Channel Myanmar

Evandro Mesquita

Overhaul (2023)
Overhaul (2023)  Fast And Furious လိုမျိုးကားပြိုင်တာတွေ အက်ရှင်ဇာတ်ကြမ်းတွေပါတဲ့ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ လူတွေအတွက် ဘရာဇီးသားတွေကတစ်ကွက်ပြပြီး ရိုက်ကူးထားတဲ့ Overhaul ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဘာထူးခြားသွားလဲဆိုတော့ ဒီဇာတ်ကားထဲမှာပြိုင်တဲ့ကားတွေက အလန်းစားပြိုင်ကားတွေမဟုတ်ဘဲ ကုန်တင်ကားကြီးတွေဖြစ်ပါတယ်။ဒါပေမယ့် သူတို့ယှဉ်ပြိုင်တဲ့ ပုံတွေကိုကြည့်ရင် ထရပ်ကားပါမောင်းချင်သွားလောက်အောင်ရှယ်ကြမ်းတာကိုတွေ့ရမှာပါ။Imdb မှာ Rating နည်းပေမယ့် စာအုပ်တစ်အုပ်ကောင်းမကောင်းကိုအဖုံးကြည့်ပြီး ဆုံးဖြတ်လို့မရသလို ရုပ်ရှင်တစ်ကားကောင်းမကောင်းကိုလဲ Rating နဲ့ဆုံးဖြတ်လို့မရပါဘူး။ဇာတ်လမ်းအကျဉ်းချုပ်ကတော့အပေါ်မှာပြောသွားခဲ့တဲ့ ထရပ်ကားပြိုင်ပွဲမှာ နာမည်ကြီးတဲ့ ရော်ဂျာက အရည်အချင်းရှိပေမဲ့ ပိုက်ဆံမရှိတော့ ကားကမလိုက်နိုင်တဲ့အခါ ပြိုင်ပွဲတွေမနိုင် စပွန်ဆာတွေမရတော့ ပိုက်ဆံလည်းမရှိနဲ့ အဲ့ဒီသံသရာနဲ့လည်ပတ်နေပါတော့တယ်။အဲ့ဒီအချိန်မှာသူ့အဖေဆုံးပါးသွားခဲ့ပြီး အမွေရရှိခဲ့ပါတော့တယ်။ဒါပေမယ့် ကံဆိုးချင်တော့ရခဲ့တဲ့အမွေကလည်း အကြွေးတွေကြားထဲမှာ နှစ်နေတဲ့ကားပြင်ဆိုင်တစ်ဆိုင်ဖြစ်နေပြီးသူကပါ အဲ့ဒီအကြွေးတွေကိုဆပ်ရမဲ့ကိန်းဆိုက်လာပါတော့တယ်။ရော်ဂျာလည်းအကြွေးရှင်နဲ့ စကားသွားပြောလိုက်တဲ့အခါမှာတော့ သူ့အတွက်ကားမောင်းတဲ့အလုပ်လုပ်ပေးရင် အကြွေးတွေကြေမယ့်အပြင် သူ့အတွက်ပိုက်ဆံတွေအများကြီးရမယ်လို့ကမ်းလှမ်းလာပါတယ်။ရော်ဂျာလည်း သေမထူးနေမထူးဘဝဖြစ်နေတဲ့အတွက် အလုပ်ကိုလက်ခံခဲ့ပါတယ်။ပိုက်ဆံတွေရလာပြီး အောင်မြင်မှုတွေရလာပေမဲ့လူဆိုးတွေနဲ့ ပတ်သတ်နေတဲ့အလုပ်ဖြစ်တဲ့အတွက် မလွဲမသွေကြုံတွေ့ရမဲ့အရာတွေကိုရင်ဆိုင်လာရတဲ့အခါမှာတော့ ရော်ဂျာဘယ်လိုတွေဆက်ပြီး ရင်ဆိုင်မလဲဆိုတာကိုစိတ်ဝင်စားဖွယ်ရာရိုက်ကူးထားတာပဲဖြစ်ပါတယ်။  File size…2.46GB/ 1.14GB Quality…NF WEB-DL  1080p 5.1 CH/ 720p Format…mp4 Duration….1h 47m Genre ….. ...
movie

Overhaul (2023)