Channel Myanmar

Farid Currim

Flight(2021) 8.0
Flight(2021) Flight(2021) အညွှန်း********************IMDb...8.0 ရန်ဗီးမနိုးသရားဟာ အိန္ဒိယရဲ့ နာမည်ကျော်လေယာဉ်တည်ဆောက်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Adityaraj Aviations ရဲ့ MD တစ်ယောက်ဖြစ်ပြီး လတ်တလောဖြစ်ပွားခဲ့တဲ့လေယာဉ်ပျက်ကျမှုတစ်ခုကြောင့်ကုမ္ပဏီဟာ ဘက်ပေါင်းစုံက ထိုးနှက်တိုက်ခိုက်မှုတွေကြုံနေရချိန်ဖြစ်ပါတယ်။ဒီကိစ္စကို သူကိုယ်တိုင်စုံစမ်းမိချိန်မှာ ဈေးပေါပေါနဲ့တင်သွင်းထားတဲ့အစိတ်အပိုင်းတွေကြောင့်ဆိုတာ သိရှိသွားပြီးနောက် သတင်းစာရှင်းလင်းပွဲအတွက်ကိုယ်ပိုင်လေယာဉ်နဲ့ဒူဘိုင်းကိုထွက်လာခဲ့ပါတယ်။လေယာဉ်ပေါ်ရောက်တဲ့ခဏ အရက်တစ်ခွက်နဲ့အတူမှေးကနဲဖြစ်သွားပြီးသူပြန်နိုးလာတဲ့အချိန်မှာတော့ လေယာဉ်တစ်ခုလုံးဟာ ဖရိုဖရဲဖြစ်နေပြီး လေယာဉ်မယ်လေးနှစ်ယောက်သေဆုံးနေတာကိုတွေ့လိုက်ရတဲ့အပြင်၊ပြင်ပကမ္ဘာလောကကြီး တစ်ခုလုံးနဲ့ပါ အဆက်အသွယ်ပြတ်တောက်နေပြီးတော့ လေယာဉ်ဟာမောင်းသူမရှိပဲပျံသန်းနေတာကို တွေ့လိုက်ရတဲ့အခါ..။ ဒီကိစ္စဟာ လေယာဉ်ပြန်ပေးမှုလား၊ ဒါမှမဟုတ် တစ်စုံတစ်ဦးက သူ့အပေါ်မလိုမုန်းထားမှုနဲ့အကောက်ကြံခဲ့တာဖြစ်မလား၊သူ့ကိုလုပ်ကြံချင်တာ ဆိုရင်လဲ အပြစ်မဲ့လေယာဉ်မယ်နှစ်ယောက်ကိုသတ်သွားပြီး သူ့ကိုချန်ထားခဲ့တဲ့ ကိစ္စရဲ့နောက်ကွယ်မှာဘယ်လိုအကြောင်းချင်းရာတွေရှိမလဲ၊ စတဲ့ ပဟေဠိတွေများစွာကို အကူအညီမဲ့ တစ်ယောက်တည်းဖြေရှင်းရပါတော့မယ်။Flight ဟာလှည့်ကွက်တွေ အချိုးအကွေ့တွေ စွန့်စားခန်းတွေနဲ့ ရင်မသည်းဖိုကြည့်ရှုရမယ့် action/thiriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Alias ပဲဖြစ်ပါတယ်...    File Size : (2.16GB)(1.04GB) &(303MB) Quality :Web-Dl 1080p ,720p Format…mp4 Duration…01:56:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Alias Encoded by Phyo Pyae
movie

Flight(2021)