Channel Myanmar

Evan Williams

An Ideal Host (2020) 5.6
An Ideal Host (2020) An Ideal Host (2020) ================An Ideal Host 2020 ကို ဒါရိုက်တာ Robert Woods က စီစဥ်ရိုက်ကူးခဲ့ပြီး IMDb rating 5.6 ရရှိထားပါတယ်။ Best Horror Comedy Feature ဆု နဲ့ Best Screenplay ဆု winner ဆုနှစ်ခုဆွတ်ခူးနိုင်ခဲ့ပြီး တင်သွင်းခံရတဲ့အဆင့် အနေနဲ့က ၁ ခါရှိခဲ့ပါတယ်။ သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပေမယ့် မိသားစုနှင့် အတူ ကြည့်လို့ရပါတယ်။ ဇာတ်အိမ်ကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ငယ်သူငယ်ချင်းတွေက ငယ်ငယ်ကတည်းကသူတို့နေခဲ့တဲ့နေရာမှာပဲ ပြန်ဆုံကြ ပါတယ်။ အဲဒီအချိန်မှာ ဒေစီဆိုတဲ့မိန်းကလေးက လစ်ဇ်ကို စိတ်တိုနေခဲ့ပါတယ်။ လစ်ဇ်က ထက်မြက်သူဖြစ်တော့ တစ်ခုခုမှာတော့ အောင်မြင်အောင်လုပ်နိုင်လောက် မယ်လို့ သူက မျှော်လင့်ထားတာပါ။ ဒါပေမယ့် သူမျှော်လင့်သလိုဖြစ်မလာတဲ့အ ခါမှာတော့။ အဲဒီအချိန်မှာ ဂြိုလ်သားတွေရဲ့ ကျူးကျော်မှုကို ဘယ်လိုရင်ဆိုင်ကြ မလဲဆိုတာကိုတော့ Horror ပရိတ်သတ်တွေ ကြည့်ရှုခံစားကြပါဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(2 GB) / ...
movie

An Ideal Host (2020)

2020
Mysterious Circumstance: The Death of Meriwether Lewis(2022)
Mysterious Circumstance: The Death of Meriwether Lewis(2022)   1800ခုနှစ်ကျော်က အမေရိကန်နာမည်ကျော် Lewis and Clarke Expedition က နယ်မြေရှာဖွေသူ Meriwether Lewis ရဲ့ဆန်းကြယ်တဲ့သေဆုံးမှုအကြောင်းကိုရိုက်ကူးထားတာပါ။ Lewis ဟာပြည်နယ်အုပ်ချုပ်ရေးမှုးအဖြစ်နဲ့အပေါင်းအပါတွေနဲ့ အစိုးရအလုပ်ခရီးစဉ်အတွင်းမှာပဲ တည်းခိုခန်းတစ်ခုမှာ သေနတ်ဒဏ်ရာနဲ့သေဆုံးသွားပါတယ်။ Lewis သေဆုံးမှုကို ကိုယ့်ကိုယ်ကိုသတ်သေမှုလို့ ကောက်ချက်ချခဲ့ပေမယ့် တွေ့ရတဲ့ဒဏ်ရာနဲ့မကိုက်ညီပါဘူး။ နောက်နှစ်နှစ်အကြာမှာLewis ရဲ့မိတ်ဆွေတစ်ဦးက ဖြစ်ရပ်မှန်ကိုစုံစမ်းဖို့ အခင်းဖြစ်ရာတည်းခိုခန်းကိုရောက်ရှိလာပြီး သက်သေဖြစ်တဲ့ပိုင်ရှင်လင်မယားနှစ်ယောက်ကိုစုံစမ်းရာကနေ Meriwether Lewis ရဲ့သေဆုံးမှုဟာ သွေးရိုးသားရိုးအမှုလား ဖုံးကွယ်ထားတာတွေရှိလား.. အမေရိကန်သမိုင်းကြောင်းစိတ်၀င်စားရင် ကြိုက်မယ့်ကားလေးပါ။ နှစ်ပေါင်းများစွာ သမိုင်းပညာရှင်တွေ အဖြေရှာမရတဲ့အမှုကို ရိုက်ကူးပြထားပါတယ်။File size…(2.18GB)  / (906B) /528MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre...Mystery / Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  SP
movie

Mysterious Circumstance: The Death of Meriwether Lewis(2022)

