Channel Myanmar

Fanny Leander Bornedal

Munch (2023) 5.9
Munch (2023) The Screamဆိုတဲ့ ပန်းချီကားကို ပန်းချီစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ အင်္ကျီစတစ်ကာတွေမှာဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာပေါ်မှာပဲဖြစ်ဖြစ် မြင်ဖူးကြပါလိမ့်မယ်။ ပန်းချီကားကိုကြည့်လိုက်ရင်ပဲ အကြောက်တရားနဲ့ အထီးကျန်မှုကိုအလိုလိုခံစားလာရတာမျိုး။ဒီရုပ်ရှင်ကတော့ အထက်ပါပန်းချီကားကိုရေးဆွဲခဲ့တဲ့ ခံစားမှုရသကိုအသားပေးပုံဖော်တတ်သူ နော်ဝေပန်းချီအကျော်အမော် Edvard Munchရဲ့ ဘ၀ဇာတ်ကြောင်းကို အခြေခံပြီး အရွယ်သုံးမျိုးနဲ့ ရုပ်ရှင်တစ်ကားအဖြစ် ဖန်တီးပုံဖော်ထားတာပါ။Edvard Munchဆိုတာ ၁၉ရာစုနဲ့ ၂၀ရာစုကြားကာလမှာ အရေးအပါဆုံးပန်းချီအနုပညာရှင်တွေထဲက တစ်ယောက်ပေါ့။ သူ့ရဲ့လူငယ်ဘ၀က ပျော်ရွှင်ဖွယ်ရာမကောင်းခဲ့တဲ့ အချစ်ရေး၊ အစ်မကြီးဖြစ်သူကို ဆုံးရှုံးခဲ့ရပုံနဲ့ သူကြိုးစားအားထုတ်ထားတဲ့ ဘာလင်က အစောပိုင်းပြပွဲတစ်ခုမှာ အနုပညာရှင်အသင်းကြီးရဲ့  ပြပွဲပိတ်သိမ်းခံလိုက်ရပုံတွေ၊ နောက်ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ သူ့ဘ၀ရဲ့မြတ်နိုးရတဲ့အလုပ်ကို နာဇီတွေရန်ကနေ ကယ်တင်ခဲ့ပုံတွေကို ဇာတ်လမ်းတစ်ပုဒ်လို ဖန်တီးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.5 GB)/(782 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

Munch (2023)

Department Q:The Purity of Vengeance (2018) 7.4
Department Q:The Purity of Vengeance (2018) Genre – Crime, Mystery, Thriller IMDB – 7.4/10Q ဌာနရဲ့ ၄ မှုမြောက်နဲ့ နောက်ဆုံးကား ထပ်မံတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ဒီကားရဲ့အစမှာတော့ လူပျော်သဘောရိုး အာဆတ်တစ်ယောက်Q ဌာနကနေ တခြားဌာနကိုပြောင်းတော့မှာပါ အချိန်တစ်ပတ်ပဲကျန်ပါတော့တယ် ထုံးစံအတိုင်း ကားလ်နဲ့လည်း ရန်ကတောက်ကဆဖြစ်နေရင်းပေါ့လေ။ ဒီလိုအချိန်မှာပဲ မြို့ထဲကတိုက်ခန်းတစ်ခုမှာဆောက်လုပ်ရေးသမားတွေက လျှို့ဝှက်အခန်းတစ်ခုကိုတွေ့ခဲ့ကြပါတယ်။ အခန်းထဲမှာ ရှိနေတာက ညစာစားပွဲဝိုင်းပတ်လည်မှာ မံမီလိုမျိုး အလောင်းမပုပ်သိုးအောင်လုပ်ထားပြီးကိုယ်အင်္ဂတချို့ထုတ်ထားတဲ့ အလောင်း ၃ လောင်းပဲ ဖြစ်ပါတယ်နှစ်ပေါင်းလည်း ကြာနေလောက်ပါပြီ။ အဲဒါ Q ဌာနကိုမရောက်ပါဘူးဒါပေမဲ့ ကားလ်တစ်ယောက် အတင်းလုယူပြီး အာဆတ်လည်းဌာနမပြောင်းခင် ဒီကိစ္စကို အတူတူဖြေရှင်းဖို့ ဖြစ်လာပါတော့တယ်။ တစ်ချိန်တည်းမှာ ၁၉၆၀ ကျော်ခုနှစ်က လွမ်းမောကြေကွဲဖွယ်ဇာတ်လမ်းတစ်ပုဒ်ကိုလည်း အမှုလိုက်နေရင်း တစ်ချိန်တည်းတင်ဆက်ထားပါသေးတယ် ဘယ်လိုများ သွားချိတ်ဆက်သက်ဆိုင်မလဲပေါ့လေ။ ဒီအမှုမှာကျ အရင်လို တစ်ကိုယ်တော်တွေနဲ့ယှဉ်ဖိုက်ရတာမျိုး မဟုတ်တော့ပါဘူး ပိုပြီး ရက်စက်လာတယ်ယုတ်မာလာပြီး ထက်မြက်တဲ့ လူဆိုးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတာမျိုးပဲဖြစ်ပါတယ်။ နောက်ကွယ်မှာလည်း သမိုင်းတွင်ခဲ့တဲ့ ...
movie

