Channel Myanmar

Fan Ming

Our New Life ( 2021 ) 6.1
Our New Life ( 2021 ) လူ့ဘဝဆိုတာ အနိမ့်အမြင့်အတက်အကျတွေရှိသလို အသက်၁၀၀မနေရသော်လည်း အမှု ၁၀၀ မကကြုံတွေ့ရတတ်ပါတယ်။ သာမန်ဘဝဖြတ်သန်းမှုတွေဟာ ရုပ်ရှင်မဆန်ပေမယ့် စိတ်ဝင်စားစရာတွေတော့ရှိနေကြပါတယ်။ ဒါဆိုရင် သာမန်လူတွေရဲ့ သာမန်ဘဝဖြတ်သန်းမှုတွေ ပြဿနာတွေအကြောင်းကို ရိုက်ကူးထားတဲ့ လက်တွေ့ဆန်တဲ့ဒီရုပ်ရှင်ကို ခံစားကြည့်လိုက်ကြရအောင်။မတူညီတဲ့ဇာတ်လမ်း၅ပုဒ်ကိုကြည့်ရှုရမှာဖြစ်ပြီး တစ်ခုစီဟာလည်း လောကမှာကြုံတွေ့ရတတ်တဲ့ပြဿနာတွေကို မီးမောင်းထိုးပြနေပြီး၊ စိတ်နှလုံးကိုနွေးထွေးစေတဲ့ အကြောင်းအရာများလည်းပါဝင်နေပါတယ်။အသက်အရွယ်အသီးသီး အလွှာအသီးသီးက လူတွေရဲ့ရုန်းကန်မှု ကြိုးစားမှု ပျော်ရွှင်မှုကိုရှာဖွေကြပုံ ဘဝနေထိုင်မှုပုံစံ တွေကိုကြည့်ရှုရင်း ပုံမှန်ဆန်စွာ ပြဿနာတွေကိုဖြေရှင်းကြပုံကို စိတ်ဝင်စားဖွယ် ငြိမ့်ငြိမ့်ညောင်းညောင်းကြည့်ရှုရမှာမို့ လူ့ဘဝ လူ့သဘာဝအကြောင်းကို ခံစားကြည့်ရှုချင်သူတွေအတွက် အေးအေးဆေးဆေးအပန်းဖြေကြည့်ရှုနိုင်မယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ [ Reviewed By Yin Wai Phyo ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 2h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Our New Life ( 2021 )

Big Three Dragons ( 2022 ) 6.2
Big Three Dragons ( 2022 ) လောင်တွမ့်ဟာ နိုင်ငံရတနာမှောင်ခိုရောင်းဝယ်မှုနဲ့ လူသတ်မှုမှာပါဝင်ပတ်သက်မိလို ထောင်ဒဏ်နှစ်၂၀ကျသွားရပါတယ် ထောင်မှပြန်ထွက်လာချိန်မှာ တစ်ချိန်ကဖြစ်ရပ်မှန်ကိုစုံစမ်းဖိုအတွက် လိမ်လည်မှု အစီအစဉ်တစ်ခုဆွဲခဲ့ပါတယ်...လောင်တွမ့်ရဲ့ဇနီးဟောင်းသုံးယောက်ကမွေးတဲ့ ဝူဝိန်.. မော့မော့နဲ့ ထန်နင်တိုဟာ ကုမ္ပဏီတစ်ခုရဲ့ငွေလိမ်လည်မှုကိုခံရသူတွေအတွက် သူတိုအဖေကို လိုက်ရှာပြီး ငွေစိုက်ပေးရန်တောင်းခံဖိုသွားတဲ့အခါ မထင်မှတ်ပဲ လောင်တွမ့်ရဲ့အစီအစဥ်ထဲပါဝင်ဖိုဖြစ်လာပါတယ်...သားအဖလေးယောက်ပူးပေါင်းပြီး ဘယ်လိုလှည့်ကွက်တွေနဲ့ငွေတွေပြန်ယူမှာလဲ... လောင်တွမ့်ကရောစီစဉ်ထားတဲ့အတိုင်းနောက်ကွယ်က ကြိုးကိုင်သူကို ရှာဖွေနိုင်ပြီး နိုင်ငံရတနာအစစ်ကိုရှာတွေ့နိုင်ပါ့မလား.... အချင်းချင်းမယုံကြည်မှုတွေ..ဖေးမမှုတွေ..အားပေးမှုတွေအပြင် ဟာသဆန်ဆန်လှည့်ကွက်များနှင့် စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Comedy Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Big Three Dragons ( 2022 )