[17+] Blonde (2022) 6.2
[17+] Blonde (2022) Blonde (2022)=========== IMDb Rating - 6.2/10ကဲ Biography ဒရာမာရုပ်ရှင်လေးကြည့်ရအောင်။ နာမည်ကျော် ရုပ်ရှင်မင်းသမီး မယ်ရီလင် မွန်ရိုးရဲ့အကြောင်းပါပဲ။ မွန်ရိုးဟာ သမိုင်း တလျှောက် နာမည်အကြီးဆုံး လွှမ်းမိုးမှုအရှိဆုံး ရုပ်ရှင်မင်းသမီးတွေ ထဲကတစ်ယောက်ပါပဲ။ ၁၉၅၀-၆၀ ကာလများရဲ့ လိင်ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ်လည်း သတ်မှတ်ကြပါတယ်။မွန်ရိုးဟာ နာမည်ကျော်ကြားသလောက် ဘဝအစမလှပခဲ့သလို ဘဝ ဇာတ်သိမ်းလည်းမလှပခဲ့ပါဘူး။ မိဘမဲ့ဂေဟာကနေ အနုပညာလောက ထဲကိုဝင်လာပြီး ၁၆ နှစ်နဲ့အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်သုံးဆက်အထိ ရှိခဲ့ပြီး။ ကြားထဲမှာလည်း အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီနဲ့ အပါအဝင် မရေတွက်နိုင်တဲ့ ကောလဟာလတွေ အများကြီးရှိခဲ့သူလည်းဖြစ်ပါတယ်။အဲဒီတုန်းက မွန်ရိုးဟာ တစ်နိုင်ငံလုံးရဲ့ အိပ်မက်မင်းသမီးဖြစ်ခဲ့တာပါ။ သူ့ရဲ့ ဂါဝန်လေးလေလွင့်နေတဲ့ပုံဟာလည်း သမိုင်းဝင်လောက်အောင်ကို ကျော်ကြား ခဲ့တာပါ။ မွန်ရိုးဟာ အသက် ၃၆ နှစ်အရွယ်မှာ ဆေးလွန်သေဆုံးခဲ့ပြီး ဒါကို မတော်တဆမှုအဖြစ်ဖော်ပြခဲ့ပေမဲ့ လူပေါင်းများစွာက ကိုယ့်ကိုယ်ကိုယ်သတ် သေတယ်လို့ ယူဆခဲ့သလို လုပ်ကြံခံရတယ်ဆိုတဲ့ ထင်ကြေးတွေလည်းပေါ် ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ သူကို ဟောလိဝုဒ်ရွှေခေတ်ရဲ့ အကျော်ကြားဆုံး မင်းသမီးစာရင်းမှာ နံပါတ်-၆ နေရာမှာ သတ်မှတ်ထားခဲ့တုန်းပါပဲ။ နံပါတ်တစ် ကတော့ ...
movie

[17+] Blonde (2022)

2022
Midnight at the Magnolia(2020) 6.0
Midnight at the Magnolia(2020) Midnight at the Magnolia(2020)အညွှန်း************************************IMDb...6.0ဂျက်နဲ့ မက်ဂီတို့မိသားစုက နှစ်အိမ့်တစ်အိမ်နေတယ်လို့ ပြောလို့ရပါတယ် ... အဖေချင်းက သူငယ်ချင်းအရင်းတွေဖြစ်တဲ့အပြင် မက်နိုလီယားအမည်ရ ကလပ်တစ်ခုကိုပါစပ်တူတူဖွင့်ထားလေတော့ သူတို့နှစ်ယောက်လည်း ငယ်ငယ်လေးတည်းက အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် ကြီးပြင်းလာခဲ့ကြပါတယ်...သူတို့နှစ်ယောက်လုံးရဲ့ အိပ်မက်က နိုင်ငံကျော် ရေဒီယိုအသံလွှင့်တင်ဆက်သူတွေ ဖြစ်လာဖို့ပါ... လောလောဆယ် ချီကာဂိုမြို့တွင်း ထုတ်လွှင့်တဲ့ ဝင်ဒီစီးတီးနိုးထချိန်ဆိုတဲ့အစီအစဉ်မှာ နှစ်ယောက်သား အတွဲညီညီနဲ့ တင်ဆက်နေတာပေါ့..သူတို့မှာ ဟန်တာနဲ့ ဆယ်ရီနာဆိုတဲ့ချစ်သူကိုယ်စီရှိကြသေးတယ်..နှစ်သစ်ကူးအကြိုပါတီမှာ မိသားစုနဲ့ ချစ်သူတွေကို မိတ်ဆက်ပေးတဲ့အကြောင်းထုတ်လွှင့်ပေးဖို့ နိုင်ငံကျော်ရေဒီယိုလိုင်းတစ်ခုက ကမ်းလှမ်းလာရာမှ ဘယ်လိုကမောက်ကမတွေဆက်ဖြစ်ကြမှာလဲ...မင်းမကြည့်လို့မသိတာပါ အချစ်က မင်းအနားမှာပါဆိုသလိုပါပဲ ...ဂျက်နဲ့ မာဂရက် သူတို့ရဲ့ ခံစားချက်အစစ်အမှန်တွကို  ပေါ်ထွက်လာကြမလားဆိုတာကိုတော့...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Myat Thu ပဲဖြစ်ပါတယ်...File Size :(1.53GB) and (817MB) Quality : WEB-DL 1080p ,720p Format…mp4 Duration…01:27:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat ...
movie

Midnight at the Magnolia(2020)