Department Q:The Purity of Vengeance (2018)

The Shadow in My Eye (2022) 7.3
The Shadow in My Eye (2022) The Bombardment (or) The Shadow in My Eye (2022)======================================IMDb Rating - 7.3/10ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်တွေက ဒိန်းမတ်ကို သိမ်းပိုက်ထားခဲ့ပြီး ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၅ မတ်လ ၂၁မှာ ဗြိတိန်တော်ဝင်လေတပ်က နာဇီတွေရဲ့ လျှို့ဝှက်နိုင်ငံရေးရဲတပ်ဖွဲ့ ဂတ်စတာပိုရဲ့ ဒိန်းမတ်ဌာနချုပ်ကို ဗုံးကြဲဖို့ လုပ်ခဲ့ပါတယ်။ အဲဒီဌာနချုပ်ဟာ ကိုပင်ဟေဂင်မြို့လယ်ကြီးမှာ ရှိနေပြီး၊ ထပ်ခိုးမှာ ဂျာမနီတွေကိုတော်လှန်ဖို့ လုပ်နေတဲ့ ဒိန်းမတ်အတိုက်အခံ အဖွဲ့၀င်တွေကို ဖမ်းထားပြီး လူသားဒိုင်းကာအနေနဲ့ ထားထားပါတယ်။ ဒီဌာနချုပ်ကို ဗုံးကြဲရင် သူ့လူတွေပါ သေမှာသိပေမဲ့ ဒိန်းမတ်က ဂျာမန် တော်လှန်ရေးသမားတွေက ကြာရင် သူတို့အင်အားစုတစ်ခုလုံးကို ဂျာမန်တွေ ချေမှုန်းနိုင်တော့မှာ ဖြစ်တာကြောင့် ‌ဗြိတိန်ဘက်ကို ထပ်ခါထပ်ခါ တောင်းဆိုခဲ့ ပါတယ်။ဒီလိုနဲ့ ၁၉၄၅ မတ်လ ၂၁မှာ ဗြိတိန်တော်၀င်လေတပ်က Operation Carthage ခေါ် ဂတ်စတာပိုဌာနချုပ်ကို ဗုံးကြဲဖို့ စစ်ဆင်ရေးကို လုပ်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေး အောင်မြင်ခဲ့သလို အဖမ်းခံရတဲ့ အကျဉ်းသားတွေလည်းလွတ်လာခဲ့ပါတယ်။ သို့ပေမဲ့ ဒီစစ်ဆင်ရေးဟာ ကံဆိုးမိုးမှောင်ကျမှုကြီးတစ်ခုကိုပါ ဖြစ်ပေါ်စေခဲ့တာပါပဲ။ ဗြိတိန်တိုက်လေယာဉ်တွေဟာ ...
movie

The Shadow in My Eye (2022)

2021