Channel Myanmar

Fanny Ardant

American Star (2024) 5.4
American Star (2024)  အဓိက ဇာတ်ဆောင်ကတော့ အားလုံးမြင်ဖူးပြီးသားဖြစ်တဲ့John Wickထဲက ဟိုတယ်ပိုင်ရှင်ကြီး၊ Pirates of the CaribbeanထဲကCaptain Blackbeardဖြစ်တဲ့ မင်းသားကြီးIan McShaneပါ။ဒီဇာတ်ကားထဲမှာတော့ သူဟာ စစ်သားဟောင်းကြီးတစ်ဖြစ်လဲကြေးစားလူသတ်သမားလုပ်တဲ့ ဝီလ်ဆန်အဖြစ်မြင်တွေ့ရမှာပါ။'American Star'ဆိုတာက ကန်နေရီကျွန်းများထဲမှကမ်းခြေတစ်ခုမှာသောင်တင်နေတဲ့ အမေရိကန်စစ်သင်္ဘောကြီးကိုခေါ်တာပါ။ဒီသင်္ဘောကြီးကို ဒုတိယကမ္ဘာစစ်အတွင်းမှာ တိုက်ရေယာဥ်၊သယ်ပို့ယာဥ်အဖြစ် အမျိုးမျိုးအသုံးတော်ချခဲ့ပြီး စစ်ကြီးအပြီးမှာလည်းကုန်သယ်ဖို့၊ ဟိုတယ်ဖွင့်ဖို့ စတဲ့ရည်ရွယ်ချက်အမျိုးမျိုးနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ‌လက်ဆင့်ကမ်းရောင်းဝယ်ခဲ့ကြတဲ့ သင်္ဘောကြီးပါ။နောက်ဆုံးတော့ ၁၉၉၄ခုနှစ်အရောက်မှာ ဟိုတယ်ဖွင့်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဂရိကနေထိုင်းနိုင်ငံကိုပို့ဆောင်ရင်း လမ်းခုလတ်မှာမုန်တိုင်းမိပြီး ဘာမှမဆီမဆိုင်တဲ့ ဖွယ်တီဗန်တူရာကျွန်းမာသောင်တင်နေခဲ့ပါတယ်...။ ၂၀၂၂ခုနှစ်အရောက်မှာတော့ ဒီသင်္ဘောပျက်ကြီးကိုလူလုပ်သန္တာကျောက်တန်းအဖြစ်အသုံးချလိုက်တာမို့ ပင်လယ်မျက်နှာပြင်မှာလုံးဝမြင်တွေ့ရတော့မှာမဟုတ်ပါဘူး...။ဘာလို့ဒီအကြောင်းတွေပြောနေရလဲဆိုရင် ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကို ဒီသင်္ဘောနဲ့ ခိုင်းနှိုင်းပြီး ဇာတ်အိမ်တည်ထားလို့ပါပဲ...။ကြေးစားလူသတ်သမားဖြစ်တဲ့ ဝီလ်ဆန်ဟာ သူ့ရဲ့ပစ်မှတ်ကိုလုပ်ကြံဖို့အတွက် ဖွယ်တီဗန်တူရာကျွန်းကိုရောက်လာခဲ့ပါတယ်။သို့ပေမယ့် ပစ်မှတ်ဟာ အဲ့ဒီကျွန်းမှာရှိမနေခဲ့တာကြောင့် ဝီလ်ဆန်တစ်ယောက် ပစ်မှတ်အလာကိုစောင့်ရင်း ကျွန်းပေါ်မှာအချိန်ဖြုန်းဖို့ကြံခဲ့ပါတယ်။ ကျွန်းပေါ်မှာနေတဲ့ကာလအတွင်း ဝီလ်ဆန်ဟာဘယ်လိုလူတွေနဲ့ကြုံတွေ့ရမလဲ၊သူ့အလုပ်ကိုရော ပြီးမြောက်အောင်လုပ်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။ File size…1.54GB / 662MB Quality…WEB-DL 1080p5.1CH  / 720p Format…mp4 Duration….1h 47m Genre ….. ...
movie

American Star (2024)

