Channel Myanmar

Fan Chengcheng

Pegasus 2 ( 2024 ) 7.3
Pegasus 2 ( 2024 ) Pegasus 1 ရဲ့အဆက်ဖြစ်ပါတယ်။ 1 ကိုလဲ CM မှာတင် ထားပေးပြီးပြီပဲဖြစ်ပါတယ်ပြိုင်ပွဲမှာမတော်တဆဖြစ်ပြီး ခြေထောက်ဒဏ်ရာရသွားတဲ့ကျန်းချေဟာ ယာဉ်မောင်းသင်တန်းဖွင့်ပြီး နည်းပြလုပ်စားနေခဲ့ရတယ်။ အလုပ်အကိုင်ကြပ်တည်းနေတဲ့အချိန်မှာ ကားစက်ရုံမှူးတစ်ယောက်က ပြိုင်ကားအဖွဲ့ဖို့ပံ့ပိုးပေးဆိုပြီး ကမ်းလှမ်းလာခဲ့တဲ့အခါ ဘတ်ဂျက်နည်းပေမယ့် သူနောက်ဆုံးပြိုင်ခဲ့တဲ့ဘရန်ဘလုခ်မှာ ပြန်သွားပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျန်းချေနဲ့ သူ့ရဲ့သူငယ်ချင်းဟောင်းစွန်းယွီချန် စက်ပြင်သမား ကျိရှင်းနဲ့အတူ ကားစက်ရုံကကားမောင်းသမားလူသစ်လေး လိရှောင်ဟိုင်နဲ့ ယာဉ်မောင်းသင်တန်းကျောင်းက တပည့်ဖြစ်တဲ့လျိုရှန်သယ်တို့ပေါင်းပြီးတော့ ရှင်းတိပြိုင်ကားအဖွဲ့ကိုဖွဲ့လိုက်ပါတယ်။ စက်ရုံမှူးကြီးက ဘတ်ဂျက်အများကြီးမပေးနိုင်တော့ ဆုရဖို့အထိမမှန်းထားပေမယ့် ဒီအဖွဲ့လေးဟာဘယ်လောက်ထိလုပ်နိုင်မလဲဆိုတာကို ပြိုင်ကားခရေဇီတွေအတွက် စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Adventure Runtime : 2h 1 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Pegasus 2 ( 2024 )

Godspeed ( 2023 ) 5.8
Godspeed ( 2023 ) ယခုတစ်ခေါက် CM ရဲ့ပရိသတ်တွေအတွက် မင်းသားချောလေး Fan Cheng Cheng နဲ့ မင်းသမီးချောလေး Zhang Jingyi တို့ရဲ့ ပေါ့ပေါ့ပါးပါးဟာသကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကုန်ကားအဖွဲ့ခေါင်းဆောင် ကျိုးတုန်းဟိုင်နဲ့ သူ့ဇနီး ဟော့မေမေတို့ဟာ ကိစ္စတချို့ကြောင့် သမီးဖြစ်သူ ကျိုးဝေးယွီနဲ့ သမီးရဲ့ရည်းစား ဝမ့်ရိဖန်နဲ့အတူ ကားမောင်းခရီးနှင်ခဲ့ပါတယ်။ လူမသိလမ်းမသိတဲ့ ခရီးကို စတင်ပြီး ကျိုးတုန်းဟိုင်ဟာ အခွင့်အရေးရတုန်း သားမက်လောင်းကို ဘက်ပေါင်းစုံကနေ စစ်ဆေးကြည့်ရှုဖို့ ဆုံးဖြတ်ထားပါတယ်။ဝမ့်ရိဖန်ကလည်း အမှားပေါင်းစုံကို လုပ်နေခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ ကျိုးတုန်းဟိုင်ရဲ့ ရန်သူကြီး ဌာနမှူးကျာရဲ့ အပန်းဖြေကားပြဿနာကြီးဖြစ်ခဲ့ပြီး ဝေးယွီရဲ့ ငယ်သူငယ်ချင်းကွမ်းကျီရဲ့ တောကြက်စံအိမ်မှာ အရက်မူးပြီး ပြဿနာကြီးဖြစ်ခဲ့ပါတယ်။လမ်းပေါ်က ဆီသူခိုးအဖွဲ့ကို ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပါသေးတယ်။ ဒီလိုရှုပ်ထွေးနေတဲ့ ခရီးလမ်းမှာ ကျိုးတုန်းဟိုင်တစ်ယောက် ဝမ့်ရိဖန်ကို သဘောကျနိုင်ပါ့မလားဆိုတာကို ဟာသလေးတွေနဲ့ ကြည့်ရှုခံစားကြရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Drama Runtime : 1h 40 min Subtitle : Myanmar Subtitle ( ...
movie

Godspeed ( 2023 )