Channel Myanmar

Farali Khan

Polis Evo 3 (2023) 6.9
Polis Evo 3 (2023) Polis Evo 3 (2023) IMDb - 6.9/10မလေးရှား ရုပ်ရှင်စီးရီးတွေထဲမှာ နံပါတ်တစ်နေရာယူထားတဲ့ Polis Evoရုပ်ရှင်စီးရီးရဲ့သုံးကားမြောက်ကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ ဘတ်ဂျတ်အများကြီး သုံးမထားပေမဲ့ အဆင့်အတန်းရှိရှိ ပုံဖော်ရိုက်ကူးထားတဲ့အတွက် ကားတိုင်းမှာ ရုံတင်ငွေအဆပေါင်းများစွာပြန်လည်ရရှိခဲ့တဲ့ ရုပ်ရှင်ကားကြီးတွေလည်း ဖြစ်ပါတယ်။ရှေ့နှစ်ကားမှာ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အခွီဗားရှင်းတွေ ကြည့်ရှုခံစားခဲ့ရပြီး ဒီကားမှာဆိုရင်လည်း နောက်ထပ်မစ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ အင်စပက်တာကိုင်ရဲ့ ပါတနာဟောင်း ရီဇာဆိုတဲ့လူက စစ်ဆင်ရေးတစ်ခုပြီးတဲ့နောက်ပိုင်းမှာ ရဲကနေ လူမိုက်ဖြစ်သွားခဲ့တယ်။ ဒါကို အင်စပက်တာကိုင်နဲ့ ဆာနီတို့တွေ လူမိုက်ခေါင်းဆောင်ဖြစ်သွားတဲ့ ရီဇာနဲ့ဖြေရှင်းရမှာပါ။ ရီဇာက ရဲအဖွဲ့ဝင်တွေကိုပဲ သတ်နေတော့ အဖွဲ့ဝင်ဟောင်းအတွက် ဒီတာဝန်က ကိုင့်ခေါင်းပေါ်ပဲ ရောက်လာခဲ့တယ်။ ထုံးစံအတိုင်း ကိုင်နဲ့ဆာနီတို့ နှစ်ယောက် ဘယ်လိုအလွဲတွေနဲ့ ဒီမစ်ရှင်ကို အောင်မြင်အောင် လုပ်ဆောင်သွားမလဲဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။(aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Action, Adventure, Comedy Quality…. 1080p | 720p File size… 1.6GB | 843MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator .....  aungmo3han Encoder ...
movie

Polis Evo 3 (2023)

