Channel Myanmar

Faisal Mohammed

Mia and the Dragon Princess (2023)
Mia and the Dragon Princess (2023)   ဒီတစ်ခါမှာတော့ Mia And The Dragon Princess ဆိုတဲ့ Live action ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားလေးကတော့ ဘားဝန်ထမ်းမလေးမီယာဟာ တစ်နေ့မှာ ပဟေဠိဆန်တဲ့မိန်းကလေးတစ်ယောက် သူတို့ဆိုင်နားမှာပုန်းနေတာကိုတွေ့လို့ကူညီပေးခဲ့ပါတယ်။ အဲ့မိန်းကလေးဟာ အင်္ဂလိပ်စကားလည်းမတတ်တာကြောင့် ပြောဆိုဆက်သွယ်ဖို့အခက်အခဲရှိနေပြီး ဘာမှလည်းမေးမရဖြစ်နေခဲ့ပါတယ် အဲ့နောက်မှာတော့ သူမကိုလိုက်ရှာတဲ့ လူမိုက်တစ်ဖွဲ့ရောက်လာပြီး သူတို့ဘားကို လာဖျက်စီးကြပါတော့တယ် အဲ့လူမိုက်တွေဟာ ဟိုးနှစ်ပေါင်းများစွာက ပင်လယ်ဓားပြမလေး ရက်ဒ်ကတ်မော်ဂန်ရဲ့ ရတနာတွေကိုလိုက်လံရှာဖွေနေကြတာပါသူတို့ရှာနေတဲ့ရတနာနဲ့ ပဟေဠိဆန်တဲ့မိန်းကလေးတို့ကဘယ်လိုပက်သက်နေတာလဲ မီယာတစ်ယောက်လည်း သူမကယ်ဆယ်ခဲ့တဲ့ ထိုမိန်းကလေးကို အဆုံးထိကယ်ဆယ်ပေးနိုင်မလား ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်... File size…(1.6 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Action, Crime, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane
movie

Mia and the Dragon Princess (2023)

The Legend of Tarzan (2016) 6.3
The Legend of Tarzan (2016) ကျွန်တော်တို့ရဲ့ ကလေးဘဝ သူရဲကောင်းကြီး တာဇံ တကျော့ပြန်လာပါပြီ။ ဒီဇာတ်ကားမှာတော့ တာဇံ ဟာ ဂျိန်းနဲ့ လက်ထပ်ပြီး သူမိဘတွေ အမွေကို ဆက်ခံပြီး အင်္ဂလန်မှာ  လူကြီးလူကောင်းတစ်ယောက်အဖြစ် နေထိုင်နေပါပြီ။ အဲဒီအချိန်မှာ ဘာလင်ကွန်ဖရင့်အပြီးမှာ ဘယ်ဂျီယံဘုရင် လီယိုပိုးဒ် ဟာ အာဖရိက ကွန်ဂိုနယ်ကို သိမ်းထားတဲ့ အချိန်ဖြစ်ပါတယ်။ ဘုရင်လီယိုပိုးဒ်ဟာ သူ့ရဲ ဒေဝါလီခံရလုနီးနီးအခြေအနေကနေ ထွက်ပေါက်ရဖို့ နည်းမျိုးစုံရှာဖွေနေပါပြီ။ ဒီဇာတ်လမ်းမှာ တာဇံနဲ့ဂျိန်းတို့ သူတို့ကြီးပြင်းလာခဲ့တဲ့  အာဖရိက ဘွန်မာ ကို ပြန်လာချိန်မှာ ဘုရင့်လူယုံ ရွမ် ရဲ့ မဟာအကြံအစည်ကြီးထဲမှာကြားညှပ်ပြီး  ဂျိန်းကို ဖမ်းဆီးခေါ်သွားခံလာရတဲ့အခါ…. ဂျွန် ကလေတန် အဖြစ် ပြောင်းလဲနေထိုင်နေခဲ့တဲ့ တာဇံဟာ သူ့ရဲ့ မူလဗီဇနဲ့  စွမ်းအားတွေကို အကုန်အသုံးချပြီး ထောင်ချီတဲ့ စစ်တပ်ကို ပြန်လည်တိုက်ထုတ်ပြီး ဂျိန်း ကို ပြန်ကယ်တင်ဖို့ ကြိုးစားလာပါတော့တယ်။  အဲဒီအတွက် ရွန်ရဲ့ စစ်သားတွေ၊ ရန်သူတော်ဟောင်းကြီး ...
movie

The Legend of Tarzan (2016)

2016
4K HEVC
Accident Man: Hitman’s Holiday (2022) 5.8
Accident Man: Hitman’s Holiday (2022) Accident Man: Hitman's Holiday (2022)2018 ခုနှစ်က ထွက်ရှိခဲ့တဲ့ Accident Man ရဲ့ ဒုတိယမြောက်ကားထွက်လာပါပြီ။ပထမကားကို မမှတ်မိဘူး ဒါမှမဟုတ် မကြည့်ရသေးသူတွေဆိုရင်လဲ ဒီဒုတိယကားကိုကြည့်လို့ဖြစ်ပါတယ်။အက်ဆီးဒန့်မန်းကတော့ သူကကြေးစားလူသတ်သမားကိုမှ သူ သတ်ရင် မတော်တဆသေသွားသလိုဒီဇိုင်းနဲ့ သတ်လို့ အဲဒီနာမည်ကိုရထားတာပါ။ ပထမကားမှာအက်ဆီးဒန့်မန်းက လန်ဒန်မှာတော်တော်မွှေခဲ့ပြီး ဒီကားမှာတော့ လန်ဒန်နဲ့ဝေးရာကိုသူအားလပ်ရက်ခရီးထွက်လာခဲ့ပါပြီ။သူက အာရှ ဥရောပ မြောက်အမေရိကတို့အားလုံးနဲ့နီးတဲ့ မောလ်တာကျွန်းမှာအေးအေးဆေးဆေးအနားယူခြေရာဖျောက်ရင်း ကြေးစားအလုပ်အနည်းငယ်ကိုလဲလုပ်တယ်ပေါ့။ဒါပေမဲ့ သူ့အတိတ်က လူတစ်ယောက် ရောက်လာပြီးနောက်မှာ မာဖီးရားဂိုဏ်းကဘွားတော်ကြီးရဲ့ခပ်ပေါပေါခပ်ချာချာသားကို ကာကွယ်ပေးဖို့ဖြစ်လာပါလေရော။ အတိတ်ကနေလွတ်ရာပြေးလာတဲ့ အက်ဆီးဒန့်မန်းတစ်ယောက် ကြေးစားကနေ ဘော်ဒီဂတ်ဖြစ်လာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာဒီကားမှာကြည့်ရမှာပါ။Comedy action ဇာတ်ကားဖြစ်တာကြောင့် ထေ့လုံးငေါ့လုံး အဆဲစုံဒိုင်ယာလော့ခ်လေးတွေပါတာရယ် အက်ရှင်နဲ့ဇာတ်လမ်းကလဲ မဆိုးတာရယ်ကြောင့် ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 1.36GB | 766MB | 418MB Format… mp4 Duration…. 1h 36min Subtitle…. ...
movie

Accident Man: Hitman’s Holiday (2022)

2022