The Palace (2023) 5.4
The Palace (2023) The Palace (2023)Black Comedy ဇာတ်ကားလေးပါ။ ရုပ်ရှင်ဝေဖန်ရေးဆရာကြီးတွေက ပျစ်ပျစ်နှစ်နှစ်ဝေဖန်တာ ခံထားရပြီး Box Office မှာလည်း ခွက်ခွက်လန်အောင် ရှုံးခဲ့တဲ့ဇာတ်ကားပါ။ဒါပေမဲ့ ဒါရိုက်တာက ရုပ်ရှင်လောကမှာ ပါရာမောင့်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ရွှေဥကြီးတစ်လုံးဖြစ်တဲ့ Rosemary's Baby ဇာတ်ကားကို မွေးထုတ်ပေးခဲ့သူ Roman Polanski ပဲဖြစ်ပါတယ်။ China Town, Macbeth, The Pianist, Oliver Twist တို့လို ဇာတ်ကားကောင်းတွေကို မွေးထုတ်ပေးခဲ့တဲ့ ဒါရိုက်တာပါ။ ဒါရိုက်တာအနေနဲ့ ငါမအိုသေးလို့ ဟစ်ကြွေးနိုင်လောက်တဲ့ ပညာစွမ်းတွေကို ဒီဇာတ်ကားမှာ ပြသွားပေမဲ့ ဇာတ်ညွှန်းကြောင့် ဒီဇာတ်ကားက ဒီလောက်ထိ အခြေအနေဆိုးသွားတာလို့ ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်လို Black Comedy ကြိုက်သူတွေအတွက်တော့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးပါ။သရုပ်ဆောင်တွေကလည်း Old but Gold လို့ ပြောလို့ရတဲ့ ထိပ်တန်းသရုပ်ဆောင်တွေ အများကြီး ...
movie

The Palace (2023)

2023
The Colors of Fire (2022)
The Colors of Fire (2022) ဒီဇာတ်ကားထဲမှာ ဘဏ်လုပ်ငန်းရှင်သူဌေးကြီးမာဆယ်ပယ်ရီကော့ရဲ့စျာပနနဲ့ ဇာတ်လမ်းကိုစတင်ခဲ့တယ်။ သူဌေးသမီး မယ်ဒလင်းက ဖခင်မရှိတော့တဲ့နောက်မှာ အားကိုးရာမဲ့သွားရာကနေ စီးပွားရေးမှာ မိတ်ဆွေရင်းတွေဆီက သစ္စာဖောက်မှုကိုခံခဲ့ရပြီး ဖခင်ဆီကရရှိခဲ့တဲ့အမွေအားလုံးဆုံးရှုံးသွားတော့တယ်။ သစ္စာဖောက်တဲ့သူတွေကလည်း မယ်ဒလင်းယုံကြည်ခဲ့ရတဲ့အနီးဆုံးလူတွေပဲဖြစ်နေခဲ့တယ်။ ဒီဖြစ်ရပ်ဆိုးတွေမဖြစ်ခင် သူဌေးကြီးပယ်ရီကော့ရဲ့စျာပနမှာကတည်းက မယ်ဒလင်းရဲ့ ၁၁နှစ်အရွယ်သားဖြစ်သူပေါလ်က အဖိုးရဲ့အခေါင်းအပေါ်ကိုခုန်ချခဲ့တယ်။ ဒီလုပ်ရပ်ကရော ဘာအတွက်ကြောင့်ဖြစ်မလဲ?ဖြစ်ရပ်ဆိုးတွေအပြီးမှာ မယ်ဒလင်းဟာ သားဖြစ်သူနဲ့အတူ သာမန်လူတန်းစားဘဝမှာ ၅နှစ်ကြာဖြတ်သန်းရင်း သူမကိုသစ္စာဖောက်ခဲ့တဲ့သူတွေရဲ့သတင်းကိုပဲ တစ်ချိန်လုံးလိုက်နေခဲ့တယ်။ နောက်ဆုံးမှာ သူမရဲ့လက်စားချေပွဲက အရာထင်မလားဆိုတာ...။ လက်စားချေဇာတ်လမ်းမျိုးဆိုပေမဲ့ tensionမများပဲ ငြိမ့်ငြိမ့်ညောင်းညောင်းပုံစံမျိုးနဲ့ တင်ဆက်ရိုက်ကူးထားတဲ့ကားမျိုးပါပဲ။ ဇာတ်လမ်းထဲမှာ မတူတဲ့ရှုထောင့်အမျိုးမျိုးနဲ့ကြည့်လို့ရတဲ့ ချစ်ခြင်းမေတ္တာဆိုင်ရာ ဇာတ်လမ်းတစ်ပုဒ်လည်းပါပါတယ်။ ဇာတ်ကားတစ်ကားလုံးခြုံပြောရရင် စိတ်ကူးယဥ်ဆန်တဲ့ဇာတ်လမ်းမျိုးတော့မဟုတ်ပဲ လူ့ဘဝထဲက လက်တွေ့ဖြစ်ပျက်တတ်တဲ့အကြောင်းအရာတွေကိုမှ ကဗျာဆန်ဆန် တင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားပါပဲ။ File size…(2.3 GB)/(900 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:15:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su ...
movie

The Colors of Fire (2022)