2023
War On Terror: KL Anarchy (2023) 6.7
War On Terror: KL Anarchy (2023) War on Terror : KL Anarchy (2023)နိုင်ငံတကာက ရိုက်ကူးထားတဲ့ ရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ မီးသတ်တပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဂုဏ်ပြုဇာတ်ကားတွေရဲ့အားနည်းချက်က အရမ်းအမွှန်းတင်လွန်းတာပါပဲ။ ဘယ်လိုဖြစ်တယ် ညာလိုဖြစ်တယ် ပေါ်လစီတွေများနေတာကိုး။ ဒါပေမဲ့လဲ နိုင်ငံတိုင်းကလဲ သူတို့နိုင်ငံမှာရှိတဲ့ တပ်ဖွဲ့အသီးသီးကို အမွန်းတင်ပြီး ဂုဏ်ပြုဇာတ်ကားတွေ ရိုက်ပေးနေကြတုန်းပါပဲ။ ဒီလိုရိုက်ပေးတာကိုက သူတို့ရဲ့စိတ်ဓာတ်ကို မြင့်တင်ပေးတဲ့သဘောပါပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လူတွေက ပေါ်လစီတွေ အမွှန်းတင်တာတွေကို ကြည့်ရပါများလာတော့ သိပ်မကြိုက်ကြတော့လို့ လက်တွေ့နဲ့နီးစပ်လာတာတွေကို ပြောင်းရိုက်လာကြပါတယ်။ ဒါပေမဲ့ အနည်းကျဉ်းတော့ ပါနေကြတုန်းပါပဲ။ အဲ့လို ပေါ်လစီတွေ အမွှန်းတင်တာတွေလဲ မများဘဲ အရင်ခေတ်က ရဲအက်ရှင်ကားတွေလိုမျိုး အက်ရှင်ကြမ်းကြမ်းနဲ့ ဗီလိန်ကလည်း စောင်ငနုမဟုတ်တဲ့ အက်ရှင်ခပ်ကြမ်းကြမ်းကိုမှ ကြည့်ချင်သူတွေအတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကမှ ထွက်ရှိထားတဲ့ မလေးရှားရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း ... ကာလစ်ဆိုတဲ့ ရဲဝန်ထမ်းတစ်ယောက်ဟာ မလေးရှားအကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူပါ။ အလုပ်မှာတော်တဲ့ရဲတစ်ယောက်ဖြစ်သလို သူစိတ်ထင်ရာကိုလုပ်တတ်တဲ့သူမို့လဲ အဖွဲ့ခေါင်းကကြည့်မရတဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့ခန့်မှန်းချက်တွေက အမြဲမှန်နေတတ်လို့ တပ်ဖွဲ့ကနေလဲ စွန့်လွှတ်လို့မရတဲ့သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့မလေးရှားနိုင်ငံက လက်နက်ကုမ္ပဏီတစ်ခုရဲ့ လက်နက်နဲ့ဖောက်ခွဲရေးပစ္စည်းတွေကို တင်ပို့လာတဲ့ရထားကို ဓားပြတိုက်သွားပြီး လက်နက်ပစ္စည်းတွေအများပြားပျောက်ဆုံးပြီး ရထားပေါ်မှခရီးသည်တွေသေကြေထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ပျောက်ဆုံးသွားတဲ့ ...
movie

War On Terror: KL Anarchy (2023)

2023
The Assistant (2022)
The Assistant (2022)  ဒီနေ့မှာတော့ ရှင်းရှင်းလေးနဲ့လှည့်သွားတဲ့ ဖိုက်တင်ခန်းများများနဲ့ မလေးရှားအက်ရှင်ဇာတ်ကားလေးမိတ်ဆက်ပေးမှာဖြစ်ပါတယ်သူများချောက်ချတာခံရလို့ ဆယ်နှစ်ကြာ အပြစ်မရှိပဲထောင်ထဲနေလိုက်ရတဲ့ ဇဖစ်၊ အထဲရောက်ပြီး နှစ်နှစ်အကြာမှာတော့ အပြင်မှာကျန်ခဲ့တဲ့ မိန်းမနဲ့သားက တရားခံမပေါ်ပဲအသတ်ခံလိုက်ရတာသိသွားလိုက်ချိန်မှာ ကမ္ဘာပျက်မတက်…. ။နောက်ထပ်ရှစ်နှစ်ကျော်ကြာ၊ ရက်တွေပြည့်တဲ့အထိနေရင်း အိမ်ကိုပြန်ရောက်တဲ့တနေ့ကျ ဖယ်ရို့စ်နဲ့ မထင်မှတ်ပဲဆုံမိရာကနေအတွဲညီပြီး မိသားစုကို သတ်သွားတဲ့ တရားခံရှာပုံတော်စဖွင့်ပါတယ်။ ရှာတုန်းဖွေတုန်းမှာပဲ ဇဖစ်တို့ သူတို့ကိုယ်တိုင်မသိလိုက်ခင် မြို့ရဲ့ အကြမ်းဆုံးလူမိုက်ဂိုဏ်းနဲ့ သွားပတ်သတ်မိချိန်မှာတော့….ဘာဆက်ဖြစ်မလဲဆိုတာက‌တော့ ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားလိုက်ကြပါဦးလို့....... File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre...Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia 
movie

The Assistant (2022)

