံတမ်းပုံပြင်တွေက တကယ်တမ်း ဖြစ်လာနိုင်ပါတယ် အဲ့ဒီလိုပဲ မြို့လေးတစ်မြို့မှာ သူနာပြုတစ်ယောက်ဖြစ်ဖို့ စာတွေ ကျတ်ရင်း တစ်ဖက်မှာလဲ အဖေ မရှိတော့တဲ့ သမီးလေး ၃ ယောက် ရဲ့ တာဝန်တွေ ထမ်းဆောင်ရင်း Single Mother လုပ်နေတဲ့ ကိတ် ဆိုတဲ့ ကောင်မလေးရှိတယ် တစ်ခြားတစ်ဖက်မှာလဲ အန်တိုနီယို လုပ်ငန်းစုကြီးရဲ့ အမွေပိုင် လီယို ဆိုတဲ့ သူဌေးသားလေး လူရှုပ်လူပွေ လေး တစ်ယောက်လဲ ရှိပြန်တယ် လီယို က အဖေဖြစ်သူရဲ့ လုပ်ငန်းကို ဦးစီးဖို့ ရှောင်ပြေးနေပြီး အချိန်ရှိတိုင်း အပျော်စီး သင်္ဘောကြီး တစ်ခုဝယ်ကာ ကောင်မလေး အလန်းလေးတွေ တင်ရင်း သောက်လိုက် စားလိုက် ပျော်ပါးလိုက် နဲ့ အချိန်ကုန်နေတဲ့ သူတစ်ဦးပေါ့ တစ်ရက်မှာတော့ သူဌေးလေး လီယိုနာဒို ရဲ့ သင်္ဘောကြီးဟာ ကိတ်တို့ မြို့လေးရဲ့ ...
movie

Overboard (2018)

2018
Arthur Christmas (2011) 7.1
Arthur Christmas (2011) Merry Christmas ပါ CM ပရိတ်သတ် ကြီးရေ။ ခရစ္စမတ် ပိတ်ရက်မှာ အေးဆေးကြည့်ရအောင် ခရစ္စမတ်နဲ့ ဆိုင်တဲ့ ကာတွန်းကားလေး တစ်ကားတင်ဆက်ပေးလိုက်ရပာတယ်ခင်ဗျား။ မိသားစု သားသမီးတွေနဲ့ ပေါ့ပေါ့ ပါးပါး ရယ်ရယ်မောမော ကြည့်လို့အဆင်ပြေတာပေါ့ဗျာ။ ဒီကား လေးကတော့ IMDB 7.1 အထိရထားတယ်ဆိုတော့ သိပ်တော့ ပြောစရာ လိုမယ် မထင်ပါဘူး။ ခရစ္စမတ် ညမှာ ခလေးတိုင်း ရဲ့ အိမ်ကို ဆန်တာက လက်ဆောင်လေးတွေ လိုက်ပို့ တက်တယ် လို့ အယုံအကြည်ရှိကြပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က ဒီလောက်များတဲ့ကလေးတွေကို ဆန်တာ တစ်ယောက် ဘယ်လိုများ ပို့လဲ ပေါ့။ ဒီကားထဲမှာ အဲ့ အကြောင်းပြောပြထားပါတယ်။ တကယ်တော့ မြောက်ဝင်ရိုးစွန်းရဲ့ အောက်မှာ ဆန်တာ တို့က ခေတ်မှီ မြန်နှုန်းမြင့် စွပ်ဖားတွေ သုံးတာပေါ့။ ဒီနှစ်မှာလည်း လက်ဆောင် စုစုပေါင်း ၂ ...
movie

Arthur Christmas (2011)

2011