VII XII (Tujuh-Dua Belas) (2023)
VII XII (Tujuh-Dua Belas) (2023) ဒီတစ်ခါမှာတော့ Action, Adventure, Crime movie လေးတစ်ခု တင်ဆက်ပေးမှာဖြစ်ပါတယ် ဒီဇာတ်ကားလေးကဝောာ့ မလေးရှားမှာ ကလေး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ရောင်းဝယ်တဲ့အဖွဲ့ သောင်းကျန်းနေတဲ့အချိန်ကို ရိုက်ကူးထားတာဖြစ်ပါတယ် အဒမ်ဆိုတဲ့ကောင်လေးဟာ အဖေရော အမေရော တစ်ခါတည်း ဆုံးရှုံးလိုက်ရပါတယ် သူ့အဖေရဲ့ သေတမ်းစာအရ သူဟာ အ‌မွေတွေအကုန်လုံးကိုရရှိသွားပြီး သူ 18 နှစ်မပြည့်ခင်အထိ သူ့ဒေါ်လေး ဆာဖီယာရဲ့ အစောင့်အရှောက်အောက်မှာနေရမှာပါတစ်ရက်မှာတော့ အဒမ်တစ်ယောက် လမ်းမှာ လူဆိုးတွေပြန်ပေးဆွဲခံလိုက်ရတဲ့အပြင် ဆာဖီယာကိုလည်း ရဲတိုင်ရင် အဒမ်သေမယ်လို့ ခြိမ်းခြောက်သွားပါသေးတယ် သူ့အဒေါ် ဆာဖီယာဟာဆိုရင်လည်း သာမာန်လူတစ်ယောက်တော့မဟုတ်ပါဘူး ကိုယ်ခံပညာရှင် အားကစားသမားတစ်ယောက်ပါ ဒီလိုနဲ့ ဆာဖီယာတစ်ယောက် ပြန်ပေးဆွဲသမားတွေလက်ထဲက တူလေး အဒမ်ကို လိုက်ကယ်ပါတော့တယ် သူ့ရဲ့တူလေးကို ကယ်တင်နိုင်သွားမှာလား ဆာဖီယာတစ်ယောက် ဘယ်လို‌အခက်အခဲတွေကြုံလာရမလဲဆိုတာကတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ File size…(1.3 GB)/(726 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

VII XII (Tujuh-Dua Belas) (2023)

The Assistant (2022) 6.2
The Assistant (2022) The Assistant (2022)အသစ်ထွက်ထားတဲ့ Action /Thriller ကားလေးပါ။ဇာတ်လမ်းက Zafil တစ်ယောက် ထောင်က လွတ်လာရာက စပါတယ်။ သူက အမှုတခုနဲ့ ထောင်၁၀နှစ်ကျခဲ့တာပါ။ထောင်ထွက်ထွက်ချင်းမှာပဲ သူ အရင်နေခဲ့တဲ့ အိမ်ကို သွားပါတယ်။ ဝမ်းနည်းစရာက သူထောင်ကျနေတုန်းမှာ သူ့ရဲ့ မိန်းမနဲ့ သားလေးက အသတ်ခံလိုက်ရပါတယ်။ ဒါပေမဲ့ အဲ့ဒီမှာ လူတစ်ယောက်နဲ့တွေ့ပြီး သူ့မိန်းမနဲ့ကလေး အတွက် ကလဲ့စားချေဖို့လမ်းစရသွားပါတယ်။Zafil ရဲ့ မိန်းမနဲ့ကလေးကို ဘယ်သူက သတ်တာလဲ? နောက်ကွယ်မှာ ဘယ်သူတွေပါနေမလဲ? သူ့ရဲ့ ကလဲ့စားချေမဲ့ ခရီးစဉ်ကြီးကကော ဘယ်လိုဆက်ဖြစ်မလဲ? ဆိုတာတော့ ဆက်ပြီး ကြည့်လိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။)File Size : 1.9GB, 820MB, 412MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr ...
movie

The Assistant (2022)

2022